• Follow Us on

Home အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ မဲလိမ္မႈမ်ားမေတြ႕ဟု ေ႐ွ႕ေနခ်ဳပ္ေျပာ

အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ မဲလိမ္မႈမ်ားမေတြ႕ဟု ေ႐ွ႕ေနခ်ဳပ္ေျပာ

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၂

၂၀၂၀ အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ သမၼတ ေဒၚနယ္ ထရမ့္အခိုင္အမာေျပာေနေသာ ေ႐ြးေကာက္ပြဲ မဲလိမ္မႈမ်ား႐ွိသည့္အခ်က္ကိုေထာက္ခံသည့္ သက္ေသမေတြ႕႐ွိဟု အေမရိကန္ေ႐ွ႕ေနခ်ဳပ္ ဝီလီယံ ဘားကေျပာသည္။

ထိုမွတ္ခ်က္မ်ားသည္ ႐ွံဳးနိမ့္ျခင္းကိုလက္မခံေသးေသာ မစၥတာ ထရမ့္ကို ႀကီးႀကီးမားမားထိုးႏွက္မႈဟု ႐ွဳျမင္ ၾကသည္။

ထရမ့္႐ွံဳးနိမ့္ခဲ့ၿပီး ဒီမိုကရတ္ၿပိဳင္ဘက္ ဂ်ိဳး ဘိုင္ဒန္ အႏိုင္ရခဲ့သည္ဟုေၾကညာခဲ့ေသာျပည္နယ္မ်ားတြင္ ထရမ့္ႏွင့္ စည္း႐ံုးေရးအဖြဲ႔က တရားစြဲဆိုမႈမ်ားလုပ္ေနသည္။

အေမရိကန္ေ႐ြးေကာက္ပြဲႀကီးၾကပ္ေရးအဖြဲ႔၏မဲအမ်ားအရ ဘိုင္ဒန္က ၃၀၆ မဲရထားၿပီး ထရမ့္က ၂၃၂ မဲ ရထားသည္။

မဲေရအတြက္စုစုေပါင္းတြင္လည္း ထရမ့္ထက္ ဘိုင္ဒန္က အနည္းဆံုး ၆.၂ သန္းပိုရထားသည္။

ႏို၀င္ဘာ ၃ ရက္ ေ႐ြးေကာက္ပြဲေနာက္ပိုင္း မဲလိမ္မႈမ်ား႐ွိခဲ့သည္ဟု သက္ေသအေထာက္အထားခိုင္ခိုင္မာမာ မျပႏိုင္ဘဲ မစၥတာ ထရမ့္က ထပ္ကာထပ္ကာေျပာခဲ့ၿပီး မစၥတာ ဘိုင္ဒန္ အႏိုင္ရေစရန္ ႏိုင္ငံတကာက ဇာတ္လမ္းဆင္ထားသည္ဟု သူ၏ဥပေဒခုခံေခ်ပေရးအဖြဲ႔၀င္မ်ားကေျပာသည္။

Ref : US attorney general finds ‘no voter fraud that could overturn election’

#PeopleMedia

(unicode)
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲလိမ်မှုများမတွေ့ဟု ရှေ့နေချုပ်ပြော
…………………………………………..

ဝါရှင်တန်၊ ဒီဇင်ဘာ ၂

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတ ဒေါ်နယ် ထရမ့်အခိုင်အမာပြောနေသော ရွေးကောက်ပွဲ မဲလိမ်မှုများရှိသည့်အချက်ကိုထောက်ခံသည့် သက်သေမတွေ့ရှိဟု အမေရိကန်ရှေ့နေချုပ် ဝီလီယံ ဘားကပြောသည်။

ထိုမှတ်ချက်များသည် ရှုံးနိမ့်ခြင်းကိုလက်မခံသေးသော မစ္စတာ ထရမ့်ကို ကြီးကြီးမားမားထိုးနှက်မှုဟု ရှုမြင် ကြသည်။

ထရမ့်ရှုံးနိမ့်ခဲ့ပြီး ဒီမိုကရတ်ပြိုင်ဘက် ဂျိုး ဘိုင်ဒန် အနိုင်ရခဲ့သည်ဟုကြေညာခဲ့သောပြည်နယ်များတွင် ထရမ့်နှင့် စည်းရုံးရေးအဖွဲ့က တရားစွဲဆိုမှုများလုပ်နေသည်။

အမေရိကန်ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့၏မဲအများအရ ဘိုင်ဒန်က ၃၀၆ မဲရထားပြီး ထရမ့်က ၂၃၂ မဲ ရထားသည်။

မဲရေအတွက်စုစုပေါင်းတွင်လည်း ထရမ့်ထက် ဘိုင်ဒန်က အနည်းဆုံး ၆.၂ သန်းပိုရထားသည်။

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲနောက်ပိုင်း မဲလိမ်မှုများရှိခဲ့သည်ဟု သက်သေအထောက်အထားခိုင်ခိုင်မာမာ မပြနိုင်ဘဲ မစ္စတာ ထရမ့်က ထပ်ကာထပ်ကာပြောခဲ့ပြီး မစ္စတာ ဘိုင်ဒန် အနိုင်ရစေရန် နိုင်ငံတကာက ဇာတ်လမ်းဆင်ထားသည်ဟု သူ၏ဥပဒေခုခံချေပရေးအဖွဲ့ဝင်များကပြောသည်။

Ref : US attorney general finds ‘no voter fraud that could overturn election’

#PeopleMedia


Share this post