• Follow Us on

Home အမေရိကန်သမ္မတကိုစွပ်စွဲပြစ်တင်ရန် ဒီမိုကရတ်များ စတင်တွန်းအားပေး

အမေရိကန်သမ္မတကိုစွပ်စွဲပြစ်တင်ရန် ဒီမိုကရတ်များ စတင်တွန်းအားပေး

Share this post

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပြီးခဲ့သည့်တပတ်က လွှတ်တော်အဆောက်အဦသို့လူသေဆုံးမှုများရှိခဲ့သည့်စီးနင်းမှုများတွင် အခန်းကဏ္ဍ တခုဖြင့်ပါဝင်ခဲ့သည်ဟုဆိုကာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကို စွပ်စွဲပြစ်တင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပုဒ်မကို အမေရိကန်ဒီမိုကရတ်များကစတင်မိတ်ဆက်ခဲ့သည်။

မစ္စတာ ထရမ့်သည် ပုန်ကန်ထကြွမှုများဖြစ်စေရန် လှုံ့ဆော်ခဲ့သည်ဟု ထိုပုဒ်မဖြင့် စွပ်စွဲထားသည်။

မစ္စတာ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ဖွဲ့စည်းပုံအခြေခံဥပဒေကပေးသောအခွင့်အာဏာကို ဒုတိယသမ္မတ မိုက် ပန့်စ်က မကျင့်သုံးလျှင် ဗုဒ္ဓဟူးနေ့တွင် အောက်လွှတ်တော်၌ ထိုပုဒ်မကျင့်သုံးရန်မဲခွဲဆုံးဖြတ်မည်ဖြစ်သည်ဟု ဒီမိုကရတ်များကပြောသည်။

ထိုအစီအစဉ်ကို မစ္စတာ ပန့်စ်က လက်ခံနိုင်ချေမရှိဘဲ တနင်္လာနေ့တွင် မစ္စတာ ထရမ့်နှင့် သူတို့တွေ့ဆုံခဲ့ရာ တွင် အပြုသဘောဆွေးနွေးမှုများရှိနေကြောင်း အိမ်ဖြူတော်အရာရှိကြီးတယောက်ကပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်လွှတ်တော်အဆောက်အဦသို့ လူများစွာဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရဲအရာရှိတယောက်အပါအဝင် လူ ၅ ယောက်သေဆုံးခဲ့သည့်ဖြစ်စဉ်မှအစပြုကာ မစ္စတာ ထရမ့် နုတ်ထွက်ရေး၊ ရာထူးမှဖယ်ရှားရေး သို့မဟုတ် စွပ်စွဲပြစ်တင်ရေးတိုက်တွန်းမှုများသည် ဒီမိုကရတ်များနှင့် ရီပတ်ဘလစ်ကန်အ မတ်တချို့ကြား ရေပန်းစားနေသည်။

နိုဝင်ဘာလအမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲလိမ်မှုများရှိသည်ဟု အထောက်အထားတိတိကျကျမပြ သည့်အမေရိကန်သမ္မတက လွှတ်တော်ကိုစီးနင်းရန် ထောက်ခံသူများကို ဆန္ဒပြပွဲတခုတွင်တိုက်တွန်းခဲ့သည်ဟု စွပ်စွဲပြစ်တင်မှုအဆိုတွင် စွပ်စွဲထားသည်။

စွပ်စွဲပြစ်တင်မှုသည် နိုင်ငံရေးပယောဂများပါနေသည်ဟု အိမ်ဖြူတော်ဘက်ကတုံ့ပြန်ထားပြီး သောကြာနေ့မှ စတင်၍ တွစ်တာအပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းများတွင် မစ္စတာ ထရမ့်အကောင့်များကို ပိတ်ပင်ထား သဖြင့် လူသိရှင်ကြားတစုံတရာထုတ်ပြောခြင်းမရှိချေ။

ဇန်နဝါရီ် ၂၀ ရက်တွင် ရွေးကောက်ခံဒီမိုကရတ်အမတ် ဂျိုး ဘိုင်ဒန် သမ္မတအဖြစ်ကျမ်းကျိန်မည်ဖြစ်ပြီး ထို အခမ်းအနားသို့တက်ရောက်မည်မဟုတ်ဟု မစ္စတာ ထရမ့်ကပြောသည်။

Ref : Trump impeachment move: Democrats start push to oust US president

#PeopleMedia

(unicode)
………………………………………..










Ref : Trump impeachment move: Democrats start push to oust US president

#PeopleMedia


Share this post