• Follow Us on

Home အေမရိကန္အရာ႐ွိႀကီး၏ ဘဂၤလားေဒ့႐ွ္ခရီးစဥ္တြင္ ဘဂၤါလီအေရးဦးစားေပးေဆြးေႏြးမည္ဟု ဘဂၤလားေဒ့႐ွ္ ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

အေမရိကန္အရာ႐ွိႀကီး၏ ဘဂၤလားေဒ့႐ွ္ခရီးစဥ္တြင္ ဘဂၤါလီအေရးဦးစားေပးေဆြးေႏြးမည္ဟု ဘဂၤလားေဒ့႐ွ္ ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

Share this post

ဒါကာ၊ ေအာက္တိုဘာ ၁၃
 
အေမရိကန္အရာ႐ွိႀကီးတေယာက္၏ဘဂၤလားေဒ့႐ွ္ခရီးစဥ္တြင္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)အေရးကို ဦးစားေပးၿပီး ဘဂၤါလီမ်ားျမန္မာႏုိင္ငံသို႔အျမန္ျပန္ေရးအတြက္ အေမရိကန္အပါအ၀င္ကမာၻ႔ေထာက္ခံမႈရရန္ ႀကိဳးပမ္းမည္ဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး ေအေက အဗၺဒူ မိုမန္ကေျပာသည္။
 
အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနမွ ဒုတိယ၀န္ႀကီး စတီဖင္ ဘီဂန္က ဘဂၤလားေဒ့႐ွ္ႏုိင္ငံသို႔ ဗုဒၶဟူးေန႔ မနက္ပိုင္းတြင္ ေရာက္႐ွိမည္ျဖစ္သည္။ ဘဂၤလားေဒ့႐ွ္ႏိုင္ငံအေနျဖင့္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ားကို စိတ္မ၀င္စားေၾကာင္းလည္းေျပာသည္။
 
ဘဂၤလားေဒ့႐ွ္ႏိုင္ငံသည္ ဘဂၤါလီအၾကပ္အတည္းတြင္ သားေကာင္ျဖစ္ေနၿပီး ကမာၻ႔ႏိုင္ငံႀကီးမ်ားအေနျဖင့္ ေဆြးေႏြးမႈမ်ားတြင္ပါ၀င္ေစခ်င္ေၾကာင္းလည္းေျပာသည္။
 
မၾကာေသးခင္က ေကာ့က္စ္ဘဇား႐ွိဒုကၡသည္စခန္းမ်ားတြင္ အာဆာအပါအ၀င္ဂိုဏ္မ်ားေနရာလုျခင္းေၾကာင့္ ေဒသခံမ်ားႏွင့္ဘဂၤါလီမ်ားေသဆံုးခဲ့ၿပီးေနာက္ စခန္းမ်ားကိုထိန္းသိမ္းရန္ႏွင့္ ၿခံစည္း႐ိုးခတ္ရန္႐ွိေနေၾကာင္း လည္း ေျပာသည္။
 
သူတို႔မကာမရံဘဲထားၿပီး ေမြးရပ္ေျမသို႔ျပန္ခြင့္မျပဳပါက ေဒသတြင္းႏွင့္ႏိုင္ငံတကာလံုၿခံဳေရးကို ထိခိုက္လိမ့္ မည္ဟုလည္းေျပာသည္။
 
ဘဂၤါလီမ်ားရခိုင္ျပည္နယ္သို႔ေနရပ္ျပန္ေရးအတြက္ အာဆီယံႏိုင္ငံမ်ား၏တက္ႂကြစြာေဆာင္႐ြက္မႈပါ၀င္လာ ေစရန္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံက ေတာင္းဆိုေနသည္။
 
Ref : Momen: Rohingya to dominate agenda during US official’s visit
 
#PeopleMedia
 
(unicode)
အမေရိကန်အရာရှိကြီး၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် ဘင်္ဂါလီအရေးဦးစားပေးဆွေးနွေးမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြော
…………………………………………………….
 
ဒါကာ၊ အောက်တိုဘာ ၁၃
 
အမေရိကန်အရာရှိကြီးတယောက်၏ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)အရေးကို ဦးစားပေးပြီး ဘင်္ဂါလီများမြန်မာနိုင်ငံသို့အမြန်ပြန်ရေးအတွက် အမေရိကန်အပါအဝင်ကမ္ဘာ့ထောက်ခံမှုရရန် ကြိုးပမ်းမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်ကပြောသည်။
 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး စတီဖင် ဘီဂန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းတွင် ရောက်ရှိမည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စိတ်မဝင်စားကြောင်းလည်းပြောသည်။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘင်္ဂါလီအကြပ်အတည်းတွင် သားကောင်ဖြစ်နေပြီး ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့် ဆွေးနွေးမှုများတွင်ပါဝင်စေချင်ကြောင်းလည်းပြောသည်။
 
မကြာသေးခင်က ကော့က်စ်ဘဇားရှိဒုက္ခသည်စခန်းများတွင် အာဆာအပါအဝင်ဂိုဏ်များနေရာလုခြင်းကြောင့် ဒေသခံများနှင့်ဘင်္ဂါလီများသေဆုံးခဲ့ပြီးနောက် စခန်းများကိုထိန်းသိမ်းရန်နှင့် ခြံစည်းရိုးခတ်ရန်ရှိနေကြောင်း လည်း ပြောသည်။
 
သူတို့မကာမရံဘဲထားပြီး မွေးရပ်မြေသို့ပြန်ခွင့်မပြုပါက ဒေသတွင်းနှင့်နိုင်ငံတကာလုံခြုံရေးကို ထိခိုက်လိမ့် မည်ဟုလည်းပြောသည်။
 
ဘင်္ဂါလီများရခိုင်ပြည်နယ်သို့နေရပ်ပြန်ရေးအတွက် အာဆီယံနိုင်ငံများ၏တက်ကြွစွာဆောင်ရွက်မှုပါဝင်လာ စေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုနေသည်။
 
Ref : Momen: Rohingya to dominate agenda during US official’s visit
 
#PeopleMedia

Share this post