• Follow Us on

Home အမေရိကန်အနေဖြင့် အာဖဂန်တပ်မတော်ကိုကူညီရန် များများစားစားမရှိဟု ပင်တဂွန်စစ်ဌာနချုပ်ကပြောဆို လိုက်ချိန်တွင် ငါးရက်အတွင်း တာလီဘန်များ ခုနစ်ခုမြောက်မြို့ကိုသိမ်းပိုက်ခဲ့

အမေရိကန်အနေဖြင့် အာဖဂန်တပ်မတော်ကိုကူညီရန် များများစားစားမရှိဟု ပင်တဂွန်စစ်ဌာနချုပ်ကပြောဆို လိုက်ချိန်တွင် ငါးရက်အတွင်း တာလီဘန်များ ခုနစ်ခုမြောက်မြို့ကိုသိမ်းပိုက်ခဲ့

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၁ (People Media)

 

ခုနစ်ခုမြောက်မြို့တစ်မြို့ကို တာလီဘန်များသိမ်းပိုက်ခဲ့ပြီးနောက် ဂျီဟတ်ဝါဒီများက ရန်သူအဝိုင်းခံထားရသည့် အစိုးရတပ်သားများကို ဆက်လက်တိုက်ထုတ်နေစဉ်အတွင်း ယနေ့တွင် အဓိကမြို့ကြီးတစ်မြို့ကို ဆက်လက် တိုက်ခိုက်ခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အချိန်အနည်းငယ်ကြာတိုက်ခိုက်ပြီးနောက် အနောက်ဘက်ဖာရပ်ပြည်နယ်၏မြို့တော် ဖာရပ်မှာ အင်္ဂါနေ့က မွန်းလွဲပိုင်းက အစ္စလာမ်စ်ဝါဒီများလက်အောက် သို့ကျရောက်သွားခဲ့ကြောင်း ဒေသခံအရာ ရှိများက ပြောသည်။ လက်ရှိအချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲတပ်ဖွဲ့ဌာနချုပ်တို့မှာ လက်နက်ကိုင်အ ကြမ်းဖက်သမားများလက်တွင်ကျရောက်လျက်ရှိသည်။

 

ကနဦးတိုက်ခိုက်မှုများကို ပြန်လည်တိုက်ခိုက်နိုင်ခဲ့ကြောင်း အစိုးရစ်စစ်တပ်ကပြောသော်လည်း နိုင်ငံ၏မြောက် ဘက်တွင် အကြီးဆုံးဖြစ်သည့် မာဇာအီရှာရစ်မြို့မှာလည်း တာလီဘန်တို့လက်အောက်သို့ကျရောက်ခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း တာလီဘန်များက နယ်မြေများစွာ အလျင်အမြန်သိမ်းပိုက်ထားပြီးဖြစ်သော်လည်း ပင်တဂွန်စစ်ဌာနချုပ်က အာဖဂန်တပ်မတော်ကိုကူညီရန် များများစားစားမရှိကြောင်း၊ ၎င်းတို့နိုင်ငံကို ၎င်းတို့ ကာကွယ်ရမည်ဖြစ်ကြောင်းပြောကြားလိုက်သည်။

 

ပြည်နယ်ခြောက်ခုက မြို့ကြီးခြောက်မြို့ကိုသိမ်းပိုက်ထားသည့် တာလီဘန်များကိုမောင်းထုတ်ရန် အစိုးရစစ် သားများကို ကူညီနိုင်ရေးအတွက် လေကြောင်းပစ်ကူပေးမည်လားဟု သတင်းထောက်များကမေးမြန်းရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ဟောင်း ဂျွန်ကာဘိုင်က ယင်းကိစ္စမှာ ၎င်းတို့ဘာသာရုန်း ကန်လှုပ်ရှားရမည့်ကိစ္စဖြစ်ကြောင်း သတင်းထောက်များကိုပြောသည်။

 

တိုင်းပြည်ကိုထိန်းချုပ်ရန်အတွက်တိုက်ပွဲများဖြစ်ပွားနေခြင်းမှာ တာလီဘန်များအတွက် မျက်နှာသာပေးသည့် အပြောင်းအလဲဖြစ်လာမည်ကို ၎င်းအနေဖြင့် အထူးစိုးရိမ်မိကြောင်း ကာဘိုင်ကပြောဆိုသော်လည်း ယခုလ အကုန်တွင် အာဖဂန်နစ္စတန်ရှိအမေရိကန်တပ်ဖွဲ့ဝင်များအားပြန်လည်ခေါ်ယူရန် သမ္မတဂျိုးဘိုင်ဒန်က သံန္နိဋ္ဌာန် ချထားပြီးဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

 

လုံခြုံရေးအတွက်စိုးရိမ်သည့် အာဖဂန်နိုင်ငံသားများကိုတင်ဆောင်ထားပြီး ကဘူးမြို့တော်မှ နေ့စဉ်ထွက်ခွာနေ သည့်လေယာဉ်ခရီးစဉ်မှာ ၁၅ ကြိမ်ရှိကြောင်း အာဖဂန်နစ္စတန်နိုင်ငံတွင် အသံလွှင့်ရုံများပိုင်ဆိုင်ထားပြီး MOBY Group ၏ ဥက္ကဋ္ဌဖြစ်သော ဆက်မိုဆီနီကပြောသည်။

 

Ref: Taliban captures its SEVENTH city in five days as Pentagon says there’s ‘not much’ US can do to help the Afghan army

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Taliban captures its SEVENTH city in five days as Pentagon says there’s ‘not much’ US can do to help the Afghan army

 

#PeopleMedia


Share this post