• Follow Us on

Home အေမရိကန္ေရတပ္၀န္ႀကီးထုတ္ပယ္ခံရမႈတြင္ ထရမ့္ပါ၀င္ပတ္သက္ေန

အေမရိကန္ေရတပ္၀န္ႀကီးထုတ္ပယ္ခံရမႈတြင္ ထရမ့္ပါ၀င္ပတ္သက္ေန

Share this post

အေမရိကန္ ေရတပ္၀န္ႀကီး ရစ္ခ်က္စပင္ဆာကို ကာကြယ္ေရး၀န္ႀကီး မက္ခ္အက္စပါက ႏို၀င္ဘာ ၂၄ ရက္ေန႔မွာ တာ၀န္က ရပ္ဆိုင္းလိုက္ပါတယ္။

ေရတပ္ကြန္မန္ဒိုတစ္ဦးအေပၚ အေရးယူေဆာင္ရြက္မႈနဲ႔ပတ္သက္ၿပီး အခုလို ရာထူးက ထုတ္ပယ္လိုက္တာ ျဖစ္ပါတယ္။ အထူးစစ္ဆင္ေရးအႀကီးအကဲ အက္ဒ၀ပ္ဂါလာဂါဟာ အီရတ္ႏိုင္ငံက စစ္ဆင္ေရးတစ္္ခုမွာ စည္းကမ္းမလိုက္နာမႈနဲ႔ ရာထူးေလွ်ာ့ခ်ခံခဲ့ရတာပါ။

ေနာက္ပိုင္းမွာေတာ့ အေမရိကန္ေဒၚနယ္ထရမ့္က ဂါလာဂါဘက္က ရပ္တည္ခဲ့ပါတယ္။ ထရမ့္ဟာ ဂါလာဂါကို ရာထူးေလွ်ာ့ခ်မႈအတြက္ လူသိရွင္ၾကားေ၀ဖန္မႈျပဳလုပ္ခဲ့ျပီး ရာထူးျပန္ေပးသင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရာထူးက ထုတ္ပယ္ခံလုိက္ရတဲ့ စပင္ဆာဟာ သူရဲ႕ရာထူးနဲ႔ ခံစားခြင့္ေတြနဲ႔အတူ ၿငိမ္းခ်မ္းစြာ တာ၀န္က အနား ယူမွာျဖစ္တယ္လို႔လည္း ထရမ့္က သူ႔ရဲ႕တြစ္တာစာမ်က္ႏွာမွာ ေဖာ္ျပခဲ့ပါတယ္။ ေရတပ္၀န္ႀကီး ရစ္ခ်က္စပင္ဆာကို ရာထူးကထုတ္ပယ္မႈမွာ ထရမ့္ရဲ႕ ၀င္ေရာက္စြက္ဖက္မႈကို ေ၀ဖန္မႈေတြရွိေနၿပီး ဂါလာဂါဟာ စစ္ေဆး ေရးဘုတ္အဖြဲ႕ေအာက္မွာ စစ္ေဆးခံသင့္တယ္လို႔ ထင္ျမင္ခ်က္ေပးမႈေတြလည္းရွိေနပါတယ္။

Ref;CAN

(unicode)
အမေရိကန်ရေတပ်ဝန်ကြီးထုတ်ပယ်ခံရမှုတွင် ထရမ့်ပါဝင်ပတ်သက်နေ
……………………………………………………………….

အမေရိကန် ရေတပ်ဝန်ကြီး ရစ်ချက်စပင်ဆာကို ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါက နိုဝင်ဘာ ၂၄ ရက်နေ့မှာ တာဝန်က ရပ်ဆိုင်းလိုက်ပါတယ်။

ရေတပ်ကွန်မန်ဒိုတစ်ဦးအပေါ် အရေးယူဆောင်ရွက်မှုနဲ့ပတ်သက်ပြီး အခုလို ရာထူးက ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ အထူးစစ်ဆင်ရေးအကြီးအကဲ အက်ဒဝပ်ဂါလာဂါဟာ အီရတ်နိုင်ငံက စစ်ဆင်ရေးတစ်ခုမှာ စည်းကမ်းမလိုက်နာမှုနဲ့ ရာထူးလျှော့ချခံခဲ့ရတာပါ။

နောက်ပိုင်းမှာတော့ အမေရိကန်ဒေါ်နယ်ထရမ့်က ဂါလာဂါဘက်က ရပ်တည်ခဲ့ပါတယ်။ ထရမ့်ဟာ ဂါလာဂါကို ရာထူးလျှော့ချမှုအတွက် လူသိရှင်ကြားဝေဖန်မှုပြုလုပ်ခဲ့ပြီး ရာထူးပြန်ပေးသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့ စပင်ဆာဟာ သူရဲ့ရာထူးနဲ့ ခံစားခွင့်တွေနဲ့အတူ ငြိမ်းချမ်းစွာ တာဝန်က အနား ယူမှာဖြစ်တယ်လို့လည်း ထရမ့်က သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ ရေတပ်ဝန်ကြီး ရစ်ချက်စပင် ဆာကို ရာထူးကထုတ်ပယ်မှုမှာ ထရမ့်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဝေဖန်မှုတွေရှိနေပြီး ဂါလာဂါဟာ စစ်ဆေး ရေးဘုတ်အဖွဲ့အောက်မှာ စစ်ဆေးခံသင့်တယ်လို့ ထင်မြင်ချက်ပေးမှုတွေလည်းရှိနေပါတယ်။

Ref;CAN


Share this post