• Follow Us on

Home အမေရိကန်ဆေးကုမ္ပဏီထံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သန်း ၃၀ ဖိလစ်ပိုင်ဝယ်ယူ

အမေရိကန်ဆေးကုမ္ပဏီထံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သန်း ၃၀ ဖိလစ်ပိုင်ဝယ်ယူ

Share this post

မနီလာ၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
အမေရိကန်ဆေးကုမ္ပဏီ နိုဗာဗက်က်စ်ကထုတ်လုပ်သည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသန်း ၃၀ ဝယ်ယူ ထားနိုင်ပြီ ဖိလစ်ပိုင်နိုင်ငံကပြောသည်။
 
ဘာသာရေးအခမ်းအနားတခုအကြီးအကျယ်ပြုလုပ်ခဲ့သည့်ဖိလစ်ပိုင်နိုင်ငံတွင် ကူးစက်မှုများမြင့်တက်နိုင်ချေရှိ နေချိန်တွင် ကြေညာခြင်းဖြစ်သည်။
 
ကူးစက်အတည်ပြုလူနာ ၅ သိန်းနီးပါးရှိနေသည့်ကျွန်းဆွယ်အတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများဝယ်ယူ ရန်နှေးကွေးနေသည့်အစိုးရအပေါ် ဝေဖန်မှုများရှိနေသည့်ဖိလစ်ပိုင်တွင် နိုဗာဗက်က်စ်၏ဆေးအပါအဝင် ဆေး ၂ မျိုးဝယ်ယူထားသည်။
 
ယခုနှစ်အတွင်း ဆေးကုမ္ပဏီ ၇ ခုမှ နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းအတွက်လုံလောက်သည့် ဆေး ၁၄၈ သန်းကို ဝယ်ယူမည်ဟု မျှော်လင့်ထားသော်လည်း ကမ္ဘာတဝန်းဖြန့်ချိမှုအပေါ်မူတည်နေသည်ဟု အစိုးရကသတိပေး သည်။
 
ကမ္ဘာ့အကြီးဆုံးကာကွယ်ဆေးထုတ်လုပ်သူဖြစ်သော အိန္ဒိယနိုင်ငံမှ ဆီရမ်အင်စတီကျူ့နှင့်သဘောတူညီ ချက်အရ နိုဗာဗက်က်စ်ထံမှဆေးသန်း ၃၀ ဝယ်ယူမည်ဖြစ်ပြီး ဈေးကိုအတည်မပြုရသေးသော်လည်း ယခုနှစ် ဇွန်နောက်ပိုင်းတွင် ရရှိမည်ဟုဆိုသည်။
 
ထိုဆေးသည် အမေရိကန်၊ မက္ကဆီကိုနှင့် ဗြိတိန်တို့တွင် နောက်ဆုံးအဆင့်လူသားတွင်အကြီးအကျယ်စမ်း သပ်မှုများပြုလုပ်နေပြီး နိုင်ငံတကာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက အသိအမှတ်ပြုလိမ့်မည်ဟု မျှော်လင့် နေကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
 
ဖိလစ်ပိုင်နိုင်ငံသည် အက်စထရာဇီနီကာကုမ္ပဏီထံမှဆေး ၂.၆ သန်းကိုလည်းဝယ်ယူထားပြီး ထိုကုမ္ပဏီထံမှ နောက်ထပ်သန်း ၃၀ ထပ်မံဝယ်ယူရန်လည်းစီစဉ်နေသည်။
 
သို့သော် မည်သည့်ဆေးကိုမှ ဖိလစ်ပိုင်းအစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာနက အသိအမှတ်မပြု သေးချေ။
 
Ref : Philippines secures 30 million Novavax COVID-19 vaccine doses
 
#PeopleMedia
 
(unicode)
……………………………………………..
 
 
 
 
 
 
 
 
 
 
Ref : Philippines secures 30 million Novavax COVID-19 vaccine doses
 
#PeopleMedia

Share this post