• Follow Us on

Home အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ သမၼတကေတာ္တို႔ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ သမၼတကေတာ္တို႔ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂
သူႏွင့္ သမၼတကေတာ္ မဲလန္နီယာထရမ့္တို႔တြင္ ကိုရိုနာဗိုင္းရပ္စ္ပိုး စမ္းသပ္ေတြ႕ရွိခဲ့ေၾကာင္း အေမရိ ကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားလိုက္သည္။
“ကၽြန္ေတာ္တို႔ သီးျခားခြဲေနမႈ စတင္ေတာ့မွာျဖစ္ၿပီး ျပန္လည္သက္သာေရးလုပ္ငန္းစဥ္ ခ်က္ခ်င္း ေဆာင္ ရြက္မွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ ဒီကပ္ေရာဂါကို အတူေက်ာ္ျဖတ္ၾကပါမယ္” ဟု သမၼတထရမ့္က တြစ္တာ၌ ေရးသားခဲ့သည္။
သမၼတႏွင့္ သမၼတကေတာ္တို႔မွာ လက္ရွိအခ်ိန္တြင္ က်န္းမာေရးေကာင္းမြန္ေနၿပီး အိမ္ျဖဴေတာ္ရွိ ေနအိမ္၌ သီးျခားခြဲေနရန္ စီစဥ္ေနေၾကာင္း အိမ္ျဖဴေတာ္သမားေတာ္ ေရွာင္ကြန္ေလက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။
သမၼတထရမ့္က သီးျခားခြဲေနစဥ္အတြင္း တာဝန္မ်ား ဆက္လက္ထမ္းေဆာင္မည္ဟု ေမၽွာ္လင့္ေၾကာင္း ၄င္းက ေျပာၾကားသည္။
ထိပ္တန္းလက္ေထာက္ျဖစ္သူ ဟုပ္ဟက္စ္တြင္ ကိုရိုနာဗိုင္းရပ္စ္ပိုး စမ္းသပ္ေတြ႕ရွိၿပီးေနာက္ သီးျခားခြဲ ေနေရး လုပ္ငန္းစဥ္တစ္ရပ္ စတင္မည္ဟု သမၼတ ထရမ့္က ေျပာၾကားၿပီးေနာက္ နာရီအနည္းငယ္အၾကာတြင္ ယခု ကဲ့သို႔ ေၾကညာခဲ့ျခင္းျဖစ္သည္။
ဗိုင္းရပ္စ္ကူးစက္ခံရနိုင္မႈေၾကာင့္ ျပည္သူမ်ား အိမ္တြင္းေနၾကရန္ႏွင့္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ တားဆီး ကာကြယ္ေရး ဗဟိုဌာနက ေျပာၾကားသည္။
ျပည္သူမ်ားအေနျဖင့္ ႏွစ္ပတ္ၾကာ ေနအိမ္၌ သီးျခားခြဲေနသင့္ေၾကာင္း၊ ေဒၚနယ္ထရမ့္ႏွင့္ ဒီမိုကရက္တစ္ ၿပိဳင္ဘက္ ဂ်ိဳးဘီဒင္တို႔ၾကား ဒုတိယအႀကိမ္ စကားစစ္ထိုးပြဲကို ေအာက္တိုဘာလ ၁၅ ရက္တြင္ ျပဳလုပ္မည္ဟု အဆိုပါေအဂ်င္စီက ဆိုသည္။
ထရမ့္ႏွင့္ အခ်ိန္မ်ားစြာၾကာ အနီးကပ္ရွိခဲ့သည့္ ဟုပ္ဟက္စ္သည္ ကလိလန္ၿမိဳ႕ေတာ္၌ျပဳလုပ္ခဲ့သည့္ စ ကားစစ္ထိုးပြဲသို႔ သမၼတႏွင့္အတူ သြားေရာက္ခဲ့သည္။
အဆိုပါအခမ္းအနား၌ သူ႔အား ႏွာေခါင္းစည္းမတပ္ဆင္ပဲ ေတြ႕ျမင္ခဲ့ရသည္။
အသက္ ၇၄ ႏွစ္အရြယ္ သမၼတထရမ့္က ရံဖန္ရံခါမွသာ ႏွာေခါင္းစည္း ဝတ္ဆင္ေလ့ရွိၿပီး အသက္ ၇၇ ႏွစ္အရြယ္ ဂ်ိဳးဘီဒင္ကလည္း တစ္ခါတစ္ရံမွသာ မ်က္ႏွာကာ တပ္ဆင္ေလ့ရွိသည္။
ကိုးကား – စီအန္ဘီစီ
