• Follow Us on

Home အမေရိကန်မရိန်းတပ်ဖွဲ့က သင်္ဘောဖျက်ဒုံးကျည်အသစ် စမ်းသပ်ပစ်လွှတ်

အမေရိကန်မရိန်းတပ်ဖွဲ့က သင်္ဘောဖျက်ဒုံးကျည်အသစ် စမ်းသပ်ပစ်လွှတ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၉ (People Media)

 

အမေရိကန်မရိန်းတပ်ဖွဲ့သည် တနင်္ဂနွေနေ့ကပြုလုပ်ခဲ့သော Large Scale Exercise 2021 စစ်ရေးလေ့ကျင့်မှု တွင် သင်္ဘောဖျက်ဒုံးကျည်စနစ်သစ်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။

 

ရေတပ်မရိန်း ပင်လယ်ရပ်ခြား သင်္ဘောများတားမြစ်ခြင်းစနစ် Navy Marine Expeditionary Ship Interdiction System (NMESIS) ကိုအသုံးပြ၍ ဟာဝိုင်အီကျွန်း၊ ကဝိုင်ကမ်းရိုးတန်းအနီးရှိ ကမ်းဝေးပင်လယ် ပြင်ရှိ အသုံးမပြုတော့သောသင်္ဘောတစ်စီးကို သင်္ဘောဖျက်ဒုံးကျည် ထိမှန်ခဲ့ကြောင်းသိရသည်။

 

သင်္ဘောဖျက်ဒုံးကျည်သစ် ပစ်ခတ်လေ့ကျင့်မှုသည် မရိန်းတပ်ဖွဲ့ဝင်များနှင့် ရေတပ်စစ်သည်များ ရင်ဆိုင်ကြရ မည့် စစ်မြေပြင်စိန်ခေါ်မှုများကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း မရိန်းတပ်ဖွဲ့စနစ်ကွပ်ကဲမှုဌာနချုပ်၏အကြီးအကဲ ဗိုလ်မှှူးချုပ် အေဂျေပါဆာဂျီယန်ကပြောသည်။

 

စစ်ရေးလေ့ကျင့်မှုတွင် သင်္ဘောဖျက်ဒုံးကျည်သစ်၏ ပစ်မှတ်ကိုဖျက်ဆီးနိုင်စွမ်းနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် ရေတပ်၏စွမ်းအင်တို့ကို ထုတ်ဖော်ပြသသွားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

 

ပင်လယ်ပြင်နှင့် မြေပြင်ရှိ ကြီးမားသောပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးပစ်ရန် ပုံစံရေးဆွဲထားသည့် NSM သင်္ဘောဖျက်ဒုံးကျည်သစ်ကို Oshkosh Defense က ထုတ်လုပ်ထားခြင်းဖြစ်ပြီး ရေတပ်မရိန်း ပင်လယ်ရပ်ခြား သင်္ဘောများတားမြစ်ခြင်းစနစ် Navy Marine Expeditionary Ship Interdiction System (NMESIS) ကို အ သုံးပြုထားသည်။ ပေါ့ပါးစွာပေါင်းစပ်ထားသော နည်းဗျူဟာမြောက်ဖရိန်နှင့် ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်အပါအ ဝင် သင်္ဘောဖျက်ဒုံးကျည်သစ်တွင် ပွဲတွေ့စနစ်များပါဝင်ဖွဲ့စည်းထားသည်။

 

လတ်တလောပြုလုပ်ခဲ့သည့် ရေတပ်စစ်ရေးလေ့ကျင့်မှုသည် သင်္ဘောဖျက်ဒုံးကျည် ကိုင်တွယ်ပစ်ခတ်နေတဲ့ တပ်ဖွဲ့များအတွက် အလွန်အကျိုးရှိကြောင်းမှတ်ချက်ပြုပြောကြားရင်း ဒုံးကျည်ထုတ်လုပ်ပစ်ခတ်မှုမှာ အလျင် အမြန်တိုးတက်လာကြောင်း မရိန်းတာဝေးပစ်ခတ်မှုပရိုဂရမ်မန်နေဂျာ ဂျိုးမက်ခ်ဖာဆန်ကပြောသည်။ “ဒီအ ပတ်ကတော့ တကယ့်ကိုအောင်မြင်မှုရတဲ့သီတင်းပတ်ပါပဲ။ ပစ်မှတ်ကိုထိမှန်ခဲ့တဲ့ ပစ်ခတ်မှုနှစ်ကြိမ်ပြုလုပ်နိုင် ခဲ့တဲ့အပြင် မရိန်းတပ်ဖွဲ့ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်တဲ့  C130 လေယာဉ်နဲ့ LCAC ကမ်းတက်ယာဉ်တွေကို လည်း အောင်မြင်စွာအသုံးပြုနိုင်ခဲ့ပါတယ်။” ဟု ၎င်းကပြောသည်။

 

ယခုနှစ်အစောပိုင်းကလည်း ကယ်လီဖိုးနီးယားပြည်နယ်တွင်ပြုလုပ်ခဲ့သော ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတစ်ခု တွင် သင်္ဘောဖျက်ဒုံးကျည်သစ်သည် ရေပြင်ပေါ်မှပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်းသိရသည်။

 

Ref: US Marines Test New NMESIS Anti-Ship Missile System

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 

Ref: US Marines Test New NMESIS Anti-Ship Missile System

 

#PeopleMedia


Share this post