• Follow Us on

Home အေမရိကန္သို႔သြားမည့္ ေရႊ႕ေျပာင္းဒုကၡသည္ ၈၀၀ ေက်ာ္ကို မကၠဆီကို အာဏာပိုင္ မ်ား ဖမ္းဆီး

အေမရိကန္သို႔သြားမည့္ ေရႊ႕ေျပာင္းဒုကၡသည္ ၈၀၀ ေက်ာ္ကို မကၠဆီကို အာဏာပိုင္ မ်ား ဖမ္းဆီး

Share this post

ႏိုင္ငံတကာ၊ ဇန္နဝါရီ ၂၄

အေမရိကန္နယ္စပ္သို႔ေရာက္ရွိရန္ရည္ရြယ္ထားသည့္ ဂြါတီမာလာႏိုင္ငံမွ မကၠဆီကိုႏိုင္ငံသို႔ ၀င္ေရာက္လာေသာ ဒုကၡသည္ ၈၀၀ ကို မကၠဆီကို အာဏာပိုင္မ်ားက ဖမ္းဆီးထိန္းသိမ္းလိုက္ၿပီး ဗဟိုအာဖရိကမွ ဒုကၡသည္မ်ားအေပၚ တင္းၾကပ္သည့္အစီအမံမ်ားခ်မွတ္လိုက္သည္။

အေမရိကန္နယ္စပ္သို႔ မကၠဆီကိုမွတစ္ဆင့္သြားေရာက္ရန္ ႀကိဳးစားေနသည့္ ဗဟိုအာဖရိကေဒသမွ ေရႊ႕ေျပာင္း ဒုကၡသည္မ်ားကို ထိန္းသိမ္းရန္ မကၠဆီကိုႏိုင္ငံကို အေမရိကန္သမၼတ ေဒၚနယ္ထရန္႔ အျပင္းအထန္ဖိအားေပးေနသည္။

အုပ္ထိန္းသူမပါသည့္ အရြယ္မေရာက္ေသးသူမ်ားအပါအ၀င္ ေရႊ႕ေျပာင္းဒုကၡသည္ ၈၀၀ ကို ၎တို႔အား စားစရာ၊ ေနစရာႏွင့္ ေဆးဝါးေစာင့္ေရွာက္မႈမ်ား ေပးႏိုင္သည့္ လူ၀င္မႈႀကီးၾကပ္ေရးထိန္းသိမ္းစခန္းမ်ားသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း မကၠဆီကို အမ်ိဳးသားဒုကၡသည္ဆိုင္ရာအင္စတီက်ဳက ေျပာသည္။

၎တို႔၏လာေရာက္မႈသည္ တရား၀င္မဟုတ္ပါက မိခင္ႏိုင္ငံမ်ားသို႔ ျပန္ရလိမ့္မည္ျဖစ္ၿပီး က်န္ရွိေနေသးသည့္ ဒုကၡသည္ ၂၀၀ ေက်ာ္ကိုလည္း ရွာေဖြေနေၾကာင္း အဆိုပါအင္စတီက်ဳကေျပာသည္။

ယမန္ေန႔အေစာပိုင္းတြင္ ကေလးငယ္မ်ားပါေခၚေဆာင္လာသည့္မိသားစုမ်ားပါ၀င္ေသာ ဂြါတီမာလာမွေရႊ႕ေျပာင္းဒုကၡသည္မ်ားသည္ ဆူခ်ီအာတီျမစ္ကိုျဖတ္ကူးကာ မကၠဆီကိုႏိုင္ငံအတြင္း ၀င္ေရာက္လာၿပီးေနာက္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားႏွင့္ အဓိက႐ုဏ္းမ်ား ျဖစ္ပြားခဲ့သည္။

Ref : Mexican security forces detain 800 Central American migrants

#peoplemedia #InternationalNews

(unicode)
အမေရိကန်သို့သွားမည့် ရွှေ့ပြောင်းဒုက္ခသည် ၈၀၀ ကျော်ကို မက္ကဆီကို အာဏာပိုင် များ ဖမ်းဆီး
……………………………………………………………………………………..

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၄

အမေရိကန်နယ်စပ်သို့ရောက်ရှိရန်ရည်ရွယ်ထားသည့် ဂွါတီမာလာနိုင်ငံမှ မက္ကဆီကိုနိုင်ငံသို့ ၀င်ရောက်လာသော ဒုက္ခသည် ၈၀၀ ကို မက္ကဆီကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ဗဟိုအာဖရိကမှ ဒုက္ခသည်များအပေါ် တင်းကြပ်သည့်အစီအမံများချမှတ်လိုက်သည်။

အမေရိကန်နယ်စပ်သို့ မက္ကဆီကိုမှတစ်ဆင့်သွားရောက်ရန် ကြိုးစားနေသည့် ဗဟိုအာဖရိကဒေသမှ ရွှေ့ပြောင်း ဒုက္ခသည်များကို ထိန်းသိမ်းရန် မက္ကဆီကိုနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အပြင်းအထန်ဖိအားပေးနေသည်။

အုပ်ထိန်းသူမပါသည့် အရွယ်မရောက်သေးသူများအပါအ၀င် ရွှေ့ပြောင်းဒုက္ခသည် ၈၀၀ ကို ၎င်းတို့အား စားစရာ၊ နေစရာနှင့် ဆေးဝါးစောင့်ရှောက်မှုများ ပေးနိုင်သည့် လူ၀င်မှုကြီးကြပ်ရေးထိန်းသိမ်းစခန်းများသို့ လွှဲပြောင်းပေးခဲ့ကြောင်း မက္ကဆီကို အမျိုးသားဒုက္ခသည်ဆိုင်ရာအင်စတီကျုက ပြောသည်။

၎င်းတို့၏လာရောက်မှုသည် တရား၀င်မဟုတ်ပါက မိခင်နိုင်ငံများသို့ ပြန်ရလိမ့်မည်ဖြစ်ပြီး ကျန်ရှိနေသေးသည့် ဒုက္ခသည် ၂၀၀ ကျော်ကိုလည်း ရှာဖွေနေကြောင်း အဆိုပါအင်စတီကျုကပြောသည်။

ယမန်နေ့အစောပိုင်းတွင် ကလေးငယ်များပါခေါ်ဆောင်လာသည့်မိသားစုများပါ၀င်သော ဂွါတီမာလာမှရွှေ့ပြောင်းဒုက္ခသည်များသည် ဆူချီအာတီမြစ်ကိုဖြတ်ကူးကာ မက္ကဆီကိုနိုင်ငံအတွင်း ၀င်ရောက်လာပြီးနောက် လုံခြုံရေးတပ်ဖွဲ့၀င်များနှင့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

Ref : Mexican security forces detain 800 Central American migrants

#peoplemedia #InternationalNews


Share this post