• Follow Us on

Home အမေရိကန်ရေတပ်နှင့် ဘိုးရင်းကုမ္ပဏီတို့ MQ-25 Stingray မောင်းသူမဲ့လေယာဉ်ကို ပထမဦးဆုံးအကြိမ် စမ်းသပ်မှုများပြုလုပ်ခဲ့

အမေရိကန်ရေတပ်နှင့် ဘိုးရင်းကုမ္ပဏီတို့ MQ-25 Stingray မောင်းသူမဲ့လေယာဉ်ကို ပထမဦးဆုံးအကြိမ် စမ်းသပ်မှုများပြုလုပ်ခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၄ (People Media)

 

အမေရိကန်ရေတပ်နှင့် ဘိုးရင်းကုမ္ပဏီတို့သည် လေယာဉ်တင်သင်္ဘောပေါ်တွင် MQ-25 Stingray မောင်းသူမဲ့ လေယာဉ်ကို လိုအပ်သလိုစမ်းသပ်လေ့ကျင့်မှုများပြုလုပ်ခဲ့ရာ စစ်ဘက်ဆိုင်ရာမောင်းသူမဲ့ ဆီဖြည့်လေယာဉ်နှင့် လေယာဉ်တင်သင်္ဘောတို့ ပေါင်းစပ်အသုံးပြုနိုင်ခဲ့ကြောင်း ပထမဦးဆုံးအကြိမ် သရုပ်ပြခဲ့ခြင်းဖြစ်သည်။

 

လေ့ကျင့်မှုများတွင် လေယာဉ်တင်သင်္ဘောကုန်းပတ်ပေါ်တွင် ဒရုန်းလေယာဉ်ကို ဖြည်းညှင်းစွာမောင်းနှင်ခြင်း၊ လောက်လွှဲစနစ်ဖြင့် ဒရုန်းလေယာဉ်ကို တွန်းလွှတ်ခြင်း၊ ဒရုန်းလေယာဉ်ဆင်းသက်ရန် ပြေးလမ်းရှင်းခြင်း၊ လေ ယာဉ်တင်သင်္ဘောကုန်းပတ်တွင် ဒရုန်းပတ်ကင်ထိုးခြင်းတို့ပါဝင်သည်။ ၎င်းအပြင် သင်္ဘောကုန်းပတ်ကိုင်တွယ် ထိန်းသိမ်းဆောင်ရွက်မှုစနစ်များ၊ စွမ်းရည်များနှင့် မတူကွဲပြားသောအခြေအနေအမျိုးမျိုးတွင် ကိုင်တွယ်ထိန်း သိမ်းဆောင်ရွက်မှုစွမ်းရည်များကိုလည်း ဆန်းစစ်လေ့လာအကဲဖြတ်ခဲ့ကြသည်။

 

လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျော့ချ်အိပ်ချ်ဒဗလျူဘုရှ် (CVN 77) ပေါ်တွင် MQ-25 Stingray မောင်းသူမဲ့ လေယာဉ်စမ်းသပ်မှုပြုလုပ်ရာတွင် လေယာဉ်တင်သင်္ဘောကုန်းပတ်မှုနေ၍ လက်ကိုင်ထိန်းချုပ်ရေး ကိရိယာ (handheld deck control device) ကို အသုံးပြုပြီး အဝေးထိန်းစနစ်ဖြင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဘိုးရင်းကုမ္ပဏီကပြောသည်။

 

“လေယာဉ်တင်သင်္ဘောနဲ့ လိုက်လျောညီထွေဖြစ်အောင်ရေးဆွဲထားတဲ့ဒီဇိုင်း၊ တခြားတိုက်လေယာဉ်တွေနဲ့အတူ ယှဉ်တွဲအသုံးပြုလို့ရအောင် ဆောင်ရွက်ထားတဲ့ပေါင်းစပ်မှုနဲ့ ပင်လယ်ပြင်ထဲမှာ စမ်းသပ်လေ့ကျင့်မှုတွေပြုလုပ် ခဲ့တာတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချခဲ့ရာမှာ ဒီ့ထက်ပိုကောင်းတဲ့နည်းလမ်းမရှိပါဘူး” ဟု မောင်းသူမဲ့လေ ယာဉ်ပရိုဂရမ်မန်နေဂျာ ဗိုလ်ကြီးချက်ဒ်ရိဒ်က ပြောသည်။

 

MQ-25 Stingray မောင်းသူမဲ့ လေယာဉ်ကို ထိန်းချုပ်မောင်းနှင်နိုင်ရန်အတွက် မောင်းသူမဲ့လေယာဉ်တင်သ င်္ဘောစစ်ဆင်ရေးထိန်းချုပ်မှုစနစ်နှင့်အတူ လေယာဉ်တင်သင်္ဘောလေးစီးကို အဆင့်မြှင့်တင်ပြုပြင်ပြောင်းလဲ ရာတွင် ယူအက်စ်အက်စ် ဂျော့ချ်အိပ်ချ်ဒဗလျူဘုရှ်သည် ပထမဦးဆုံးလေယာဉ်တင်သင်္ဘောဖြစ်သည်။

 

MQ-25 Stingray သည် ကမ္ဘာ့ပထမဦးဆုံး လေယာဉ်တင်သင်္ဘောအခြေစိုက် မောင်းသူမဲ့လေယာဉ်ဖြစ်ပြီး ဘိုး ရင်းကုမ္ပဏီထုတ် F/A-18 Super Hornet တိုက်လေယာဉ်များ၊ ဘိုးရင်းကုမ္ပဏီထုတ် EA-18G Growler တိုက် လေယာဉ်များနှင့် လော့ဟိမာတင်ကုမ္ပဏီထုတ် F-35C တိုက်လေယာဉ်များအပါအဝင် အမေရိကန်ရေတပ်က တပ်ဖြန့်ချထားသော ဂျက်တိုက်လေယာဉ်များကို ဆီဖြည့်ပေးနိုင်သည့် မောင်းသူမဲ့လေယာဉ်ဖြစ်သည်။

 

ယင်းဒရုန်းကို အနာဂတ်ကာလတွင် အမေရိကန်ရေတပ်၏ စစ်ဆင်ရေးများတွင် လေယာဉ်တင်သင်္ဘောအခြေ စိုက် မောင်းသူမဲ့လေယာဉ်အဖြစ် အသုံးပြုသွားမည်ဖြစ်သည်။ MQ-25 Stingray မောင်းသူမဲ့လေယာဉ်များကို  ခြောက်နှစ်အတွင်း တည်ဆောက်သွားရန် ၂၀၁၈ ခုနှစ် အမေရိကန်ရေတပ်က ဘိုးရင်းကုမ္ပဏီကို ဒေါ်လာ ၈၀၅.၃ သန်းတန် ကန် ထရိုက်စာချုပ်လက်မှတ်ရေးထိုးပြီး လုပ်ငန်းအပ်နှံခဲ့သည်။

 

Ref: US Navy, Boeing Complete First Carrier Tests for MQ-25 Stingray

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 

Ref: US Navy, Boeing Complete First Carrier Tests for MQ-25 Stingray

 

#PeopleMedia


Share this post