• Follow Us on

Home အမေရိကန်အထက်လွှတ်တော်က ပထမဆုံးသော အာဖရိကနွယ်ဖွားကို ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြု

အမေရိကန်အထက်လွှတ်တော်က ပထမဆုံးသော အာဖရိကနွယ်ဖွားကို ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြု

Share this post

နိုင်ငံတကာ ၊ ဇန်နဝါရီ ၂၃ (People Media)
 
သမ္မတ ဂျိုးဘိုင်ဒင် အဆိုပြုထားသည့် အငြိမ်းစား ကြည်းတပ်ဗိုလ်ချုပ်ကြီး ဖလွိုက်အော်စတင်အား အ မေရိကန်နိုင်ငံ၏ ပထမဆုံးသော အာဖရိကနွယ်ဖွား ကာကွယ်ရေးဝန်ကြီးအဖြစ် အထက်လွှတ်တော်က အတည် ပြုလိုက်ပြီဖြစ်သည်။
 
အသက် ၆၇ နှစ်အရွယ် အော်စတင်အား အမေရိကန် အထက်လွှတ်တော်က ထောက်ခံမဲ ၉၃ မဲ၊ ကန့် ကွက်မဲနှစ်မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။
“အမေရိကန်နိုင်ငံရဲ့ ၂၈ ဦးမြောက် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရတာနဲ့ ဒီရာထူး ခန့် အပ်ခံရတဲ့ ပထမဆုံး အာဖရကနွယ်ဖွား အမေရိကန်နိုင်ငံသားဖြစ်ရတာ အလွန်ပဲ ဂုဏ်ယူမိပါတယ်” ဟု အော်စ တင်က တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။
 
ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့၏ စစ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ကာကွယ် ဆေး ဖြန့်ဖြူးမှုဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကိစ္စရပ်များ စီမံကွပ်ကဲရန် အော်စတင်အား တာဝန်ပေးအပ်မည် ဖြစ်သည်။
 
အမေရိကန် ဗဟိုစစ်ဌာနချုပ် တပ်မှူးဟောင်း ဗိုလ်ချုပ်ကြီး အော်စတင်က အမေရိကန်တပ်မတော်၌ နှစ် ပေါင်း ၄၀ ကျော်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၆ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။
 
အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် အမေရိကန်တပ်မ တော်၏ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အမေရိကန်တပ်ဖွဲ့များနေရာတွင် ညွန့်ပေါင်းတပ်ဖွဲ့များ အစားထိုးရေးကို ကွပ်ကဲခဲ့သည်။
 
အမေရိကန် ကွန်ဂရက်က အော်စတင်အား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်မှုကို အတည်ပြုခဲ့သည်။ အမေရိကန်နိုင်ငံ ဥပဒေအရ ပင်တဂွန်အကြီးအကဲအဖြစ် ခန့်အပ်မည့်သူက တပ်မတော်မှ ခုနှစ်နှစ်ထက်မနည်း အငြိမ်းစားယူပြီးသူဖြစ်ရမည်ဟု ဖော်ပြပါရှိသည်။
 
Ref; U.S. Senate confirms Lloyd Austin as 1st African American secretary of defense
 
(unicode)
…………………………………………………….
 
 
 
 
 
 
 
 
Ref; U.S. Senate confirms Lloyd Austin as 1st African American secretary of defense

Share this post