• Follow Us on

Home အမေရိကန်သည် အင်အားကြီးနိုင်ငံတစ်ခုမဖြစ်နိုင်တော့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးပြော

အမေရိကန်သည် အင်အားကြီးနိုင်ငံတစ်ခုမဖြစ်နိုင်တော့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၄ (People Media)

 

အာဖဂန်နစ္စတန် အကျပ်အတည်းနှင့်ပတ်သက်၍ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ကိုင်တွယ်ဆောင်ရွက်ပုံနှင့် ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး၏ ကိုင်တွယ်ဆောင်ရွက်ပုံတို့ကို နှိုင်းယှဉ် ရင်း အမေရိကန်ပြည်ထောင်စုသည် မဟာအင်အားကြီးနိုင်ငံတစ်ခုမဖြစ်နိုင်တော့ကြောင်း ဗြိတိန်ကာကွယ်ရေး ဝန်ကြီး ဘန်းဝေါလေ့စ်က အင်တာဗျူးတစ်ခုတွင် ပြောကြားလိုက်သည်။

 

အာဖဂန်နစ္စတန်မှ ပြန်လည်ထွက်ခွာလာခြင်းသည် ကမ္ဘာ့ဇာတ်ခုံပေါ်မှ ဗြိတိန်နိုင်ငံ၏စွမ်းအားကို ကန့်သတ် လိုက်ခြင်းဖြစ်ကြောင်း သရုပ်ပြလိုက်ခြင်းဖြစ်မည်လားဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်းဝေါလေ့စ်ကိုမေး မြန်းသည့်အခါ “ဗြိတိန်နိုင်ငံဟာ မဟာင်အားကြီးနိုင်ငံတစ်ခုမဟုတ်မှန်း အများအသိပါ။ ဒါပေမဲ့ ခက်ခဲတဲ့အခြေ အနေတစ်ရပ်ကို ဆက်လက်ကိုင်တွယ်ထိန်းသိမ်းဖို့ ကြိုတင်ပြင်ဆင်မှုလုပ်မထားနိုင်တဲ့ မဟာအင်အားကြီးနိုင်ငံ ဟာလည်း မဟာအင်အားကြီးနိုင်ငံတစ်ခု မဖြစ်နိုင်ပါဘူး။” ဟု ဘန်းဝေါလေ့စ်က ပြန်လည်ဖြေကြားခဲ့သည်။

 

ဗြိတိန်ကာကွယ်ရေးဝန်ကြီး၏ ပြောစကားသည် အမေရိကန်ကိုရည်ရွယ်ပြောကြားနေခြင်းဖြစ်သည်ဟု မှတ်ယူ နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးနှင့် နီးစပ်သူများကပြောသည်။ ဗြိတိန်ဝန်ကြီးအနေဖြင့် စစ်ရေးအင်အားကြီး မားမှုကဲ့သို့ နိုင်ငံရေးစိတ်ဓာတ်အရေးကြီးပုံကို ထောက်ပြပြောဆိုနေခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဝေါလေ့စ်က အမေရိကန်ကို ယခုလိုလူသိရှင်ကြားဝေဖန်လိုက်ခြင်းမှာ ပထမဦးဆုံး အကြိမ်မဟုတ်ပေ။ တာလီဘန်များ အာဖဂန်နစ္စတန်တစ်ဝန်း စတင်သိမ်းပိုက်သည့်အချိန်က ဒေါ်နယ်လ်ထရမ့် ၏ တာလီဘန်များနှင့် ညှိနှိုင်းခဲ့သော ၂၀၂၀ ငြိမ်းချမ်းရေးသဘောတူညီမှုသည် “မဟာဗျူဟာအရ ပြဿနာ ပေါင်းမြောက်များစွာဖြစ်စေနိုင်သော အမှားတစ်ခု” ဖြစ်ကြောင်း ဝေါလေ့စ်ကဝေဖန်ခဲ့သည်။

 

အာဖဂန်နစ္စတန်မှ အမေရိကန်ဦးဆောင်သည့်မဟာမိတ်တပ်များ နောက်ဆုံးဆုတ်ခွာရန် သမ္မတဂျိုးဘိုင်ဒန်က ဧပြီလတွင် အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်တွင် ဆက်လက်တပ်စွဲ ထားလိုသည့် ဗြိတိန်အစိုးရက ယင်း ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ခဲ့သည်။ သို့သော် အမေရိကန်တပ်များ အာဖဂန်နစ္စတန်တွင်မရှိဘဲ ဗြိတိန်တပ် ဖွဲ့များဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သည့်အတွက် လွန်ခဲ့သည့်လကဆောင်ရွက်ခဲ့သော ဘေးကင်းလုံခြုံ ရာသို့ရွှေ့ပြောင်းရေးအစီအစဉ်တွင် ဗြိတိန်တပ်များ ပူးပေါင်းဆောင်ရွက်ခဲ့ရသည်။

 

ကဘူးမြို့မှတပ်များပြန်လည်ဆုတ်ခွာလာခြင်းမှာ ရုတ်တရက်ပေါ်ပေါက်လာသောဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ဗြိတိန်အစိုးရအပေါ်ဖိအားပေးမှုတစ်ခုဖြစ်ခဲ့ကြောင်းပြောဆိုရင်း အမေရိကန်နှင့် ဗြိတိန်ကြား ဆက်ဆံရေးတွင် အမှားအယွင်းတစ်ခုဖြစ်ပေါ်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဂျဲရမီဟန့်ကသတိပေးလိုက်သည်။

 

Ref: UK defence secretary suggests US is no longer a superpower

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 

Ref: UK defence secretary suggests US is no longer a superpower

 

#PeopleMedia


Share this post