• Follow Us on

Home အမေရိကန်ပုလဲဆိပ်ကမ်း စစ်အခြေစိုက်စခန်း၌ ပစ်ခတ်မှုဖြစ်ပွားချိန် အိန္ဒိယလေတပ်ဦးစီးချုပ်နှင့် လေတပ်အရာရှိများရှိနေ


Share this post

အမေရိကန်နိုင်ငံက သမိုင်းဝင်ပုလဲဆိပ်ကမ်း စစ်အခြေစိုက်စခန်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် အိန္ဒိယလေတပ်ဦးစီး အဖွဲ့ဝင်အရာရှိတွေဟာ အခင်းဖြစ်ရာမှာရှိနေခဲ့ပါတယ်။






Ref; indiatoday


(Unicode)
အမေရိကန်ပုလဲဆိပ်ကမ်း စစ်အခြေစိုက်စခန်း၌ ပစ်ခတ်မှုဖြစ်ပွားချိန် အိန္ဒိယလေတပ်ဦးစီးချုပ်နှင့် လေတပ်အရာရှိများရှိနေ
……………………………………………………………

အမေရိကန်နိုင်ငံက သမိုင်းဝင်ပုလဲဆိပ်ကမ်း စစ်အခြေစိုက်စခန်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် အိန္ဒိယလေတပ်ဦးစီး နှင့် အဖွဲ့ဝင်အရာရှိတွေဟာ အခင်းဖြစ်ရာမှာရှိနေခဲ့ပါတယ်။

အခုဖြစ်ရပ်မှာ လူ ၃ ဦးသေနတ်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးက အရေးပေါ်အခြေအနေမှာရှိနေပါတယ်။

အိန္ဒိယလေတပ်အရာရှိအဖွဲ့ဝင်တွေထဲမှာ ဒဏ်ရာရရှိသူမရှိခဲ့ပါဘူး။

အိန္ဒိယလေတပ် စစ်ဦးစီးချုပ် မာရှယ်အာလ်ကေအက်စ် ဘာဒူရီရာဟာ ပစိဖိတ်ရေတပ်အကြီးအကဲများအစည်း အဝေး(PACS-2019) ကို တက်ရောက်ဖို့အတွက် ဟာဝိုင်ယီကို အလည်အပတ်ရောက်ရှိနေတာလို့သိရပါတယ်။

အခင်းဖြစ်ရပ်မှာ ဒဏ်ရာရသူ ၃ ဦးဟာ အရပ်ဘက်ဝန်ထမ်းတွေဖြစ်တယ်လို့သိရပြီး ပစ်ခတ်ခဲ့တဲ့ အမေရိကန် ရေတပ်အမှုထမ်းဟာ ကိုယ့်ကိုယ်ကို ပြန်လည်ပစ်ခတ်ပြီး သေကြောင်းကြံစည်ခဲ့တယ်လို့ သိရပါတယ်။

အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိခဲ့ပါဘူး။

Ref; indiatoday

#PeopleMedia #International

နှင့်


Share this post