• Follow Us on

Home အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ တောင်ကိုရီးယားသမ္မတမွန်ဂျေအင်း ပေးပို့

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ တောင်ကိုရီးယားသမ္မတမွန်ဂျေအင်း ပေးပို့

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် မဆုတ်မနစ်သော ညှိနှိုင်းဆောင်ရွက်မှုပြုလုပ်မည်ဟု ကတိကဝတ်ပြုလိုက်ကြောင်း သမ္မတရုံးက ယနေ့ ပြော ကြားလိုက်သည်။

ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန်အပြင် ပွင့်လင်းသော ဆွေးနွေးမှုများလုပ်ဆောင်ရန် မကြာမီ ဂျိုးဘိုင်ဒင်နှင့် အစည်းအဝေးတစ်ရပ်ပြုလုပ်ရန် မွန်ဂျေအင်းက ပြောကြားခဲ့ကြောင်း သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ကန်မင်ဆွတ်ခ်က ပြောသည်။

သီးခြားအနေဖြင့် “သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ ဂျိုးဘိုင်ဒင်ကို ဂုဏ်ပြုပါတယ်။ အမေရိက ပြန်လာပါပြီ။ အမေရိကရဲ့ အစပြုမှုက ဒီမိုကရေစီကို ပိုမိုကြီးကျယ်စေပါလိမ့်မယ်။ ကိုရီးယားပြည်သူတွေနဲ့အတူ အမေရိ ကန်နိုင်ငံလျှောက်လှမ်းမယ့် ခရီးလမ်းမှာ ကျွန်တော် ရပ်တည်ပါမယ်” ဟု မွန်ဂျေအင်းက တွစ်တာလူမှုကွန် ရက်၌ ရေးသားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်နှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် မဟာမိတ်နိုင်ငံတစ်ခုအနေ ဖြင့် အမေရိကန်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။

ပြည်သူ့ကျန်းမာရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော နယ်ပယ်များရှိ ကမ္ဘာ့ရေးရာ များ ဖြေရှင်းရာတွင် နှစ်နိုင်ငံကြား မဟာမိတ်ပြုမှုက ညှိနှိုင်းဆောင်ရွက်မှုမှတစ်ဆင့် ပိုမိုခိုင်မာလာမည်ဟု ၎င်းက ရေးသားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံက ဂျိုးဘိုင်ဒင် ဦးဆောင်သော အမေရိကန်အစိုးရသစ်နှင့် ယခုချိန်မှစ၍ အတူ လျှောက် လှမ်းမည်ဟု မွန်ဂျေအင်းက ပြောသည်။

ကိုးကား – ယွန်ဟပ်

Ref; Moon sends congrats message to Biden, vows cooperation in peace drive

#PeopleMedia

(unicode)
……………………………………………………









Ref; Moon sends congrats message to Biden, vows cooperation in peace drive

#PeopleMedia


Share this post