• Follow Us on

Home အမေရိကန်ဖျက်သင်္ဘောအသစ်တစ်စီး ဂျပန်နိုင်ငံရှိ အမှတ် ၇ ရေယာဉ်အုပ်သို့ လာရောက်ပူးပေါင်း

အမေရိကန်ဖျက်သင်္ဘောအသစ်တစ်စီး ဂျပန်နိုင်ငံရှိ အမှတ် ၇ ရေယာဉ်အုပ်သို့ လာရောက်ပူးပေါင်း

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၄ (People Media)

 

အမေရိကန်ရေတပ်မှ USS Ralph Johnson ဖျက်သင်္ဘောသည် အမေရိကန်ပြည်ထောင်စုမှ သုံးပတ်ကြာနီးပါး ခုတ်မောင်းလာရာ အောက်တိုဘာလ ၄ ရက်နေ့တွင် ဂျပန်နိုင်ငံ ယိုကိုဆူကာရေတပ်အခြေစိုက်စခန်းသို့ ဆိုက် ရောက်လာခဲ့သည်။

 

ပဲ့ထိန်းဒုံးကျည်များတပ်ဆင်ထားသည့် ဖျက်သင်္ဘော USS Ralph Johnson သည်  နံနက် ၁၀ နာရီတွင် ဆိုက် ရောက်လာပြီး ရေတပ်အရာရှိ/စစ်သည် ၁၀၀ ကျော်ပါဝင်ကြောင်းသိရသည်။ ဖျက်သင်္ဘော USS Ralph Johnson သည်  ဝါရှင်တန်ပြည်နယ် အဲဗားရက်ရေတပ်စခန်းမှ စက်တင်ဘာလ ၁၅ ရက်နေ့က ထွက်ခွာလာခဲ့ ခြင်းဖြစ်သည်။

 

“USS Ralph Johnson ဟာ အမေရိကန်ရေတပ်မှာရှိတဲ့ ဖျက်သင်္ဘောတွေထဲက နောက်ဆုံးပေါ် အဆင့်မြင့် ဖျက်သင်္ဘောသစ်တစ်စီးပါ။ ဒီဖျက်သင်္ဘောဟာ ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ပင်လယ်ပြင်လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ကျွန်တော်တို့ရဲ့ ခိုင်မြဲတဲ့ကတိကဝတ်တွေကို သရုပ်ပြ လိုက်တာပဲဖြစ်ပါတယ်။” ဟု အမှတ် ၁၅ ဖျက်သင်္ဘောအုပ်စု၏ အကြီးအကဲဖြစ်သူ ကပ္ပတိန်ချက်စ်ဆာဂျန့်က  ရေတပ်သတင်းထုတ်ပြန်မှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

USS Ralph Johnson ဖျက်သင်္ဘောသည် ဇွန်လအတွင်းက ဂျပန်နိုင်ငံ ယိုကိုဆူကာရေတပ်အခြေစိုက်စခန်းမှ အမေရိကန် နိုင်ငံ ဆန်ဒီယာဂိုသို့ထွက်ခွာသွားသော USS Mustin ဖျက်သင်္ဘောကို အစားထိုးရန် ရောက်ရှိလာ ခြင်းဖြစ်သည်။

 

၂၀၁၈ ခုနှစ် မတ်လမှစ၍ တာဝန်ထမ်းဆောင်သည့် USS Ralph Johnson ဖျက်သင်္ဘောသည် Aegis Combat System ထဲမှ နောက်ဆုံးပေါ်စစ်သင်္ဘောတစ်စီးဖြစ်သည်။ အဆိုပါ ပဲ့ထိန်းဒုံကျည်တပ် ဖျက်သင်္ဘောများသည် အမှတ် ၇ ရေယာဉ်အုပ်ကိုအားဖြည့်သွားမည်ဖြစ်ကြောင်း အမှုဆောင်အရာရှိအီဆာရစ်အင်ဖန်တီကပြောသည်။

 

“ဒီဖျက်သင်္ဘောက အဆင့်မြှင့်တင်ထားတဲ့ ဖျက်သင်္ဘောဖြစ်ပါတယ်။ ဒုံးကျည်ကာကွယ်ရေးနဲ့ပတ်သက်ပြီး လုပ် ဆောင်ရတဲ့အခါမှာ တခြားဖျက်သင်္ဘောတွေနဲ့ မတူကွဲပြားတဲ့စွမ်းရည်တွေ ရှိပါတယ်။” ဟု ၎င်းကပြောသည်။

 

Baseline 9 system လက်နက်စနစ်ကို ၂၀၁၅ ခုနှစ်အတွင်းကတပ်ဆင်ခဲ့ခြင်းဖြစ်ပြီး အဝေးထိန်းစနစ်ဖြင့် ပစ် ခတ်နိုင်သည့်အပြင် ပစ်မှတ်ရှာဖွေဖော်ထုတ်ရာတွင်လည်းကောင်း၊ ပိုမိုခေတ်မီသောအဆင့်မြင့်ခြိမ်းခြောက်မှု များကိုရင်ဆိုင်ရာတွင်လည်း စွမ်းဆောင်ရည်ပိုမိုကောင်းမွန်သည်။ ဖေဖော်ဝါရီလအတွင်းက လာရောက်ပူးပေါင်း ခဲ့သည့် USS Rafael Peralta ဖျက်သင်္ဘောတွင်လည်း Baseline 9 system လက်နက်စနစ် တပ်ဆင်ထား သည်။

 

USS Ralph Johnson ဖျက်သင်္ဘောသည် လွန်ခဲ့သည့်သီတင်းပတ်များအတွင်း မြောက်ကိုရီးယားနိုင်ငံက ဒုံး ကျည်များစမ်းသပ်ပစ်ခတ်ပြီးနောက်တွင် ယခုကဲ့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားဒုံးကျည် ပစ်ခတ်မှုတွင် တာတိုပစ်ဟိုက်ပါဆောနစ်ဒုံးကျည်များ၊ တာဝေးပစ်ခရုစ်ဒုံးကျည်များ၊ လေယာဉ်ပစ်ဒုံးကျည်များ ပါဝင်ကြောင်းသိရသည်။

 

Ref: One of the Navy’s ‘newest and most capable’ destroyers joins 7th Fleet in Japan

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: One of the Navy’s ‘newest and most capable’ destroyers joins 7th Fleet in Japan

 

#PeopleMedia


Share this post