• Follow Us on

Home အမေရိကန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးအပါအဝင် အဆင့်မြင့်အရာရှိများကို ရုရှားက ဒဏ်ခတ်ပိတ်ဆို့အရေးယူ

အမေရိကန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးအပါအဝင် အဆင့်မြင့်အရာရှိများကို ရုရှားက ဒဏ်ခတ်ပိတ်ဆို့အရေးယူ

Share this post

နိုင်ငံတကာ၊ မတ် ၁၆

 

အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ကာကွယ်ရေးဝန်ကြီး လွိုင် အော်စတင်းတို့အပါအဝင် အမေရိကန်အဆင့်မြင့်အရာရှိကြီးများကို ပစ်မှတ်ထား၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ရုရှား၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲတွင် အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်ဥက္ကဋ္ဌ မက်ခ်မိုက်လီ(Mark Milley)၊ အမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလီဗန်(Jake Sullivan)၊ CIA ထောက်လှမ်းရေးအဖွဲ့ညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်(William Burns)၊ အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူးဂျန်ပီစကီး(Jen Psaki) နှင့် ယခင် အမေရိကန်သမ္မတ(လောင်း) ဟီလာရီကလင်တန်နှင့် အခြားအမေရိကန်အဆင့်မြင့်အရာရှိကြီးများ ပါဝင် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

အလွန်ဆိုးရွားသော ရုရှားကြောက်ရွံ့မုန်းတီးရေးဖြစ်ပေါ်စေရန် လက်ရှိအမေရိကန်အစိုးရအဖွဲ့၏ လုပ်ဆောင် ချက်အပေါ် လက်တုန့်ပြန်မှုတစ်ခုအနေဖြင့် ထိုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ရုရှားဘက်က လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပြီး ရှေ့ဆက်၍လည်း အဆိုပါ အမည်ပျက်စာရင်းကို ထပ်မံ တိုးချဲ့ဖော်ပြသွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

 

“တစ်ချိန်တည်းမှာပဲ အကယ်၍ သူတို့က ကျွန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ကိုက်ညီမယ်ဆိုရင် တရား ဝင်ဆက်ဆံရေးတွေကို ထိန်းသိမ်းထားဖို့ ကျွန်တော်တို့ ငြင်းပယ်စရာအကြောင်းမရှိပါဘူး။ ပြီးတော့ လိုအပ်လို့ ရှိရင် အဆင့်မြင့်-ကိုယ်စားလှယ်အဆင့် ဆက်ဆံရေးလမ်းကြောင်းတွေကို လုပ်ဆောင်တဲ့နေရာမှာ အမည်ပျက် စာရင်းဝင်လူပုဂ္ဂိုလ်တွေရဲ့ အရေးပါမှုကြောင့် ဖြစ်ပေါ်လာမယ့်ပြဿနာရပ်တွေကို ကျွန်တော်တို့ ဖြေရှင်းသွား မှာပါ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ပြောကြားခဲ့သည်။

 

(Xinhua)

 

#PeopleMedia

 

(unicode)


……………………………………….

 


 


 


 


 


 

(Xinhua)

 

#PeopleMedia


Share this post