• Follow Us on

Home အမေရိကန်အစိုးရက တာလီဘန်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြန်လည်စတင်

အမေရိကန်အစိုးရက တာလီဘန်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြန်လည်စတင်

Share this post

နိုင်ငံတကာ၊ မတ် ၁

 

သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် တာလီဘန်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု များ ပြန်လည်စတင်ရန် အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသသို့ စေ့စပ်ညှိနှိုင်းသူများ စေလွှတ်မည်ဟု အ မေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

 

အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဇာလ်မေခါလီ ဇက်က အာဖဂန်အစိုးရ တာဝန်ရှိသူများ၊ တာလီဘန်အဖွဲ့ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် အာဖဂန်နစ္စတန်နှင့် ကာတာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

 

“တာရှည်ခံတဲ့ နိုင်ငံရေးဖြေရှင်းမှုနှင့် အမြဲတမ်း အပစ်အခတ်ရပ်စဲရေး ရရှိအောင်မြင်ဖို့ ခါလီဇက်က အာဖ ဂန်ခေါင်းဆောင်တွေ၊ တာလီဘန်ကိုယ်စားလှယ်တွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ ပြန်လည်စတင်မှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

 

သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် တာလီဘန်အဖွဲ့နှင့် အမေရိကန်နိုင်ငံ၏ ထိပ်တန်း စေ့စပ် ညှိနှိုင်းသူဖြစ်ခဲ့သည့် ခါလီဇက်က အမေရိကန်နိုင်ငံနှင့် တာလီဘန်အဖွဲ့တို့ ပြီးခဲ့သည့်နှစ်အတွင်း လက်မှတ်ရေးထိုး ခဲ့သည့် ဒိုဟာ သဘောတူညီချက်အပေါ် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့၏ စောင့်ထိန်းမှုကို ပြသခြင်းဖြစ်သည်။

 

အဆိုပါ သဘောတူညီချက်အရ တာလီဘန်အဖွဲ့က အကြမ်းဖက်မှု လျှော့ချရန်နှင့် အကြမ်းဖက်အဖွဲ့အ စည်းနှင့် ဆက်ဆံမှုဖြတ်တောက်ရန်အပြင် အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံရှိ တပ်ဖွဲ့များကို ယခုနှစ် မေ လမတိုင်မီ ဆုတ်ခွာရမည်ဖြစ်သည်။

 

အမေရိကန်နိုင်ငံနှင့် သဘောတူညီချက်အရ တာလီဘန်အဖွဲ့က ကတိကဝတ်များကို မစောင့်ထိန်းခြင်း ကြောင့် သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက အာဖဂန်နစ္စတန်နိုင်ငံရှိ တပ်ဖွဲ့ဝင်အရေအတွက်ကို အပြည့်အဝ ရုတ်သိမ်း မည်မဟုတ်ဟု အမေရိကန်နိုင်ငံက ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်လ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား၌ အာဖဂန်နစ္စတန်နိုင်ငံက “တစ်ကယ့် စိန်ခေါ်မှုသစ်တစ် ခု” အဖြစ် ဖော်ပြခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဂျိုးဘိုင်ဒင်အစိုးရ၏ နိုင်ငံခြား ရေးမူဝါဒကို အသိပေးခဲ့ပြီးဖြစ်သည်။

 

“ကျွန်တော်တို့ အမြဲဖြစ်ပွားနေတဲ့စစ်ပွဲ အဆုံးသတ်ချင်ပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေကို အိမ်ပြန်ခေါ် ချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

 

ကိုးကား – စီအန်အန်

 

Ref; Biden administration resumes Taliban peace talks

 

#PeopleMedia

 

(unicode)

…………………………………………..











Ref; Biden administration resumes Taliban peace talks

#PeopleMedia


Share this post