• Follow Us on
Latest News

Home အေမရိကန္မွထုတ္လုပ္သည့္ ဟာပြန္း သေဘၤာဖ်က္ဒုံးက်ည္မ်ား ထိုင္ဝမ္ ဝယ္ယူမည္

အေမရိကန္မွထုတ္လုပ္သည့္ ဟာပြန္း သေဘၤာဖ်က္ဒုံးက်ည္မ်ား ထိုင္ဝမ္ ဝယ္ယူမည္

Share this post

၂၀၂၀၊ ေမ ၂၈

တ႐ုတ္နိုင္ငံ၏ ၿခိမ္းေျခာက္မႈ အရွိန္ျမင့္လာျခင္းကိုတုန႔္ျပန္ေျဖရွင္းနိုင္ေရး အေမရိကန္နိုင္ငံမွ ထုတ္လုပ္သည့္ ဟာပြန္း သေဘၤာဖ်က္ဒုံးက်ည္မ်ား ဝယ္ယူရန္စီစဥ္လ်က္ရွိသည္။

ကမာၻ႔တိုင္းျပည္အမ်ားစုကဲ့သို႔ အေမရိကန္နိုင္ငံက ထိုင္ဝမ္ႏွင့္ တရားဝင္ သံတမန္ဆက္ဆံေရးမရွိေသာ္ လည္း ကိုယ့္ကိုကိုယ္ကာကြယ္ရန္ ထိုင္ဝမ္ကြၽန္းသို႔ ဥပေဒအရ ပံ့ပိုးကူညီေပးသည္။

တ႐ုတ္နိုင္ငံက ဒီမိုကေရစီနည္းလမ္းတက် အုပ္ခ်ဳပ္သည့္ ထိုင္ဝမ္ကို ယင္း၏ပိုင္နက္အျဖစ္ အခိုင္အမာ ေျပာၾကားၿပီး အေမရိကန္၏ လက္နက္ေရာင္းခ်မႈမ်ားကို ရႈတ္ခ်ခဲ့သည္။

ကမ္းေျခေစာင့္တပ္ဖြဲ႕အတြက္ အသုံးျပဳရန္ ထိုင္ဝမ္က အေမရိကန္နိုင္ငံမွ ဟာပြန္းဒုံးက်ည္မ်ား ဝယ္ယူ ရန္စီစဥ္ေနသည္ဟု လႊတ္ေတာ္၌ ေမးခြန္းမ်ားေျဖၾကားရာတြင္ ကာကြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ခ်န္ခ်ီ ပင္းက ေျပာၾကားခဲ့သည္။

အေမရိကန္နိုင္ငံက ဟာပြန္းဒုံးက်ည္မ်ားေရာင္းခ်ရန္ သေဘာတူလ်င္ ထိုင္ဝမ္က ၂၀၂၃ ခုႏွစ္တြင္ အဆို ပါဒုံးက်ည္မ်ား လက္ခံရရွိမည္ဟု ၄င္းက ေျပာသည္။

တ႐ုတ္ေရတပ္ႏွင့္ေလတပ္က ထိုင္ဝမ္အနီး ေလ့က်င့္မႈမ်ား ပုံမွန္ျပဳလုပ္ျခင္းကဲ့သို႔ တ႐ုတ္နိုင္ငံ၏ တိုးျမႇင့္ လာေသာ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ထိုင္ဝမ္က ကာကြယ္ေရးစြမ္းပကားကို အဆင့္ျမႇင့္တင္လ်က္ရွိသည္။

ထိုင္ဝမ္တပ္မေတာ္ကို အေမရိကန္လုပ္ လက္နက္မ်ားျဖင့္ တပ္ဆင္ထားေသာ္လည္း တ႐ုတ္နိုင္ငံက အင္ အားသာလြန္မႈပိုရွိၿပီး ကိုယ္ေပ်ာက္တိုက္ေလယာဥ္မ်ား ကဲ့သို႔ေသာ ကိုယ္ပိုင္ကကြယ္ေရးပစၥည္းမ်ား ထုတ္လုပ္နိုင္ သည္။

အေမရိကန္အစိုးရသည္ ၿပီးခဲ့သည့္အပတ္က ထိုင္ဝမ္သို႔ ေဒၚလာ သန္း ၁၈၀ တန္ေၾကးရွိ ေခတ္မီ ေတာ္ပီဒိုမ်ားေရာင္းခ်ရန္ ကြန္ဂရက္သို႔ အေၾကာင္းၾကားခဲ့ရာ အေမရိကန္ႏွင့္တ႐ုတ္ၾကား ရွိယင္းစြဲတင္းမာမႈမ်ား ကို ပိုဆိုး႐ြားေစခဲ့သည္။

