• Follow Us on

Home အေမရိကန္ေရတပ္၏ ပထမဆံုးလူမည္းအမ်ိဳးသမီး တိုက္ေလယာဥ္ မွဴးျဖစ္လာသည့္ Madeline Swegle

အေမရိကန္ေရတပ္၏ ပထမဆံုးလူမည္းအမ်ိဳးသမီး တိုက္ေလယာဥ္ မွဴးျဖစ္လာသည့္ Madeline Swegle

Share this post

ပထမဆံုးလူမည္းအမ်ိဳးသမီးတိုက္ေလယာဥ္မွဴး အရည္အခ်င္းျပည့္မီၿပီဟု အေမရိကန္ေရတပ္က ေၾကညာ လိုက္သည္။

ေရတပ္ေလေၾကာင္းေလ့က်င့္ေရးအႀကီးအကဲက ထိုအမ်ိဳးသမီး၏ေအာင္ျမင္မႈအတြက္ တြစ္တာတြင္ ဂုဏ္ျပဳ ခဲ့သည္။

“ေအာင္ျမင္သြားပါၿပီ။ အငယ္တန္းျပန္တမ္း၀င္ဗိုလ္ႀကီး Madeline Swegle ဟာ ဗ်ဴဟာေျမာက္ေလေၾကာင္း တိုက္ခိုက္ေရးသင္႐ိုးၿပီးေျမာက္သြားပါၿပီ။ Swegle ဟာ အေမရိကန္ေရတပ္ရဲ႕ ဗ်ဴဟာေလေၾကာင္း ေထာက္ပံ့ ေရးမွာ ပထမဆံုးလူမည္းအမ်ိဳးသမီးေလယာဥ္မွဴးျဖစ္လာၿပီး အခုလထဲမွာ အေမရိကန္ေရတပ္ရဲ႕ အရည္အေသြး ျပည့္မီတဲ့ေလယာဥ္မွဴးရင္ထိုးရမွာပါ” ဟု တြစ္တာပို႔စ္တြင္ပါ၀င္သည္။

ယခုေလယာဥ္မွဴးအေၾကာင္း အေသးစိတ္အခ်က္အလက္မ်ားကို အကန္႔အသတ္ျဖင့္ထုတ္ေျပာထားသည့္ အေမရိကန္ေရတပ္အေျပာအရ Swegle ကို တကၠဆက္ျပည္နယ္႐ွိ Kingsville ေရတပ္ေလယာဥ္အေျခစိုက္ စခန္းမွ (VT) 21ေလ့က်င့္ေရးေလယာဥ္အုပ္စုတြင္ တာ၀န္ေပးထားေၾကာင္းသိရသည္။

ေရတပ္၏တြစ္တာထုတ္ျပန္ခ်က္တြင္ ဗ်ဴဟာေျမာက္ေလေၾကာင္းတိုက္ခိုက္ေရးအစီအစဥ္၌ T-45C Goshawk ေလ့က်င့္ေရးေလယာဥ္ျဖင့္ ေနာက္ဆံုးပ်ံသန္းမႈအၿပီး ႐ိုက္ကူးထားသည့္ Swegle ၏ဓာတ္ပံုမ်ားပါ၀င္သည္။

Swegle မည္သည့္ေလ့က်င့္မႈမ်ားထပ္လုပ္မည္မ႐ွင္းလင္းေသာ္လည္း ဗ်ဴဟာေလေၾကာင္းေထာက္ပံ့ေရးအစီ အစဥ္တြင္ ဘြဲ႔ရၿပီးပါက F/A-18E/F Super Hornet ႏွင့္ F-35C Lighting II စသည့္ေရတပ္ဗ်ဴဟာတိုက္ေလ ယာဥ္မ်ားတြင္ တာ၀န္က်ႏိုင္သည္။

