• Follow Us on

Home အေမရိကန္သမၼတ အသြားအလာကန္႔သတ္ေစာင့္ၾကည့္မႈခံယူေနရ

အေမရိကန္သမၼတ အသြားအလာကန္႔သတ္ေစာင့္ၾကည့္မႈခံယူေနရ

Share this post

၀ါ႐ွင္တန္ဒီစီ၊ ေအာက္တိုဘာ ၂
 
အနီးကပ္လိုက္ပါရသည့္အႀကံေပးအမ်ိဳးသမီးတစ္ေယာက္ကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီးေနာက္ သူႏွင့္ သမၼတကေတာ္တို႔ အသြားအလာေစာင့္ၾကည့္ကန္႔သတ္မႈခံယူေနေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္ကေျပာသည္။
 
အႀကံေပး ဟုတ္ပ္ဟစ္ ကူးစက္ခံရၿပီးေနာက္ သူတို႔လည္း စစ္ေဆးမႈခံယူထားၿပီး ရလဒ္ေစာင့္ဆိုင္းေနေၾကာင္း လည္းေျပာသည္။
 
အသက္ ၃၁ ႏွစ္႐ွိသည့္အႀကံေပးသည္ မစၥတာထရမ့္၏အနီးကပ္ဆံုး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္ အႀကံေပးျဖစ္လာသည္။
 
ယခုတစ္ပတ္အေစာပိုင္းက အိုဟိုင္းယိုးျပည္နယ္တြင္ ႐ုပ္သံစကားစစ္ထိုးရန္ မစၥတာထရမ့္သြားေရာက္စဥ္က သူလည္း အတူလိုက္ပါခဲ့သည္။
 
အဂၤါေန႔က ကလိဗ္လန္ၿမိဳ႕သို႔ သမၼတေလာင္းစကားစစ္ထိုးပြဲသို႔သြားေရာက္ရာတြင္လည္း ႏွာေခါင္းစည္း မပါသည့္ မစၥ ဟစ္က မစၥတာထရမ့္ႏွင့္ ဂ်က္ေလယာဥ္ေပၚတက္သြားသည္ကို ျမင္ရသည္။
 
ဗုဒၶဟူးေန႔တြင္ မင္နီဆိုးတားျပည္နယ္မွ စည္း႐ံုးေရးအခမ္းအနားတစ္ခုတြင္လည္း သမၼတႏွင့္ ရဟတ္ယာဥ္ တစ္စင္းတည္းစီးခဲ့သည္။
 
ယခု ထရမ့္အသြားအလာကန္႔သတ္ေစာင့္ၾကည့္မႈသည္ ယခုလ ၁၅ ရက္တြင္ ဖေလာ္ရီဒါျပည္နယ္၊ မိုင္ယာမီ၌ က်င္းပမည့္ ဒုတိယေျမာက္သမၼတေလာင္းစကားစစ္ထိုးပြဲအစီအစဥ္ကို အေျပာင္းအလဲျဖစ္ႏိုင္ျခင္း႐ွိ၊ မ႐ွိ မ႐ွင္းလင္းေသးေခ်။
 
Ref : Hope Hicks: Top aide to Trump tests positive for coronavirus
 
#Peoplemedia
 
(Unicode)
အမေရိကန်သမ္မတ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေရ
……………………………………………..
 
၀ါရှင်တန်ဒီစီ၊ အောက်တိုဘာ ၂
 
အနီးကပ်လိုက်ပါရသည့်အကြံပေးအမျိုးသမီးတစ်ယောက်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သူနှင့် သမ္မတကတော်တို့ အသွားအလာစောင့်ကြည့်ကန့်သတ်မှုခံယူနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကပြောသည်။
 
အကြံပေး ဟုတ်ပ်ဟစ် ကူးစက်ခံရပြီးနောက် သူတို့လည်း စစ်ဆေးမှုခံယူထားပြီး ရလဒ်စောင့်ဆိုင်းနေကြောင်း လည်းပြောသည်။
 
အသက် ၃၁ နှစ်ရှိသည့်အကြံပေးသည် မစ္စတာထရမ့်၏အနီးကပ်ဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် အကြံပေးဖြစ်လာသည်။
 
ယခုတစ်ပတ်အစောပိုင်းက အိုဟိုင်းယိုးပြည်နယ်တွင် ရုပ်သံစကားစစ်ထိုးရန် မစ္စတာထရမ့်သွားရောက်စဉ်က သူလည်း အတူလိုက်ပါခဲ့သည်။
 
အင်္ဂါနေ့က ကလိဗ်လန်မြို့သို့ သမ္မတလောင်းစကားစစ်ထိုးပွဲသို့သွားရောက်ရာတွင်လည်း နှာခေါင်းစည်း မပါသည့် မစ္စ ဟစ်က မစ္စတာထရမ့်နှင့် ဂျက်လေယာဉ်ပေါ်တက်သွားသည်ကို မြင်ရသည်။
 
ဗုဒ္ဓဟူးနေ့တွင် မင်နီဆိုးတားပြည်နယ်မှ စည်းရုံးရေးအခမ်းအနားတစ်ခုတွင်လည်း သမ္မတနှင့် ရဟတ်ယာဉ် တစ်စင်းတည်းစီးခဲ့သည်။
 
ယခု ထရမ့်အသွားအလာကန့်သတ်စောင့်ကြည့်မှုသည် ယခုလ ၁၅ ရက်တွင် ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီ၌ ကျင်းပမည့် ဒုတိယမြောက်သမ္မတလောင်းစကားစစ်ထိုးပွဲအစီအစဉ်ကို အပြောင်းအလဲဖြစ်နိုင်ခြင်းရှိ၊ မရှိ မရှင်းလင်းသေးချေ။
 
Ref : Hope Hicks: Top aide to Trump tests positive for coronavirus
 
#Peoplemedia

Share this post