Ref; President Donald Trump says he has tested positive for coronavirus
(Unicode)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
……………………………………………
နိုင်ငံတကာ၊ အောက်တိုဘာ ၂
သူနှင့် သမ္မတကတော် မဲလန်နီယာထရမ့်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
“ကျွန်တော်တို့ သီးခြားခွဲနေမှု စတင်တော့မှာဖြစ်ပြီး ပြန်လည်သက်သာရေးလုပ်ငန်းစဉ် ချက်ချင်း ဆောင် ရွက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီကပ်ရောဂါကို အတူကျော်ဖြတ်ကြပါမယ်” ဟု သမ္မတထရမ့်က တွစ်တာ၌ ရေးသားခဲ့သည်။
သမ္မတနှင့် သမ္မတကတော်တို့မှာ လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်နေပြီး အိမ်ဖြူတော်ရှိ နေအိမ်၌ သီးခြားခွဲနေရန် စီစဉ်နေကြောင်း အိမ်ဖြူတော်သမားတော် ရှောင်ကွန်လေက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။
သမ္မတထရမ့်က သီးခြားခွဲနေစဉ်အတွင်း တာဝန်များ ဆက်လက်ထမ်းဆောင်မည်ဟု မျှော်လင့်ကြောင်း ၄င်းက ပြောကြားသည်။
ထိပ်တန်းလက်ထောက်ဖြစ်သူ ဟုပ်ဟက်စ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိပြီးနောက် သီးခြားခွဲ နေရေး လုပ်ငန်းစဉ်တစ်ရပ် စတင်မည်ဟု သမ္မတ ထရမ့်က ပြောကြားပြီးနောက် နာရီအနည်းငယ်အကြာတွင် ယခု ကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်ခံရနိုင်မှုကြောင့် ပြည်သူများ အိမ်တွင်းနေကြရန်နှင့် ရောဂါထိန်းချုပ်ရေးနှင့် တားဆီး ကာကွယ်ရေး ဗဟိုဌာနက ပြောကြားသည်။
ပြည်သူများအနေဖြင့် နှစ်ပတ်ကြာ နေအိမ်၌ သီးခြားခွဲနေသင့်ကြောင်း၊ ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ် ပြိုင်ဘက် ဂျိုးဘီဒင်တို့ကြား ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို အောက်တိုဘာလ ၁၅ ရက်တွင် ပြုလုပ်မည်ဟု အဆိုပါအေဂျင်စီက ဆိုသည်။
ထရမ့်နှင့် အချိန်များစွာကြာ အနီးကပ်ရှိခဲ့သည့် ဟုပ်ဟက်စ်သည် ကလိလန်မြို့တော်၌ပြုလုပ်ခဲ့သည့် စ ကားစစ်ထိုးပွဲသို့ သမ္မတနှင့်အတူ သွားရောက်ခဲ့သည်။
အဆိုပါအခမ်းအနား၌ သူ့အား နှာခေါင်းစည်းမတပ်ဆင်ပဲ တွေ့မြင်ခဲ့ရသည်။
အသက် ၇၄ နှစ်အရွယ် သမ္မတထရမ့်က ရံဖန်ရံခါမှသာ နှာခေါင်းစည်း ဝတ်ဆင်လေ့ရှိပြီး အသက် ၇၇ နှစ်အရွယ် ဂျိုးဘီဒင်ကလည်း တစ်ခါတစ်ရံမှသာ မျက်နှာကာ တပ်ဆင်လေ့ရှိသည်။
ကိုးကား – စီအန်ဘီစီ
Ref; President Donald Trump says he has tested positive for coronavirus

Share this post