• Follow Us on

Home အမေရိကန်တွေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်အောင်ပြင်ဆင်ထားလို့ ကင်ဂျုံအန်ညီမ ခြိမ်းခြောက်

အမေရိကန်တွေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်အောင်ပြင်ဆင်ထားလို့ ကင်ဂျုံအန်ညီမ ခြိမ်းခြောက်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

 

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားတပ်ဖွဲ့ဟာ အင်အားပိုမိုကြီးထွားလာပြီဖြစ်တဲ့အတွက် အမေရိကန်ပြည် ထောင်စုအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါလို့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

 

ဒေသတွင်းတင်းမာမှုတွေမြင့်တက်နေပြီး တိုက်ချင်းပစ်ဒုံးကျည်တွေပစ်ခတ်လိုက်ချိန်မှာ မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအန်ရဲ့ သြဇာအာဏာရှိတဲ့ညီမဖြစ်သူကင်ယိုဂျောင်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်သုံးစင်းမက ဂျပန်ရေပိုင်နက်ထဲကို ပစ်ခတ်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၀ ရက် (တနင်္လာနေ့) က အတည်ပြုပြောကြားပါတယ်။

 

ပြီးခဲ့တဲ့ရုံးပိတ်ရက်အတွင်း မြောက်ကိုရီးယားအစိုးရက ၎င်းတို့ရဲ့ ဟွာဆောင်-၁၅ တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်ခတ်လိုက်ပြီးနောက်မှာ ဂျပန် နိုင်ငံဘက်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံက အခုလိုတိုက်ချင်းပစ်ဒုံးကျည်တွေပစ်ပြလိုက်တဲ့အချိန် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ဆူပါဆောနစ်ဗုံးကြဲလေယာဉ်တွေနဲ့အတူ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ပါဝင်တဲ့ ပူးတွဲလေကြောင်း စစ်ဆင်ရေးပြုလုပ်ပြီး စစ်အင်အားပြခဲ့ကြပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ဘယ်လိုတိုက်ရိုက်/ သွယ်ဝိုက် ခြိမ်းခြောက်မှုမျိုးကိုမဆို လက်တုံ့ပြန်တိုက်ခိုက် သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ညီမဖြစ်ပြီး ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ကင်ယိုဂျောင်က သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။

 

“ကျွန်မတို့နိုင်ငံက ဒုံးကျည်တွေပစ်ခတ်တဲ့အကွာအဝေးဟာ အမေရိကန်တပ်တွေရဲ့လုပ်ဆောင်မှုပေါ် မူတည် နေပါတယ်။ တင်းမာမှုတွေမြင့်တက်လာအောင် အဆိုးရွားဆုံးလုပ်ဆောင်နေတဲ့သူတွေအနေနဲ့ သူတို့အပြုအမူ တွေအတွက် တန်ရာတန်ကြေးပေးရအောင် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားတဲ့ ကျွန်မတို့ဆုံးဖြတ်ချက်ဟာ ဘာ မှပြောင်းလဲမှုမရှိဘူးဆိုတာ နောက်ထပ်တစ်ကြိမ် အတည်ပြုပြောကြားလိုပါတယ်။” လို့ ကင်ယိုဂျောင်က ပြော ပါတယ်။

 

ကင်ယိုဂျောင်ဟာ အစ်ကိုဖြစ်သူ ကင်ဂျုံအန်နေရာကို ဆက်ခံမယ့်သူလို့ အများကခန့်မှန်းထားကြပါတယ်။

 

တိုက်ချင်းပစ်ဒုံးကျည်ထိပ်ဖူးဟာ အာကာသပတ်လမ်းကြောင်းထဲမှာ မအောင်မြင်ဘဲပျက်ကျခဲ့တယ်ဆိုတဲ့ ဝေ ဖန်ချက်တွေပါတဲ့သတင်းတွေကို ငြင်းဆိုလိုက်ပြီး ကင်ယိုဂျောင်က နျူကလီးယားကျွမ်းကျင်သူတွေကိုအပြစ် တင်လိုက်ရင်း မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်တွေဟာ အမေရိကန်ကို ခြိမ်းခြောက်နိုင်ကြောင်း ထပ်မံပြောကြားလိုက်ပါတယ်။ သီအိုရီအရ တိုက်ချင်းပစ်ဒုံးကျည်တွေဟာ မြောက်အမေရိကတိုက်အထိ ရောက် ရှိနိုင်ပါတယ်။

 

Ref: Kim Jong-un’s sister threatens US with Pacific ‘firing range’ as North Korea launches missiles

 

#PeopleMedia

 

(unicode)


…………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Kim Jong-un’s sister threatens US with Pacific ‘firing range’ as North Korea launches missiles

 

#PeopleMedia


Share this post