• Follow Us on

Home အမေရိကန်သံအမတ်ကြီး ထိုင်ဝမ်သို့သွားလျှင် တန်ဖိုးကြီးကြီးပေးရမည်ဟု တရုတ်နိုင်ငံ ခြိမ်းခြောက်

အမေရိကန်သံအမတ်ကြီး ထိုင်ဝမ်သို့သွားလျှင် တန်ဖိုးကြီးကြီးပေးရမည်ဟု တရုတ်နိုင်ငံ ခြိမ်းခြောက်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားသည့်အတိုင်း ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ကယ်လီခရတ်ဖ်အနေဖြင့် လာမည့်ရက်များအတွင်း ထိုင်ဝမ်သို့ သွားရောက်မည်ဆိုပါက တန်ဖိုးကြီးကြီး ပေးရမည်ဟု တရုတ်နိုင်ငံက ဇန်နဝါရီလ ၇ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။

“အမေရိကန်နိုင်ငံအနေနဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက်အတွက် တန်ဖိုးကြီးမားစွာ ပေးဆပ်ရပါလိမ့်မယ်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်၏ ထုတ်ပြန်ချက်တစ်ရပ်က ဆိုသည်။

ရန်စမှုရပ်တန့်ရန်၊ တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ကုလသမဂ္ဂ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အခက်အခဲများဖန်တီးမှု ရပ်တန့်ရန်နှင့် မှားယွင်းသောလမ်းလျှောက်လှမ်းနေမှု ရပ်တန့်ရန် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံက အမေရိကန်အထူးကိုယ်စားလှယ်၏ ထိုင်ဝမ်ခရီးစဉ်ကို ဆန့်ကျင်ပြီး ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုဆိုသော မူဝါဒကို ဆုပ်ကိုင်ထားကြောင်း ပြောသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကယ်လီခရတ်ဖ်က ထိုင်ဝမ်အကြီးတန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်အထိ ထိုင်ဝမ်သို့ သွားရောက်ရန် စီစဉ်ထား ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်က ပြောသည်။

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကလည်း အဆိုပါခရီးစဉ်ကို ဝေဖန်ခဲ့ပြီး ထိုင်ဝမ်သို့ အမေရိကန်သံ အမတ်ကြီး သွားရောက်မှုက တရုတ်နိုင်ငံ၏ အချုပ်အချာအာဏာကို ချိုးဖောက်ရာကျမည်ဟု ပြောသည်။

အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်မှု၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးနှင့်ပတ်သက်၍ တင်းမာမှုများ ဖြစ် ပေါ်နေစဉ် ပြီးခဲ့သည့်နှစ်အတွင်း သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ထိုင်ဝမ်သို့ သွား ရောက်ခဲ့ကြသည်။

ကိုးကား – စီအန်အေ

Ref; Beijing says Washington to pay ‘heavy price’ if UN ambassador goes to Taiwan

#PeopleMedia

(unicode)
…………………………………………………………










Ref; Beijing says Washington to pay ‘heavy price’ if UN ambassador goes to Taiwan

#PeopleMedia


Share this post