• Follow Us on
Latest News

Home အမေရိကန်အစိုးရမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ထောက်ပံ့

အမေရိကန်အစိုးရမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ထောက်ပံ့

Share this post

နေပြည်တော်၊ သြဂုတ် ၁၁ (People Media)

 

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုတွေ၊ မတရားဖိနှိပ်အရေးယူမှုတွေက ထွက်ပြေးတိမ်းရှောင်နေရသူတွေကို အကူ အညီပေးရန် ဒေါ်လာ သန်း ၅၀ ကျော် ထောက်ပံ့အကူအညီပေးထားကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သြဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါဖော်ပြချက်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ပြည်သူများသည် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် ၎င်းတို့၏နေအိမ်များမှ စွန့်ခွှာထွက် ပြေးနေရမှုများရှိနေပြီး မြန်မာနိုင်ငံမှ ထွက်ပြေးလာရသူများ (သို့) မြန်မာနိုင်ငံတစ်လွှားမှ ၎င်းတို့နေအိမ်များ စွန့် ခွာထွက်ပြေးလာရသူများအပါအဝင် မြန်မာပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ၊ အသက် ကယ်တင်စောင့်ရှောက်ရေး၊ မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှု၊ ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေးသန့်ရှင်းရေး ဝန် ဆောင်မှုအကူအညီများကို ပေးအပ်နိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

ထို့ကြောင့် အမေရိကန်ပြည်သူများထံမှ ယခုအကူအညီဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရှိ ပြည်သူ ၇ သိန်းကျော်အတွက် အကျိုးရှိစေမည်ဖြစ်ပြီး လူ့ အသက်ကယ်ဆယ်စောင့်ရှောက်ရေး အကူအညီအတွက်လည်း ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

 

Photo – မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး

 

#PeopleMedia #အမေရိကန်-မြန်မာ #လူသားချင်းစာနာမှုအကူအညီ

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post