• Follow Us on

Home အမေရိကန်ရေတပ်အင်ဂျင်နီယာတစ်ဦး လျှို့ဝှက်ချက်များ ချိုးဖောက်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲခံရ

အမေရိကန်ရေတပ်အင်ဂျင်နီယာတစ်ဦး လျှို့ဝှက်ချက်များ ချိုးဖောက်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲခံရ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၁ (People Media)

 

စစ်ရေးလျှို့ဝှက်ချက်များကို သိရှိထားသော အမေရိကန်ရေတပ်မှ နျူကလီးယားအင်ဂျင်နီယာတစ်ဦးကို အမေရိ ကန်နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများဒီဇိုင်းနှင့် ပတ်သက်သည့်သတင်းအချက်အလက်များကို အခြားသူတစ်ဦးကို လွှဲပြောင်းပေးရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုထားကြောင်း အမေရိကန်တရားရေးဌာနက အောက်တိုဘာလ ၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါအင်ဂျင်နီယာက ၎င်းသတင်းအချက်အလက်များလွှဲပြောင်းပေးရန် ကြိုးစားခဲ့သူမှာ ပြည်ပနိုင်ငံတစ်ခုခုမှ ကိုယ်စားလှယ်တစ်ဦးဟုထင်မြင်ခဲ့သော်လည်း ယင်းပုဂ္ဂိုလ်မှာရုပ်ဖျက်လှုပ်ရှားနေသော FBI ထောက်လှမ်းရေး တစ်ဦးဖြစ်ကြောင်းသိရသည်။

 

ဂျွန်နသန်တိုးအက်ဘီဆိုသူ အင်ဂျင်နီယာသည် ပြည်ပနိုင်ငံတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးဟု ၎င်းထင်မြင်ယူဆ နေသူထံသို့ လျှို့ဝှက်သတင်းများရောင်းစားနေသည်မှာတစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်ကြောင်း တရားရုံးစစ်ဆေး ချက်များအရသိရသည်။

 

လျှို့ဝှက်သတင်းအချက်အလက်များထည့်သွင်းထားသော မမ်မိုရီကတ်တစ်ခုကို ကြိုတင်စီစဉ်ထားသည့် (dead drop)  တစ်ခုထဲသို့ ထည့်သွင်းပြီးနောက် အသက် ၄၂ နှစ်အရွယ်ရှိ တိုးအက်ဘီကို အသက် ၄၅ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဒိုင်ယာနာနှင့်အတူ တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၀ ရက်) က ဖမ်းဆီးလိုက်ကြောင်း တရားရေးဌာ နကကြေညာခဲ့သည်။

 

အင်ဂျင်နီယာတိုးအက်ဘီအနေဖြင့် ရှေ့နေငှား/မငှား မသိရသေးပေ။ တိုးအက်ဘီမှာ မေရီလန်းပြည်နယ်၊ အနာ ပိုလီမြို့မှဖြစ်ကြောင်းသိရသည်။

 

ယင်းကဲ့သို့ လျှို့ဝှက်သတင်းများရောင်းစားနေသောအစီအစဉ်မှာ ၂၀၂၀ ပြည့်နှစ် ဧပြီလကတည်းက စတင်ဖြစ် ပွားနေခြင်းဖြစ်ကြောင်း ဂျွန်နသန်တိုးအက်ဘီသည် ၂၀၁၂ ခုနှစ်မှစ၍ အစိုးရဝန်ထမ်းအဖြစ်အလုပ်ဝင်ရောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အမေရိကန်ရေတပ်၏ မှတ်တမ်းအထောက်အထားများကို ပြည်ပနိုင်ငံတစ်ခုသို့ ပေးပို့ခဲ့ကြောင်း၊ ၎င်းအနေဖြင့် လုပ်ငန်းလည်ပတ်မှုအစီအစဉ်များ၊ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများနှင့် လျှို့ဝှက်သတင်းအချက်အလက်များကို ရောင်းစားရန် စိတ်ဝင်စားခဲ့ကြောင်း FBI ကပြောသည်။

 

တိုးအက်ဘီအနေဖြင့် ၎င်းသတင်းပို့ခဲ့သည့်ပုဂ္ဂိုလ်ထံသို့ သတင်းအချက်အလက်များ မည်ကဲ့သို့ထုတ်ယူသုံးစွဲရ မည်ကို လမ်းညွှန်ချက်များပေးပို့ခဲ့ကြောင်းလည်း သိရသည်။ “ခင်ဗျားတို့ ဘာသာစကားနဲ့ ဘာသာပြန်ရတာ ကျွန်တော့်ဘာသာပြန်ဆိုမှု ညံ့ဖျင်းတဲ့အတွက် တောင်းပန်ပါတယ်။ ဒီစာကို ခင်ဗျားတို့နိုင်ငံက စစ်ထောက်လှမ်း ရေးဆီပို့ပေးလိုက်ပါ။ ဒီသတင်းအချက်အလက်တွေဟာ ခင်ဗျားတို့နိုင်ငံအတွက် အင်မတန် တန်ဖိုးကြီးမားမယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါဟာ လှည့်ကွက်တစ်ခု မဟုတ်ပါဘူး။” ဟု ရေးသားထားသည်ကိုတွေ့ရ ကြောင်း FBI ကပြောသည်။

 

တိုးအက်ဘီ ပို့ဆောင်ခဲ့သည့် သတင်းအချက်အလက်ပါ package ကို လွန်ခဲ့သည့် ဒီဇင်ဘာလက ပြည်ပနိုင်ငံရှိ FBI ရုံးက ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။ ယင်းသို့ရရှိခဲ့ပြီးနောက် FBI ထောက်လှမ်းရေးအဖွဲ့က လျှို့ဝှက်သူ လျှိုတစ်ဦးကို အသုံးပြုကာ ဒေါ်လာငွေအများအပြားပေးမည်ဖြစ်ကြောင်း တိုးအက်ဘီကို ကမ်းလှမ်းခဲ့သည်။ ဇွန် လအတွင်းက လျှို့ဝှက်သူလျှိုက တိုးအက်ဘီထံသို့ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ပေးပို့ခဲ့ပြီး ယင်းသို့ပေးပို့ခြင်း မှာ စေတနာဖြင့်ပေးပို့ခြင်းဖြစ်ပြီး ယုံကြည်မှုတည်ဆောက်ခြင်းဖြစ်ကြောင်း တိုးဘက်ဘီကို ပြောဆိုခဲ့သည်။

 

တိုးအက်ဘီသည် အနုမြူစွမ်းအင်အက်ဥပဒေကို ချိုးဖောက်ခြင်းသည်။  ယင်းသို့ချိုးဖောက်ခြင်းမှာ အမေရိကန် ပြည်ထောင်စုကို ထိခိုက်နစ်နာစေသည့် ရည်ရွယ်ချက်ရှိသော အနုမြူလက်နက်များ သို့မဟုတ် နျူကလီးယား လက်နက်များအကြောင်းကို ထုတ်ဖော်ပြောကြားသည့် ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်းသိရသည်။

 

တိုးအက်ဘီကို အနောက်ဗာဂျီးနီးယားပြည်နယ်၊ မာတင်စ်ဘာ့ဂျ်မြို့ှရှိ တရားရုံးတွင် ပထမဦးဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

Ref: Navy nuclear engineer charged with trying to pass secrets

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: Navy nuclear engineer charged with trying to pass secrets

 

#PeopleMedia


Share this post