• Follow Us on

Home အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သန်း၂၀ ကျော်ရှိနိုင်


Share this post

ဝါရှင်တန်၊ ဇွန် ၂၆









#PeopleMedia

(unicode)
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သန်း၂၀ ကျော်ရှိနိုင်
……………………………………………………

ဝါရှင်တန်၊ ဇွန် ၂၆

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါကူးစက်ခံရသူအနည်းဆုံးသန်း ၂၀ ရှိနေနိုင်တယ်လို့ အမေရိ ကန်ကျန်းမာရေးအရာရှိတွေရဲ့ခန့်မှန်းချက်အရသိရပါတယ်။

ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC)ရဲ့အပြောအရ အမှန်တကယ်ကူးစက်ခံရတဲ့ပမာဏဟာ အစီရင်ခံ ထားတဲ့ပမာဏထက် ၁၀ ဆ လောက်ပိုများနေတယ်လို့ သိရပါတယ်။ တက္ကဆက်ပြည်နယ်မှာ ကူးစက်ခံရမှု တွေနဲ့ ဆေးရုံတက်သူတွေမြင့်တက်လာလို့ အလုံပိတ်ကန့်သတ်မှုတွေပြန်ဖြေလျှော့နေတာ ရပ်ဆိုင်းလိုက်ချိန်မှာ အခုလိုကြေညာခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုမှာ ကူးစက်အတည်ပြုလူနာ ၂.၄ သန်းနဲ့ သေဆုံးသူ ၁၂၂၃၇၀ ရှိနေပါတယ်။

အမေရိကန်တောင်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကူးစက်ခံရမှုတွေရှိနေတယ်လို့ အစီရင်ခံနေကြပါတယ်။

အခုနှုန်းအတိုင်းဆက်သွားရင် အမေရိကန်နိုင်ငံသား ၁၈၀၀၀၀ သေဆုံးနိုင်ပြီး နိုင်ငံသား ၉၅ ရာခိုင်နှုန်း နှာ ခေါင်းစည်းတပ်မယ်ဆိုရင်တော့ သေဆုံးသူ ၁၄၆၀၀၀ ရှိလာနိုင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်က ခန့်မှန်းထား ပါတယ်။

အမေရိကန်ဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သေဆုံးသူအများဆုံးရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) ကလည်း အမေရိကတိုက်မှာ COVID-19 ကူးစက်ခံရမှုအမြင့်ဆုံး အခြေအနေ မရောက်သေးဘူးလို့ အခုတစ်ပတ်ထဲမှာ သတိပေးခဲ့ပါတယ်။

Ref : Coronavirus: US cases ‘may have topped 20 million’

#PeopleMedia


Share this post