• Follow Us on

Home အမေရိကန်နိုင်ငံ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးကိစ္စရပ်များကို ကုလသမဂ္ဂ၌ ဖြေရှင်းမည်

အမေရိကန်နိုင်ငံ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးကိစ္စရပ်များကို ကုလသမဂ္ဂ၌ ဖြေရှင်းမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

အမေရိကန်နိုင်ငံက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှတစ်ဆင့် တရုတ်နိုင်ငံရှိ လူ့အခွင့်အရေးပြဿနာ များ ဖြေရှင်းရန် ပြောကြားသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနဘလင်ကန်က ပြောကြားသည်။

 

ယမန်နေ့ကပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးသို့ပေးပို့သည့် ရုပ်သံမတ် ဆေ့ဂျ်တစ်ခုအတွင်း ဘလင်ကန်က ထိုသို့ကတိပြုခဲ့ခြင်းဖြစ်သည်။

 

သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက် ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်တွင် အမေရိကန်နိုင်ငံက ယခုလအတွင်း လေ့လာသူအဖြစ် အဆိုပါကောင်စီသို့ ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

 

လာမည့်နှစ်တွင်စတင်မည့် သက်တမ်းအတွက် အမေရိကန်နိုင်ငံက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ နေရာတစ်နေရာရရှိရေး ကြိုးပမ်းမည်ဟု ၎င်းက ပြောသည်။

 

ရှင်းကျန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ယုတ်မာမှုများ ကျူးလွန်ခံရသည့်အခါ သို့မဟုတ် ဟောင်ကောင်၌ အခြေ ခံလွတ်လပ်ခွင့်များ ပျက်သုဉ်းသွားသည့်အခါ ကမ္ဘာ့တန်ဖိုးများ အမေရိကန်နိုင်ငံက ထုတ်ဖော်ပြောမည်ဟု သူ က ဆိုသည်။

 

အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်နီအား ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် ဘလင်ကန်က ရု ရှားအစိုးရထံ တောင်းဆိုခဲ့သည်။ အဆိုးရွားဆုံး လူ့အခွင့်အရေးမှတ်တမ်းရှိသည့်နိုင်ငံများက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် မဖြစ်သင့်ကြောင်း ၎င်းကဆိုသည်။

 

အမေရိကန်နိုင်ငံက နိုင်ငံခြားရေးမူဝါဒတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အဓိက သတ်မှတ်ထားပြီး သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်၏ “အမေရိက ပထမ” မူဝါဒမှ ပြောင်းလဲပြီဖြစ်ကာ တရုတ်၊ ရုရှားပါဝင်သော ကိစ္စ ရပ်များဖြေရှင်းရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပြန်လည်ဆောင်ရွက်ပြီဟု ဘလင်ကန်က ပြောသည်။

 

ကိုးကား – အန်အိတ်ချ်ကေ

 

Ref; US to address China’s human rights issues at UN

 

#PeopleMedia

 

(unicode)

………………………………………………………….










Ref; US to address China’s human rights issues at UN

#PeopleMedia


Share this post