• Follow Us on

Home အမေရိကန်အထူးတပ်ဖွဲ့ဝင်များ ထိုင်ဝမ်တပ်ဖွဲ့ဝင်များကို လျှို့ဝှက်စစ်သင်တန်းပို့ချနေ

အမေရိကန်အထူးတပ်ဖွဲ့ဝင်များ ထိုင်ဝမ်တပ်ဖွဲ့ဝင်များကို လျှို့ဝှက်စစ်သင်တန်းပို့ချနေ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၉ (People Media)

 

အမေရိကန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိုင်ဝမ်တပ်ဖွဲ့ဝင်များကို လျှို့ဝှက်စစ်သင်တန်းများ သင် ကြားပေးနေသည်မှာ လပေါင်းများစွာကြာမြင့်နေပြီဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှအရာရှိတစ်ဦးက အောက် တိုဘာလ ၇ ရက်နေ့ကပြောကြားလိုက်သည်။

 

အမေရိကန်အထူးတပ်ဖွဲ့ဝင်များနှင့် သမရိုးကျတပ်ဖွဲ့ဝင်များပါဝင်သော အင်အား ၂၀ ဝန်းကျင်ရှိတပ်ဖွဲ့တစ်ဖွဲ့ သည် ထိုင်ဝမ်တပ်ဖွဲ့ဝင်များကို စစ်သင်တန်းသင်ကြားပေးနေသည်မှာ တစ်နှစ်ပျော့ပျော့ရှိပြီဖြစ်ကြောင်း၊ သင် တန်းနည်းပြအချို့မှာ အလှည့်ကျ အပြောင်အလဲနှင့် သင်ကြားပေးနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက AFP သတင်းဌာနသို့ပြောသည်။

 

အမေရီကန်ပြည်ထောင်စု၏မဟာမိတ်နိုင်ငံ ထိုင်ဝမ်အား တရုတ်နိုင်ငံကခြိမ်းခြောက်မှုများမြင့်တက်လာစဉ် ယခု ကဲ့သို့ စစ်သင်တန်းပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းပေးနေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

 

သင်တန်းကိစ္စနှင့်ပတ်သက်၍ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း ထိုင်ဝမ်စစ်ဘက်ကို အမေရိကန်ကထောက်ပံ့ခြင်းသည် ကာကွယ်ရေးလိုအပ်ချက်အရ ဆောင်ရွက်ခြင်းဖြစ် ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ဆပ်ပဲလ်က ပြောသည်။

 

“ထိုင်ဝမ်နိုင်ငံကို ကျွန်တော်တို့ထောက်ပံ့တာတွေ၊ ထိုင်ဝမ်နဲ့ ကျွန်တော်တို့ စစ်ရေးအရဆက်ဆံတာတွေဟာ တရုတ်နိုင်ငံကပြုလုပ်နေတဲ့ လက်ရှိခြိမ်းခြောက်မှုတွေနဲ့ ချိန်ညှိပြီး ဆောင်ရွက်နေတာပါ။ ထိုင်ဝမ်ရေလက်ကြား ကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာဖြေရှင်းမယ်ဆိုတဲ့ ကတိကဝတ်တွေအတိုင်း ဂုဏ်သိက္ခာရှိရှိဆောင်ရွက်ဖို့ အတွက် တရုတ်နိုင်ငံကို ကျွန်တော်တို့တိုက်တွန်းပါတယ်။” ဟု ဂျွန်ဆပ်ပဲလ်က ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

 

ပြဿနာတစ်ခုတည်းက ထောက်ပံ့မှုများစွာကို ဆွဲဆောင်နေကြောင်း ထိုင်ဝမ်ဝန်ကြီးချုပ် ဆုစန်ချန်းက ပြော သည်။ “ဒေသတွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းရင်း ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ကျွန်တော်တို့ လူမျိုးတွေကို ကာကွယ်ဖို့အတွက် ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ကျွန်တော်တို့ ဆောင်ရွက်မှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်သမျှ တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်သွားမှာပဲဖြစ်တယ်။ ကျွန်တော်တို့နဲ့ အတူတကွ လက်တွဲလုပ်ကိုင်နေတဲ့ စိတ်တူ ကိုယ်တူတိုင်းပြည်တွေကို အထူးကျေးဇူးတင်အသိအမှတ်ပြုပါတယ်။” ဟု ၎င်း ကပြောသည်။

 

ထိုင်ဝမ်မရိန်းတပ်ဖွဲ့ဝင်များနှင့် အထူးတပ်ဖွဲ့ဝင်များကို သင်တန်းများပို့ချရန် အမေရိကန်တပ်ဖွဲ့ဝင်များ ထိုင်ဝမ် နိုင်ငံသို့ရောက်ရှိလာကြောင်း လွန်ခဲ့သည့်နှစ် နိုဝင်ဘာလအတွင်က ထိုင်ဝမ်မီဒီယာများကကြေညာခဲသော် လည်း အဆိုပါသတင်းကို အမေရိကန်ရော ထိုင်ဝမ်ဘက်ကပါ ငြင်းဆိုခဲ့ကြသည်။

 

Ref: US Special Forces Quietly Training Taiwanese: Official

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: US Special Forces Quietly Training Taiwanese: Official

 

#PeopleMedia


Share this post