၂၀၁၇ ခုႏွစ္ အေမရိကန္ေရတပ္အကယ္ဒမီေက်ာင္းဆင္းျဖစ္သည့္ Swegle သည္ ၁၉၇၄ ခုႏွစ္တြင္ ေရတပ္ဗ်ဴ ဟာ ေလယာဥ္မ်ားကိုပ်ံသန္းခဲ့ရသည့္ ပထမဆံုးအမ်ိဳးသမီးေရတပ္ေလယာဥ္မွဴးမ်ားထဲမွ ေ႐ွ႕ေဆာင္လမ္းျပျဖစ္ ေသာ ကြယ္လြန္သူတပ္ၾကပ္ႀကီး Rosemary Mariner ကဲ့သို႔ေသာ လက္နက္ကိုင္တပ္ဖြဲ႔မ်ားမွ မွတ္သားစံျပဳ ထိုက္သည့္အမ်ိဳးသမီးမ်ားကို ေျခရာနင္းႏိုင္ခဲ့သည္။

ေနာက္ထပ္ထူးခၽြန္သည့္ေ႐ွ႕ေျပးမ်ားမွာ တိုက္ပြဲကာလအတြင္း အေမရိကန္စစ္တပ္တိုက္ေလယာဥ္မွဴး ေလတပ္ ဗိုလ္မွဴးႀကီးဘ၀မွအၿငိမ္းစားယူခဲ့သည့္ ဆီးနိတ္လႊတ္ေတာ္အမတ္ Martha McSally ႏွင့္ ၁၉၈၀ ျပည့္ႏွစ္တြင္ အေမရိကန္ေရတပ္၏ပထမဆံုးလူမည္းအမ်ိဳးသမီးေလယာဥ္မွဴး ဒုတိယဗိုလ္မွဴးႀကီး Brenda Robinson တို႔ျဖစ္ သည္။

Swegle ၏ သမိုင္း၀င္ေလ့က်င့္မႈၿပီးဆံုးျခင္းသည္ ႏိုင္ငံတ၀န္းလူမ်ိဳးေရးမညီမမွ်ျဖစ္မႈမ်ားႏွင့္ အလုပ္အကိုင္မ်ား အေပၚ စိုးရိမ္မႈမ်ား႐ွိေနသည့္ၾကားတြင္ ခြဲျခားဆက္ဆံမႈမ်ားအေပၚ အေမရိကန္ေရတပ္က ျပင္းျပင္းထန္ထန္ ေစာင့္ၾကည့္ေနခ်ိန္တြင္ ျဖစ္လာခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္လတြင္ ေရတပ္မွလူမ်ိဳးေရးအတားအဆီးမ်ားေဖာ္ထုတ္ဖယ္႐ွားရန္ႏွင့္ လူမ်ိဳးစံုပါ၀င္မႈျမင့္တင္ရန္ အေမရိကန္ေရတပ္ေခါင္းေဆာင္မ်ားက ၫႊန္ၾကားခဲ့သည္။

Ref : This aviator just became the US Navy’s first Black female fighter pilot

#PeopleMedia

(unicode)
အမေရိကန်ရေတပ်၏ ပထမဆုံးလူမည်းအမျိုးသမီး တိုက်လေယာဉ် မှူးဖြစ်လာသည့် Madeline Swegle
……………………………………………………

ပထမဆုံးလူမည်းအမျိုးသမီးတိုက်လေယာဉ်မှူး အရည်အချင်းပြည့်မီပြီဟု အမေရိကန်ရေတပ်က ကြေညာ လိုက်သည်။

ရေတပ်လေကြောင်းလေ့ကျင့်ရေးအကြီးအကဲက ထိုအမျိုးသမီး၏အောင်မြင်မှုအတွက် တွစ်တာတွင် ဂုဏ်ပြု ခဲ့သည်။

“အောင်မြင်သွားပါပြီ။ အငယ်တန်းပြန်တမ်းဝင်ဗိုလ်ကြီး Madeline Swegle ဟာ ဗျူဟာမြောက်လေကြောင်း တိုက်ခိုက်ရေးသင်ရိုးပြီးမြောက်သွားပါပြီ။ Swegle ဟာ အမေရိကန်ရေတပ်ရဲ့ ဗျူဟာလေကြောင်း ထောက်ပံ့ ရေးမှာ ပထမဆုံးလူမည်းအမျိုးသမီးလေယာဉ်မှူးဖြစ်လာပြီး အခုလထဲမှာ အမေရိကန်ရေတပ်ရဲ့ အရည်အသွေး ပြည့်မီတဲ့လေယာဉ်မှူးရင်ထိုးရမှာပါ” ဟု တွစ်တာပို့စ်တွင်ပါဝင်သည်။

