• Follow Us on

Home အေမရိကန္ဖိအား႐ွိေနခ်ိန္မွာ ဗင္နီဇြဲလားနဲ႔ ႐ု႐ွားဆက္ဆံေရးႁမွင့္တင္မယ္

အေမရိကန္ဖိအား႐ွိေနခ်ိန္မွာ ဗင္နီဇြဲလားနဲ႔ ႐ု႐ွားဆက္ဆံေရးႁမွင့္တင္မယ္

Share this post

ကရာကတ္စ္၊ ေဖေဖာ္ဝါရီ ၈

အေမရိကန္ဖိအားေတြမ်ားေနေပမဲ့ ဗင္နီဇြဲလားႏိုင္ငံကိုကူညီဖို႔ စစ္ေရးနဲ႔ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈေတြ တိုးႁမွင့္သြားမယ္လို႔ ႐ု႐ွားက ကတိျပဳခဲ့ပါတယ္။ ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုနဲ႔ ႐ု႐ွားႏိုင္ငံျခားေရး ၀န္ႀကီးဆာေဂး လာေရာ့ဗ္တို႔ ဗင္နီဇြဲလားႏိုင္ငံၿမိဳ႕ေတာ္ကရာကတ္စ္မွာ ေတြ႕ဆံုစဥ္ လာေရာ့ဗ္က မွတ္ခ်က္ျပဳ လိုက္တာပါ။

အင္အားသံုးၿပီး မာဒူူ႐ိုအစိုးရကိုဖယ္႐ွားဖို႔ ဘယ္လိုႀကိဳးစားမႈမ်ိဳးကမွ လက္ခံႏိုင္စရာမ႐ွိဘူးလို႔ လာေရာ့ဗ္ကေျပာ ပါတယ္။ မာဒူ႐ိုဟာ အက်င့္ပ်က္ျခစားၿပီး ရက္စက္တဲ့အာဏာ႐ွင္ႏိုင္ငံျဖစ္ဖို႔ဦးတည္ေနတယ္လို႔ အေမရိကန္က စြပ္စြဲထားပါတယ္။

အက်င့္ပ်က္ျခစားေနတဲ့အရာ႐ွိေတြကို ကမာၻတစ္၀န္းပို႔ေဆာင္ေပးလို႔ဆိုၿပီး ဗင္နီဇြဲလားအစိုးရေလေၾကာင္းလိုင္း ကြန္ဗီယာဆာကို ေသာၾကာေန႔အေစာပိုင္းမွာ အေမရိကန္ကပိတ္ဆို႔အေရးယူမႈေတြလုပ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ မွာ သူ႔ကိုယ္သူယာယီသမၼတလို႔ ေၾကညာခဲ့တဲ့အတိုက္အခံေခါင္းေဆာင္ဟြမ္ ဂြိဳင္ဒိုကို အေမရိကန္က ေထာက္ ခံေနတာပါ။

အခုတစ္ပတ္မွာ အေမရိကန္သမၼတေဒၚနယ္ ထရမ့္ရဲ႕ႏိုင္ငံေတာ္အေျချပမိန္႔ခြန္းမွာလည္း ဂြိဳင္ဒိုကို အထူး ပုဂၢိဳလ္အေနနဲ႔ထည့္သြင္းေျပာခဲ့ပါတယ္။

Source – BBC

Photo – Russia Ministry of Foreign Affairs

#PeopleMedia #Russia #Venezuela #BilateralTies #USA

(Unicode)
အမေရိကန်ဖိအားရှိနေချိန်မှာ ဗင်နီဇွဲလားနဲ့ ရုရှားဆက်ဆံရေးမြှင့်တင်မယ်
………………………………………………………

ကရာကတ်စ်၊ ဖေဖော်ဝါရီ ၈

အမေရိကန်ဖိအားတွေများနေပေမဲ့ ဗင်နီဇွဲလားနိုင်ငံကိုကူညီဖို့ စစ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ်လို့ ရုရှားက ကတိပြုခဲ့ပါတယ်။ ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုနဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဆာဂေး လာရော့ဗ်တို့ ဗင်နီဇွဲလားနိုင်ငံမြို့တော်ကရာကတ်စ်မှာ တွေ့ဆုံစဉ် လာရော့ဗ်က မှတ်ချက်ပြု လိုက်တာပါ။

အင်အားသုံးပြီး မာဒူရိုအစိုးရကိုဖယ်ရှားဖို့ ဘယ်လိုကြိုးစားမှုမျိုးကမှ လက်ခံနိုင်စရာမရှိဘူးလို့ လာရော့ဗ်ကပြော ပါတယ်။ မာဒူရိုဟာ အကျင့်ပျက်ခြစားပြီး ရက်စက်တဲ့အာဏာရှင်နိုင်ငံဖြစ်ဖို့ဦးတည်နေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

အကျင့်ပျက်ခြစားနေတဲ့အရာရှိတွေကို ကမ္ဘာတစ်ဝန်းပို့ဆောင်ပေးလို့ဆိုပြီး ဗင်နီဇွဲလားအစိုးရလေကြောင်းလိုင်း ကွန်ဗီယာဆာကို သောကြာနေ့အစောပိုင်းမှာ အမေရိကန်ကပိတ်ဆို့အရေးယူမှုတွေလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် မှာ သူ့ကိုယ်သူယာယီသမ္မတလို့ ကြေညာခဲ့တဲ့အတိုက်အခံခေါင်းဆောင်ဟွမ် ဂွိုင်ဒိုကို အမေရိကန်က ထောက် ခံနေတာပါ။

အခုတစ်ပတ်မှာ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ရဲ့နိုင်ငံတော်အခြေပြမိန့်ခွန်းမှာလည်း ဂွိုင်ဒိုကို အထူး ပုဂ္ဂိုလ်အနေနဲ့ထည့်သွင်းပြောခဲ့ပါတယ်။

Source – BBC

Photo – Russia Ministry of Foreign Affairs

#PeopleMedia #Russia #Venezuela #BilateralTies #USA


Share this post