• Follow Us on

Home အေမရိကန္သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ရရန္ လာဘ္ေပးမႈျဖစ္စဥ္မ်ား႐ွိေၾကာင္း တိုင္ၾကားမႈကို စံုစမ္း စစ္ေဆးေန

အေမရိကန္သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ရရန္ လာဘ္ေပးမႈျဖစ္စဥ္မ်ား႐ွိေၾကာင္း တိုင္ၾကားမႈကို စံုစမ္း စစ္ေဆးေန

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၂

သမၼတ၏လြတ္ၿငိမ္းခ်မ္းသာခြင့္အတြက္ အိမ္ျဖဴေတာ္(သို႔မဟုတ္)ဆက္စပ္ႏိုင္ငံေရးေကာ္မတီတခုကို ေငြေၾကးစီးဆင္းခဲ့မႈႏွင့္ပတ္သက္သည့္ မႈခင္းျဖစ္ရပ္တခုကို အေမရိကန္တရားေရး၀န္ႀကီးဌာနက စံုစမ္းစစ္ေဆးေနသည္ဟု အဂၤါေန႔က အေမရိကန္ျပည္ေထာင္စုတရား႐ံုး၏မွတ္တမ္းမ်ားအရသိရသည္။

စာမ်က္ႏွာ ၂၀ ႐ွိေသာတစိတ္တပိုင္းျပဳျပင္ထားသည့္စာ႐ြက္စာတမ္းမ်ားကို အဂၤါေန႔ေန႔လည္ပိုင္းတြင္ ဒီစီခ႐ိုင္တရား႐ံုးကေဖာ္ထုတ္ခဲ့သည္။

လြတ္ၿငိမ္းခ်မ္းသာခြင့္အတြက္လာဘ္ထိုးခဲ့သည့္ျဖစ္ရပ္မ်ားကို စံုစမ္းေဖာ္ထုတ္မႈတစိတ္တပိုင္းအေနျဖင့္ ရခဲ့ေသာစာ႐ြက္စာတမ္းမ်ားကိုၾကည့္ခြင့္ရရန္ အမႈစစ္အရာ႐ွိမ်ားကပန္ၾကားမႈေၾကာင့္ ၾသဂုတ္လတြင္ တရားသူႀကီးခ်ဳပ္ ဘာရီ ေဟာင္းဝဲလ္၏သံုးသပ္မႈမ်ားကို မွတ္တမ္းမ်ားကေဖာ္ျပသည္။

ယခုႏွစ္ ေႏြရာသီမကုန္ခင္က ၀င္ေရာက္စီးနင္းခဲ့သည့္႐ံုးတ႐ံုးမွေ႐ွ႕ေနတေယာက္အပါအ၀င္ လူအမ်ား၏ ဆက္သြယ္ခဲ့မႈမွအပ ျဖစ္စဥ္၏အခ်ိန္မ်ား၊ ပါ၀င္ပတ္သက္ခဲ့သူမ်ား၏အမည္မ်ားကို စာ႐ြက္စာတမ္းမ်ားတြင္ ေဖာ္ထုတ္ခဲ့ျခင္းမ႐ွိေခ်။

တဦးတေယာက္မွ ဆက္စပ္ျပစ္မႈမ်ာျဖင့္ လူသိ႐ွင္ၾကားအမႈဖြင့္ခံရျခင္းမ႐ွိေသးေခ်။

တရား႐ံုးစာ႐ြက္စာတမ္းမ်ားကို အိမ္ျဖဴေတာ္က မွတ္ခ်က္ျပဳရန္ျငင္းဆိုထားသည္။

ထိုျဖစ္ရပ္အတြက္ အစိုးရအရာ႐ွိတစံုတေယာက္ကိုမွ စံုစမ္းစစ္ေဆးေနျခင္းမ႐ွိဟု တရားေရး၀န္ႀကီးဌာန အရာ႐ွိတေယာက္က စီအန္အန္ကိုေျပာသည္။

Ref : Justice Department investigating potential presidential pardon bribery scheme, court records reveal

#PeopleMedia

(unicode)
အမေရိကန်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ရရန် လာဘ်ပေးမှုဖြစ်စဉ်များရှိကြောင်း တိုင်ကြားမှုကို စုံစမ်း စစ်ဆေးနေ
………………………………………………………

ဝါရှင်တန်၊ ဒီဇင်ဘာ ၂

သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်အတွက် အိမ်ဖြူတော်(သို့မဟုတ်)ဆက်စပ်နိုင်ငံရေးကော်မတီတခုကို ငွေကြေးစီးဆင်းခဲ့မှုနှင့်ပတ်သက်သည့် မှုခင်းဖြစ်ရပ်တခုကို အမေရိကန်တရားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေသည်ဟု အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စုတရားရုံး၏မှတ်တမ်းများအရသိရသည်။

စာမျက်နှာ ၂၀ ရှိသောတစိတ်တပိုင်းပြုပြင်ထားသည့်စာရွက်စာတမ်းများကို အင်္ဂါနေ့နေ့လည်ပိုင်းတွင် ဒီစီခရိုင်တရားရုံးကဖော်ထုတ်ခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်အတွက်လာဘ်ထိုးခဲ့သည့်ဖြစ်ရပ်များကို စုံစမ်းဖော်ထုတ်မှုတစိတ်တပိုင်းအနေဖြင့် ရခဲ့သောစာရွက်စာတမ်းများကိုကြည့်ခွင့်ရရန် အမှုစစ်အရာရှိများကပန်ကြားမှုကြောင့် သြဂုတ်လတွင် တရားသူကြီးချုပ် ဘာရီ ဟောင်းဝဲလ်၏သုံးသပ်မှုများကို မှတ်တမ်းများကဖော်ပြသည်။

ယခုနှစ် နွေရာသီမကုန်ခင်က ဝင်ရောက်စီးနင်းခဲ့သည့်ရုံးတရုံးမှရှေ့နေတယောက်အပါအဝင် လူအများ၏ ဆက်သွယ်ခဲ့မှုမှအပ ဖြစ်စဉ်၏အချိန်များ၊ ပါဝင်ပတ်သက်ခဲ့သူများ၏အမည်များကို စာရွက်စာတမ်းများတွင် ဖော်ထုတ်ခဲ့ခြင်းမရှိချေ။

တဦးတယောက်မှ ဆက်စပ်ပြစ်မှုမျာဖြင့် လူသိရှင်ကြားအမှုဖွင့်ခံရခြင်းမရှိသေးချေ။

တရားရုံးစာရွက်စာတမ်းများကို အိမ်ဖြူတော်က မှတ်ချက်ပြုရန်ငြင်းဆိုထားသည်။

ထိုဖြစ်ရပ်အတွက် အစိုးရအရာရှိတစုံတယောက်ကိုမှ စုံစမ်းစစ်ဆေးနေခြင်းမရှိဟု တရားရေးဝန်ကြီးဌာန အရာရှိတယောက်က စီအန်အန်ကိုပြောသည်။

Ref : Justice Department investigating potential presidential pardon bribery scheme, court records reveal

#PeopleMedia


Share this post