• Follow Us on

Home အေမရိကန္သမၼတေ႐ြးေကာက္ပြဲကို အီရန္ႏွင့္ ႐ု႐ွားတို႔ေႏွာင့္ယွက္ေနဟု အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ ေျပာ

အေမရိကန္သမၼတေ႐ြးေကာက္ပြဲကို အီရန္ႏွင့္ ႐ု႐ွားတို႔ေႏွာင့္ယွက္ေနဟု အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ ေျပာ

Share this post

ဝါ႐ွင္တန္၊ ေအာက္တိုဘာ ၂၂
၂၀၂၀ အေမရိကန္သမၼတေ႐ြးေကာက္ပြဲကို အီရန္ႏွင့္႐ု႐ွားတို႔က ေႏွာင့္ယွက္ရန္ႀကိဳးစားေနသည္ဟု အေမရိကန္အမ်ိဳးသားေထာက္လွမ္းေရးအဖြဲ႔ၫႊန္ၾကားေရးမွဴး ဂၽြန္ ရက္ကလစ္ဖ္က ဗုဒၶဟူးေန႔တြင္ေျပာသည္။
ေ႐ြးေကာက္ပြဲမတိုင္မီ ၂ ပတ္အလိုတြင္ ေၾကညာျခင္းျဖစ္ၿပီး အေမရိကန္ႏိုင္ငံသားမ်ား၏ မဲမ်ားတည္ၾကည္ခိုင္မာမႈအေပၚယံုၾကည္မႈေလ်ာ့က်ေစရန္ ႏိုင္ငံျခားကလုပ္ေဆာင္ေနျခင္းႏွင့္ ရလဒ္ေျပာင္းေစရန္ သတင္းမွားမ်ားျဖန္႔ခ်ိေနေၾကာင္း အေမရိကန္အရာ႐ွိမ်ားကို သတိေပးျခင္းျဖစ္သည္။
မဲစာရင္းမ်ားသည္ လူအမ်ားသိျမင္ႏိုင္ေသာ္လည္း မဲဆႏၵ႐ွင္မ်ားအေယာင္ေဆာင္ရန္၊ လူထုအံုႂကြမႈမ်ားလႈံ႔ေဆာ္ရန္ႏွင့္ သမၼတ ေဒၚနယ္ ထရမ့္ကို ထိလိုက္ေစရန္ ပံုႀကီးခ်ဲ႕ထားသည့္အီးေမးမ်ားကို အီရန္ကေပးပို႔ေနေၾကာင္း အစိုးရအရာ႐ွိမ်ားက ျမင္ေတြ႕ထားသည္ဟု ရက္ကလစ္ဖ္ကေျပာသည္။
ထရမ့္ကိုလိုလားသည့္ Proud Boys အဖြဲ႔ထံမွလာသည့္ပံုစံဖန္တီးထားေသာ ဗုဒၶဟူးေန႔တြင္ပို႔သည့္ အီးေမးမ်ားကို ရက္ကလစ္ဖ္က ရည္ၫႊန္းျခင္းျဖစ္သည္။
အီရန္က ထရမ့္ကို ေ႐ြးေကာက္ပြဲတြင္ထိခိုက္ေစရန္ႏွင့္ ႐ု႐ွားက သူ႔ကိုကူညီရန္ ႀကိဳးစားေနေၾကာင္း ယခင္ကလည္း အေမရိကန္ေထာက္လွမ္းေရးအရာ႐ွိမ်ားက သတိေပးေနသည္။
Ref : Iran, Russia interfering in 2020 election: US intelligence agencies
#PeopleMedia
(unicode)
အမေရိကန်သမ္မတရွေးကောက်ပွဲကို အီရန်နှင့် ရုရှားတို့နှောင့်ယှက်နေဟု အမေရိကန်ထောက်လှမ်းရေးအဖွဲ့ ပြော
…………………………………………
ဝါရှင်တန်၊ အောက်တိုဘာ ၂၂
၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲကို အီရန်နှင့်ရုရှားတို့က နှောင့်ယှက်ရန်ကြိုးစားနေသည်ဟု အမေရိကန်အမျိုးသားထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
ရွေးကောက်ပွဲမတိုင်မီ ၂ ပတ်အလိုတွင် ကြေညာခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသားများ၏ မဲများတည်ကြည်ခိုင်မာမှုအပေါ်ယုံကြည်မှုလျော့ကျစေရန် နိုင်ငံခြားကလုပ်ဆောင်နေခြင်းနှင့် ရလဒ်ပြောင်းစေရန် သတင်းမှားများဖြန့်ချိနေကြောင်း အမေရိကန်အရာရှိများကို သတိပေးခြင်းဖြစ်သည်။
မဲစာရင်းများသည် လူအများသိမြင်နိုင်သော်လည်း မဲဆန္ဒရှင်များအယောင်ဆောင်ရန်၊ လူထုအုံကြွမှုများလှုံ့ဆော်ရန်နှင့် သမ္မတ ဒေါ်နယ် ထရမ့်ကို ထိလိုက်စေရန် ပုံကြီးချဲ့ထားသည့်အီးမေးများကို အီရန်ကပေးပို့နေကြောင်း အစိုးရအရာရှိများက မြင်တွေ့ထားသည်ဟု ရက်ကလစ်ဖ်ကပြောသည်။
ထရမ့်ကိုလိုလားသည့် Proud Boys အဖွဲ့ထံမှလာသည့်ပုံစံဖန်တီးထားသော ဗုဒ္ဓဟူးနေ့တွင်ပို့သည့် အီးမေးများကို ရက်ကလစ်ဖ်က ရည်ညွှန်းခြင်းဖြစ်သည်။
အီရန်က ထရမ့်ကို ရွေးကောက်ပွဲတွင်ထိခိုက်စေရန်နှင့် ရုရှားက သူ့ကိုကူညီရန် ကြိုးစားနေကြောင်း ယခင်ကလည်း အမေရိကန်ထောက်လှမ်းရေးအရာရှိများက သတိပေးနေသည်။
Ref : Iran, Russia interfering in 2020 election: US intelligence agencies
#PeopleMedia


Share this post