ယခုလေယာဉ်မှူးအကြောင်း အသေးစိတ်အချက်အလက်များကို အကန့်အသတ်ဖြင့်ထုတ်ပြောထားသည့် အမေရိကန်ရေတပ်အပြောအရ Swegle ကို တက္ကဆက်ပြည်နယ်ရှိ Kingsville ရေတပ်လေယာဉ်အခြေစိုက် စခန်းမှ (VT) 21လေ့ကျင့်ရေးလေယာဉ်အုပ်စုတွင် တာဝန်ပေးထားကြောင်းသိရသည်။

ရေတပ်၏တွစ်တာထုတ်ပြန်ချက်တွင် ဗျူဟာမြောက်လေကြောင်းတိုက်ခိုက်ရေးအစီအစဉ်၌ T-45C Goshawk လေ့ကျင့်ရေးလေယာဉ်ဖြင့် နောက်ဆုံးပျံသန်းမှုအပြီး ရိုက်ကူးထားသည့် Swegle ၏ဓာတ်ပုံများပါဝင်သည်။

Swegle မည်သည့်လေ့ကျင့်မှုများထပ်လုပ်မည်မရှင်းလင်းသော်လည်း ဗျူဟာလေကြောင်းထောက်ပံ့ရေးအစီ အစဉ်တွင် ဘွဲ့ရပြီးပါက F/A-18E/F Super Hornet နှင့် F-35C Lighting II စသည့်ရေတပ်ဗျူဟာတိုက်လေ ယာဉ်များတွင် တာဝန်ကျနိုင်သည်။

၂၀၁၇ ခုနှစ် အမေရိကန်ရေတပ်အကယ်ဒမီကျောင်းဆင်းဖြစ်သည့် Swegle သည် ၁၉၇၄ ခုနှစ်တွင် ရေတပ်ဗျူ ဟာ လေယာဉ်များကိုပျံသန်းခဲ့ရသည့် ပထမဆုံးအမျိုးသမီးရေတပ်လေယာဉ်မှူးများထဲမှ ရှေ့ဆောင်လမ်းပြဖြစ် သော ကွယ်လွန်သူတပ်ကြပ်ကြီး Rosemary Mariner ကဲ့သို့သော လက်နက်ကိုင်တပ်ဖွဲ့များမှ မှတ်သားစံပြု ထိုက်သည့်အမျိုးသမီးများကို ခြေရာနင်းနိုင်ခဲ့သည်။

နောက်ထပ်ထူးချွန်သည့်ရှေ့ပြေးများမှာ တိုက်ပွဲကာလအတွင်း အမေရိကန်စစ်တပ်တိုက်လေယာဉ်မှူး လေတပ် ဗိုလ်မှူးကြီးဘဝမှအငြိမ်းစားယူခဲ့သည့် ဆီးနိတ်လွှတ်တော်အမတ် Martha McSally နှင့် ၁၉၈၀ ပြည့်နှစ်တွင် အမေရိကန်ရေတပ်၏ပထမဆုံးလူမည်းအမျိုးသမီးလေယာဉ်မှူး ဒုတိယဗိုလ်မှူးကြီး Brenda Robinson တို့ဖြစ် သည်။

Swegle ၏ သမိုင်းဝင်လေ့ကျင့်မှုပြီးဆုံးခြင်းသည် နိုင်ငံတဝန်းလူမျိုးရေးမညီမမျှဖြစ်မှုများနှင့် အလုပ်အကိုင်များ အပေါ် စိုးရိမ်မှုများရှိနေသည့်ကြားတွင် ခွဲခြားဆက်ဆံမှုများအပေါ် အမေရိကန်ရေတပ်က ပြင်းပြင်းထန်ထန် စောင့်ကြည့်နေချိန်တွင် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လတွင် ရေတပ်မှလူမျိုးရေးအတားအဆီးများဖော်ထုတ်ဖယ်ရှားရန်နှင့် လူမျိုးစုံပါဝင်မှုမြင့်တင်ရန် အမေရိကန်ရေတပ်ခေါင်းဆောင်များက ညွှန်ကြားခဲ့သည်။

Ref : This aviator just became the US Navy’s first Black female fighter pilot

#PeopleMedia


Share this post