• Follow Us on

Home အေမရိကန္အေ႐ွ႕ပိုင္းတြင္ ႏွင္းမုန္တိုင္း၀င္ၿပီး လူသန္း ၆၀ ေက်ာ္ထိခိုက္နစ္နာေန

အေမရိကန္အေ႐ွ႕ပိုင္းတြင္ ႏွင္းမုန္တိုင္း၀င္ၿပီး လူသန္း ၆၀ ေက်ာ္ထိခိုက္နစ္နာေန

Share this post

နယူးေယာက္၊ ဒီဇင္ဘာ ၁၇
အေမရိကန္အေ႐ွ႕ေျမာက္ပိုင္းတြင္ အားေကာင္းေသာႏွင္းမုန္တိုင္း၀င္ေရာက္တိုက္ခတ္ၿပီးေနာက္ ျပည္နယ္ ၁၄ ခုတြင္ သတိေပးခ်က္မ်ားထုတ္ျပန္ထားရၿပီး လူသန္း ၆၀ ေက်ာ္ထိခိုက္နစ္နာေနသည္။
ပန္ဆယ္ေဗးနီးယားႏွင့္နယူးေယာက္ျပည္နယ္တို႔တြင္ ၂ ေပအထိ ႏွင္းထုျမင့္တက္ေနသည္။
အဆိုးဆံုးထိခိုက္သည့္ေနရာမ်ားတြင္ အႏၲရာယ္႐ွိေသာ၊ ခရီးသြားရန္မျဖစ္ႏိုင္ေသာအေျခအေနမ်ားႏွင့္ ႀကံဳေတြ႕ရႏိုင္ၿပီး လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈမ်ားလည္း႐ွိႏိုင္သည္ဟု အမ်ိဳးသားမိုးေလ၀သဌာနက သတိေပးထားသည္။
အေအးဒဏ္ေၾကာင့္ ပန္ဆယ္ေဗးနီးယားျပည္နယ္အလယ္ပိုင္းတြင္ ကားဒါဇင္ခ်ီဆင့္တိုက္ၿပီး အနည္းဆံုးလူ ၂ ေယာက္ေသဆံုးခဲ့သည္။
ႏွင္းမုန္တိုင္းေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးမႈထိခိုက္မည္ဟု ေမွ်ာ္လင့္ထားျခင္းမ႐ွိေၾကာင္း အာဏာပိုင္မ်ားကေျပာသည္။
သို႔ေသာ္ ျပည္နယ္အမ်ားအျပား႐ွိ ကို႐ိုနာဗိုင္းရပ္စ္စစ္ေဆးသည့္ေနရာအခ်ိဳ႕ ပိတ္ထားေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။
Ref : US snowstorm: Tens of millions on East Coast to be affected
#PeopleMedia
(unicode)
အမေရိကန်အရှေ့ပိုင်းတွင် နှင်းမုန်တိုင်းဝင်ပြီး လူသန်း ၆၀ ကျော်ထိခိုက်နစ်နာနေ
……………………………………………..
နယူးယောက်၊ ဒီဇင်ဘာ ၁၇
အမေရိကန်အရှေ့မြောက်ပိုင်းတွင် အားကောင်းသောနှင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် ပြည်နယ် ၁၄ ခုတွင် သတိပေးချက်များထုတ်ပြန်ထားရပြီး လူသန်း ၆၀ ကျော်ထိခိုက်နစ်နာနေသည်။
ပန်ဆယ်ဗေးနီးယားနှင့်နယူးယောက်ပြည်နယ်တို့တွင် ၂ ပေအထိ နှင်းထုမြင့်တက်နေသည်။
အဆိုးဆုံးထိခိုက်သည့်နေရာများတွင် အန္တရာယ်ရှိသော၊ ခရီးသွားရန်မဖြစ်နိုင်သောအခြေအနေများနှင့် ကြုံတွေ့ရနိုင်ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများလည်းရှိနိုင်သည်ဟု အမျိုးသားမိုးလေဝသဌာနက သတိပေးထားသည်။
အအေးဒဏ်ကြောင့် ပန်ဆယ်ဗေးနီးယားပြည်နယ်အလယ်ပိုင်းတွင် ကားဒါဇင်ချီဆင့်တိုက်ပြီး အနည်းဆုံးလူ ၂ ယောက်သေဆုံးခဲ့သည်။
နှင်းမုန်တိုင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးမှုထိခိုက်မည်ဟု မျှော်လင့်ထားခြင်းမရှိကြောင်း အာဏာပိုင်များကပြောသည်။
သို့သော် ပြည်နယ်အများအပြားရှိ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးသည့်နေရာအချို့ ပိတ်ထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။
Ref : US snowstorm: Tens of millions on East Coast to be affected
#PeopleMedia


Share this post