• Follow Us on

Home အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အထက်လွှတ်တော်တွင်ကြားနာစစ်ဆေးခံရသော တတိယမြောက် သမ္မတဖြစ်လာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အထက်လွှတ်တော်တွင်ကြားနာစစ်ဆေးခံရသော တတိယမြောက် သမ္မတဖြစ်လာ

Share this post

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတတာဝန်ထမ်းဆောင်ခွင့်ရှိမရှိကို အထက်လွှတ်တော်မှာ ကြားနာ စစ်ဆေးခံရတော့မှာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အခုလို ကြားနာစစ်ဆေးခံရတဲ့ တတိယမြောက် သမ္မတဖြစ်လာခဲ့ပါတယ်။

ထရမ့်ဟာ ၄င်းရဲ့ နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုက်ဒင်ကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်းကို ဖိအားပေးမှု စွပ်စွဲချက်နဲ့ အာဏာအလွဲသုံးစာပြုလုပ်မှု၊ ၄င်းအားလွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ခြင်းမရှိတဲ့အတွက် လွှတ်တော်ဝတ္တရားနှောင့်ယှက်မှုစတဲ့ ပြစ်ချက်နှစ်ခုအတွက် အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးခံရမှာ ဖြစ်ပါတယ်။

အထက်လွှတ်တော်ရဲ့ ကြားနာစစ်ဆေးမှုမှာ လုံးဝအပြစ်လွတ်ကင်းလိမ့်မယ်လို့ သမ္မတယုံကြည်ချက်ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

အောက်လွှတ်တော်က ထရမ့်ကို ပြစ်ချက်နှစ်ခုအတွက် အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးမှုခံယူဖို့ မဲခွဲဆုံး ဖြတ်ခဲ့ရာမှာ ပထမပြစ်ချက်အတွက် ထောက်ခံမဲ ၂၃၀-၁၉၇ နဲ့ ဒုတိယပြစ်ချက်အတွက် ထောက်ခံမဲ ၂၂၉-၁၉၈ တို့နဲ့အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးမှုခံယူဖို့ အတည်ပြုနိုင်ခဲ့တာပါ။

အခုလို မဲခွဲဆုံးဖြတ်ပြီးနောက် အမေရိကန်သမ္မတဟောင်းတွေဖြစ်ကြတဲ့ အန်ဒရူးဂျွန်ဆင်နဲ့ ဘေလ်ကလင်တန် တို့နောက် ထရမ့်ဟ အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးခံရတဲ့ တတိယမြောက်သမ္မတ ဖြစ်လာခဲ့ပါတယ်။

Ref; Reuters

#PeopleMedia #International

(Unicode)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အထက်လွှတ်တော်တွင်ကြားနာစစ်ဆေးခံရသော တတိယမြောက် သမ္မတဖြစ်လာ
……………………………………………………………

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတတာဝန်ထမ်းဆောင်ခွင့်ရှိမရှိကို အထက်လွှတ်တော်မှာ ကြားနာ စစ်ဆေးခံရတော့မှာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အခုလို ကြားနာစစ်ဆေးခံရတဲ့ တတိယမြောက် သမ္မတဖြစ်လာခဲ့ပါတယ်။

ထရမ့်ဟာ ၄င်းရဲ့ နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုက်ဒင်ကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်းကို ဖိအားပေးမှု စွပ်စွဲချက်နဲ့ အာဏာအလွဲသုံးစာပြုလုပ်မှု၊ ၄င်းအားလွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်ခြင်းမရှိတဲ့အတွက် လွှတ်တော်ဝတ္တရားနှောင့်ယှက်မှုစတဲ့ ပြစ်ချက်နှစ်ခုအတွက် အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးခံရမှာ ဖြစ်ပါတယ်။

အထက်လွှတ်တော်ရဲ့ ကြားနာစစ်ဆေးမှုမှာ လုံးဝအပြစ်လွတ်ကင်းလိမ့်မယ်လို့ သမ္မတယုံကြည်ချက်ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

အောက်လွှတ်တော်က ထရမ့်ကို ပြစ်ချက်နှစ်ခုအတွက် အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးမှုခံယူဖို့ မဲခွဲဆုံး ဖြတ်ခဲ့ရာမှာ ပထမပြစ်ချက်အတွက် ထောက်ခံမဲ ၂၃၀-၁၉၇ နဲ့ ဒုတိယပြစ်ချက်အတွက် ထောက်ခံမဲ ၂၂၉-၁၉၈ တို့နဲ့အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးမှုခံယူဖို့ အတည်ပြုနိုင်ခဲ့တာပါ။

အခုလို မဲခွဲဆုံးဖြတ်ပြီးနောက် အမေရိကန်သမ္မတဟောင်းတွေဖြစ်ကြတဲ့ အန်ဒရူးဂျွန်ဆင်နဲ့ ဘေလ်ကလင်တန် တို့နောက် ထရမ့်ဟ အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးခံရတဲ့ တတိယမြောက်သမ္မတ ဖြစ်လာခဲ့ပါတယ်။

Ref; Reuters

#PeopleMedia #International


Share this post