• Follow Us on

Home အေမရိကန္သမၼတေရြးေကာက္ပြဲအတြက္ ၿပိဳင္ဆိုင္ၾကမည့္ သမၼတထရမ့္ႏွင့္ ဒုသမၼတေဟာင္း ဘိုင္ဒန္တို႔ အျပင္းအထန္စကားစစ္ထိုး

အေမရိကန္သမၼတေရြးေကာက္ပြဲအတြက္ ၿပိဳင္ဆိုင္ၾကမည့္ သမၼတထရမ့္ႏွင့္ ဒုသမၼတေဟာင္း ဘိုင္ဒန္တို႔ အျပင္းအထန္စကားစစ္ထိုး

Share this post

ကလိဗ္လန္၊ စက္တင္ဘာ ၃၀
 
ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါ၊ စီးပြားေရးႏွင့္ ႏိုဝင္ဘာတြင္က်င္းပမည့္အေမရိကန္သမၼတေရြးေကာက္ပြဲ တို႔အေပၚ သမၼတ ေဒၚနယ္ထရမ့္အစိုးရ၏ ဦးေဆာင္မႈမ်ားကို ရီပတ္ဘလစ္ကန္ပါတီမွ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ ၿပိဳင္ဘက္ဒီမိုကရတ္ပါတီမွ သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္တို႔ ျပင္းျပင္းထန္ထန္စကားစစ္ထိုး ခဲ့ၾကသည္။
 
အဂၤါေန႔ညက စကားစစ္ထိုးရာတြင္ ပုဂၢိဳလ္ေရးတိုက္ခိုက္မႈမ်ား၊ နာမည္တပ္ေျပာဆိုမႈမ်ားသာမက မစၥတာ ထရမ့္၏ မၾကာမၾကာၾကားျဖတ္ေျပာဆိုမႈမ်ားလည္းပါဝင္သည္။
 
သမၼတေနရာေရြးေကာက္ခံမည့္ပုဂၢိဳလ္ ၂ ေယာက္က တစ္ေယာက္ႏွင့္တစ္ေယာက္ အျပန္အလွန္ေျပာဆိုခဲ့ၿပီး ႏိုင္ငံေရးအျမင္မ်ားကိုလည္း ၾကမ္းၾကမ္းတမ္းတမ္းေျပာဆိုခဲ့သျဖင့္ ေျပာလိုရင္းအခ်က္အလက္မ်ားကို အဓိပၸါယ္႐ွိ႐ွိမေျပာႏိုင္ခဲ့ေခ်။
 
တရားရံုးခ်ဳပ္အေၾကာင္းေဆြးေႏြးမႈပထမပိုင္းတြင္ ထရမ့္က ထပ္ကာထပ္ကာၾကားျဖတ္ေျပာဆိုခဲ့ၿပီးေနာက္ “ခင္ဗ်ား ပါးစပ္ပိတ္ထားပါလား။ သမၼတဆိုတာနဲ႔ မလိုက္လိုက္တာ”ဘိုင္ဒန္က ေျပာသည္။
 
“ခင္ဗ်ားနဲ႔ပတ္သက္ၿပီး ထက္ျမက္တယ္လို႔ေျပာလို႔ရတာ ဘာမွမ႐ွိဘူး” ဟု ထရမ့္ကလည္း ေျပာသည္။
 
Ref : Trump and Biden go on the attack in fiery, chaotic first presidential debate
 
#PeopleMedia
 
(Unicode)
အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပြိုင်ဆိုင်ကြမည့် သမ္မတထရမ့်နှင့် ဒုသမ္မတဟောင်း ဘိုင်ဒန်တို့ အပြင်းအထန်စကားစစ်ထိုး
………………………………………………
 
ကလိဗ်လန်၊ စက်တင်ဘာ ၃၀
 
ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါ၊ စီးပွားရေးနှင့် နိုဝင်ဘာတွင်ကျင်းပမည့်အမေရိကန်သမ္မတရွေးကောက်ပွဲ တို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ ဦးဆောင်မှုများကို ရီပတ်ဘလစ်ကန်ပါတီမှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပြိုင်ဘက်ဒီမိုကရတ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒန်တို့ ပြင်းပြင်းထန်ထန်စကားစစ်ထိုး ခဲ့ကြသည်။
 
အင်္ဂါနေ့ညက စကားစစ်ထိုးရာတွင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ နာမည်တပ်ပြောဆိုမှုများသာမက မစ္စတာ ထရမ့်၏ မကြာမကြာကြားဖြတ်ပြောဆိုမှုများလည်းပါဝင်သည်။
 
သမ္မတနေရာရွေးကောက်ခံမည့်ပုဂ္ဂိုလ် ၂ ယောက်က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ပြောဆိုခဲ့ပြီး နိုင်ငံရေးအမြင်များကိုလည်း ကြမ်းကြမ်းတမ်းတမ်းပြောဆိုခဲ့သဖြင့် ပြောလိုရင်းအချက်အလက်များကို အဓိပ္ပါယ်ရှိရှိမပြောနိုင်ခဲ့ချေ။
 
တရားရုံးချုပ်အကြောင်းဆွေးနွေးမှုပထမပိုင်းတွင် ထရမ့်က ထပ်ကာထပ်ကာကြားဖြတ်ပြောဆိုခဲ့ပြီးနောက် “ခင်ဗျား ပါးစပ်ပိတ်ထားပါလား။ သမ္မတဆိုတာနဲ့ မလိုက်လိုက်တာ”ဘိုင်ဒန်က ပြောသည်။
 
“ခင်ဗျားနဲ့ပတ်သက်ပြီး ထက်မြက်တယ်လို့ပြောလို့ရတာ ဘာမှမရှိဘူး” ဟု ထရမ့်ကလည်း ပြောသည်။
 
Ref : Trump and Biden go on the attack in fiery, chaotic first presidential debate
 
#PeopleMedia

Share this post