တ႐ုတ္နိုင္ငံက အေမရိကန္နိုင္ငံ၏ ထိုင္ဝမ္သို႔ ပိုမိုပံ့ပိုးလာမႈကို ရႈတ္ခ်ခဲ့သည္။ တ႐ုတ္နိုင္ငံက ထိုင္ဝမ္ သမၼတ ဆိုင္အင္ဝမ္းကို ထိုင္ဝမ္၏ တရားဝင္ လြတ္လပ္ေရးေၾကညာမႈေၾကာင့္ ခြဲထြက္ေရးသမားအျဖစ္ ရႈျမင္ထား သည္။

ကိုးကား ။ ။ ရိုက်တာ

Ref; Taiwan eyes further US arms purchases with new anti-ship missile

#PeopleMedia

[Unicode]
အမေရိကန်မှထုတ်လုပ်သည့် ဟာပွန်း သင်္ဘောဖျက်ဒုံးကျည်များ ထိုင်ဝမ် ဝယ်ယူမည်
…………………………………………………………………………………

၂၀၂၀၊ မေ ၂၈

တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှု အရှိန်မြင့်လာခြင်းကိုတုန့်ပြန်ဖြေရှင်းနိုင်ရေး အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည့် ဟာပွန်း သင်္ဘောဖျက်ဒုံးကျည်များ ဝယ်ယူရန်စီစဉ်လျက်ရှိသည်။

ကမ္ဘာ့တိုင်းပြည်အများစုကဲ့သို့ အမေရိကန်နိုင်ငံက ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးမရှိသော် လည်း ကိုယ့်ကိုကိုယ်ကာကွယ်ရန် ထိုင်ဝမ်ကျွန်းသို့ ဥပဒေအရ ပံ့ပိုးကူညီပေးသည်။

တရုတ်နိုင်ငံက ဒီမိုကရေစီနည်းလမ်းတကျ အုပ်ချုပ်သည့် ထိုင်ဝမ်ကို ယင်း၏ပိုင်နက်အဖြစ် အခိုင်အမာ ပြောကြားပြီး အမေရိကန်၏ လက်နက်ရောင်းချမှုများကို ရှုတ်ချခဲ့သည်။

ကမ်းခြေစောင့်တပ်ဖွဲ့အတွက် အသုံးပြုရန် ထိုင်ဝမ်က အမေရိကန်နိုင်ငံမှ ဟာပွန်းဒုံးကျည်များ ဝယ်ယူ ရန်စီစဉ်နေသည်ဟု လွှတ်တော်၌ မေးခွန်းများဖြေကြားရာတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ချန်ချီ ပင်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက ဟာပွန်းဒုံးကျည်များရောင်းချရန် သဘောတူလျင် ထိုင်ဝမ်က ၂၀၂၃ ခုနှစ်တွင် အဆို ပါဒုံးကျည်များ လက်ခံရရှိမည်ဟု ၄င်းက ပြောသည်။

တရုတ်ရေတပ်နှင့်လေတပ်က ထိုင်ဝမ်အနီး လေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ခြင်းကဲ့သို့ တရုတ်နိုင်ငံ၏ တိုးမြှင့် လာသော ခြိမ်းခြောက်မှုများကြောင့် ထိုင်ဝမ်က ကာကွယ်ရေးစွမ်းပကားကို အဆင့်မြှင့်တင်လျက်ရှိသည်။

ထိုင်ဝမ်တပ်မတော်ကို အမေရိကန်လုပ် လက်နက်များဖြင့် တပ်ဆင်ထားသော်လည်း တရုတ်နိုင်ငံက အင် အားသာလွန်မှုပိုရှိပြီး ကိုယ်ပျောက်တိုက်လေယာဉ်များ ကဲ့သို့သော ကိုယ်ပိုင်ကကွယ်ရေးပစ္စည်းများ ထုတ်လုပ်နိုင် သည်။

အမေရိကန်အစိုးရသည် ပြီးခဲ့သည့်အပတ်က ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၁၈၀ တန်ကြေးရှိ ခေတ်မီ တော်ပီဒိုများရောင်းချရန် ကွန်ဂရက်သို့ အကြောင်းကြားခဲ့ရာ အမေရိကန်နှင့်တရုတ်ကြား ရှိယင်းစွဲတင်းမာမှုများ ကို ပိုဆိုးရွားစေခဲ့သည်။

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏ ထိုင်ဝမ်သို့ ပိုမိုပံ့ပိုးလာမှုကို ရှုတ်ချခဲ့သည်။ တရုတ်နိုင်ငံက ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်းကို ထိုင်ဝမ်၏ တရားဝင် လွတ်လပ်ရေးကြေညာမှုကြောင့် ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထား သည်။

ကိုးကား ။ ။ ရိုကျတာ

Ref; Taiwan eyes further US arms purchases with new anti-ship missile

#PeopleMedia


Share this post