• Follow Us on

Home အမေရိကန်နိုင်ငံနှင့် ပိုမိုခိုင်မာသည့် ဆက်ဆံရေးတည်ဆောက်ရန် ဂျပန်ဝန်ကြီးချုပ် ဆူဂါ လိုလား

အမေရိကန်နိုင်ငံနှင့် ပိုမိုခိုင်မာသည့် ဆက်ဆံရေးတည်ဆောက်ရန် ဂျပန်ဝန်ကြီးချုပ် ဆူဂါ လိုလား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်အဖြစ် ခိုင်မာစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ် များအတွက် အမေရိကန်သမ္မတသစ်နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ရန် မျှော်လင့်နေကြောင်း ဂျပန်ဝန်ကြီး ချုပ် ဆူဂါက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းကို ကြိုဆိုကြောင်း သတင်း ထောက်များကို ဆူဂါက ယနေ့၌ ပြောကြားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတ ကာမာလာဟားရစ်တို့ ရွေးကောက်ခံရခြင်းကို ချီးကျူးဂုဏ်ပြုကြောင်း ဆူဂါ က ပြောကြားခဲ့သည်။

စည်းလုံးညီညွှတ်မှုရှိရန် တောင်းဆိုလိုက်သော ဂျိုးဘိုင်ဒင်၏အဖွင့်အမှာစကားက ကမ္ဘာကြီးအတွက် အင်မတန် အရေးကြီးသော သတင်းစကားတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမ္မတသစ် ဂျိုးဘိုင်ဒင်နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးရန် စီစဉ်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဆူဂါက ပြောကြားခဲ့ သည်။

ကိုးကား – အန်အိတ်ချ်ကေ

Ref; Suga to work with Biden for stronger alliance

#PeopleMedia

(unicode)
………………………………………………………….








Ref; Suga to work with Biden for stronger alliance

#PeopleMedia


Share this post