• Follow Us on

Home အမေရိကန်သမ္မတက ကိုရိုနာဗိုင်းရပ်စ်ထောက်ပံ့ရေးဥပဒေကို လွှတ်တော်တွင်ပြန်ဆွေးနွေးခိုင်းပြီးနောက် လွှတ်တော်နှစ်ရပ်တွင် အဓိကပါတီ ၂ ခုအကြီးအကျယ်ငြင်းခုံနေ

အမေရိကန်သမ္မတက ကိုရိုနာဗိုင်းရပ်စ်ထောက်ပံ့ရေးဥပဒေကို လွှတ်တော်တွင်ပြန်ဆွေးနွေးခိုင်းပြီးနောက် လွှတ်တော်နှစ်ရပ်တွင် အဓိကပါတီ ၂ ခုအကြီးအကျယ်ငြင်းခုံနေ

Share this post

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၅
ကွန်ဂရက်လွှတ်တော်ကအတည်ပြုခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်ထောက်ပံ့ရေးဥပဒေကို ပြောင်းလဲမှုများပြုလုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က လက်မှတ်ထိုးအတည်မပြုဘဲ လွှတ်တော်သို့ပြန်ပို့ခဲ့ပြီးနောက် စီးပွားရေးနှိုးဆွမည့်အမေရိကန်ဒေါ်လာ သန်း ၉၀၀၀၀၀ တန်ဖိုးရှိဥပဒေကြမ်းကိုပြင်ဆင်ရန် အာဏာရရီပတ်ဘလစ်ကန်နှင့် အတိုက်အခံဒီမိုကရတ်များက တဖက်၏ကြိုးစားမှုကို တဖက်က လိုက်လံပိတ်ဆို့နေသည်။
ကိုရိုနာဗိုင်းရပ်စ်စီးပွားရေးထောက်ပံ့ရေးဥပဒေကြမ်းသည် အမေရိကန်ဒေါ်လာသန်း ၁၄၀၀၀၀၀၀၀၀ တန်ဖိုးရှိ အစိုးရရသုံးငွေဥပဒေကြမ်းနှင့်အတူယှဉ်တွဲပါဝင်လာခြင်းဖြစ်ပြီး နှစ်ဖက်စလုံးကသဘောတူပြီးနောက် သမ္မတ ထရမ့်ထံလက်မှတ်ထိုးအတည်ပြုရန်ပို့ခြင်းဖြစ်သည်။
သို့သော် အမေရိကန်နိုင်ငံသားတယောက်ချင်းစီအတွက်ထောက်ပံ့ငွေကို ဒေါ်လာ ၆၀၀ အစား ၂၀၀၀ အထိတိုးမြှင့်ပေးသင့်ကြောင်းနှင့် နိုင်ငံခြားအထောက်အပံ့များကို လျှော့ချသင့်ကြောင်း မစ္စတာ ထရမ့်ကပြောသည်။
ဥပဒေအတည်မပြုနိုင်ပါက စနေနေ့တွင် အလုပ်လက်မဲ့အကျိုးခံစားခွင့်များသက်တမ်းကုန်မည်ဖြစ်သည်။
ထို့အပြင် အိမ်ငှားများကို ဆက်လက်နေထိုင်ခွင့်မပေးဘဲနှင်ထုတ်ရမည့်အချိန်ကိုလည်း သက်တမ်းတိုးနိုင်တော့မည်မဟုတ်ပေ။
အစိုးရလုပ်ငန်းများရပ်ဆိုင်ခြင်းမရှိရန် တနင်္လာနေ့တွင် လွှတ်တော်အမတ်များကအတည်ပြုနိုင်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ထောက်ပံ့မှုများမပါဝင်နိုင်ဘဲ ထရမ့်က လက်မှတ်ထိုးရဦးမည်ဖြစ်သည်။
Ref : Covid: US parties wrangle in Congress after Trump shuns stimulus bill
#PeopleMedia
(unicode)
…………………………….
Ref : Covid: US parties wrangle in Congress after Trump shuns stimulus bill
#PeopleMedia


Share this post