• Follow Us on

Home အေမရိကန္ေရြးေကာက္ပြဲရက္အၿပီးတြင္ ႏိုင္ငံေရးေၾကျငာမ်ားကို ေဖ့စ္ဘြတ္ရပ္ဆိုင္းမည္

အေမရိကန္ေရြးေကာက္ပြဲရက္အၿပီးတြင္ ႏိုင္ငံေရးေၾကျငာမ်ားကို ေဖ့စ္ဘြတ္ရပ္ဆိုင္းမည္

Share this post

ဆန္ဖရန္စစၥကို၊ ေအာက္တိုဘာ ၈
 
႐ွဳပ္ေထြးမႈႏွင့္အလြဲသံုးမႈမ်ားေလွ်ာ့ခ်ရန္ ႏို၀င္ဘာ ၃ ရက္ အေမရိကန္ေ႐ြးေကာက္ပြဲအၿပီးတြင္ ႏုိင္ငံေရးႏွင့္ လူမႈေရးေၾကျငာမ်ားကို ရပ္ဆိုင္းမည္ဟု ေဖ့ဘြတ္ကုမၸဏီက ဗုဒၶဟူးေန႔တြင္ေျပာသည္။
 
အခ်ိန္မတိုင္မီ အႏိုင္ရသူႏွင့္ မဲအေရအတြက္ေၾကညာသည့္ပို႔စ္မ်ားကို သတင္းဌာနမ်ားႏွင့္ ေ႐ြးေကာက္ပြဲ အရာ႐ွိမ်ား၏ယံုၾကည္ရေသာအခ်က္အလက္မ်ားျဖင့္ ယွဥ္တြဲေဖာ္ျပမည္ဟု ဦးေဆာင္ေနသည့္လူမႈကြန္ရက္ ကုမၸဏီကေျပာသည္။
 
ရလဒ္တရားမ၀င္ေၾကာင္း သို႔မဟုတ္ အႏိုင္ရေၾကာင္း သမၼတ ေဒၚနယ္ထရမ့္က မွားယြင္စြာေၾကညာရန္ အားထုတ္မႈမ်ားအပါအ၀င္ ေ႐ြးေကာက္ပြဲအလြန္ကာလမ်ားအတြက္ ျပင္ဆင္ေနခ်ိန္တြင္ ေဖ့စ္ဘြတ္ႏွင့္ အျခားလူမႈကြန္ရက္ကုမၸဏီမ်ားက စည္းမ်ဥ္းမ်ားတင္းၾကပ္ေနသည္။
 
၂၀၁၆ အေမရိကန္သမၼတေ႐ြးေကာက္ပြဲတြင္ျဖစ္ပြားသကဲ့သို႔ သတင္းမွားမ်ားပ်ံ႕ႏွံ႔ရန္ႏွင့္ လူမႈကြဲဲျပားမႈမ်ား ျဖစ္ေစရန္အသံုးခ်ျခင္းမ်ားေ႐ွာင္႐ွားရန္ ကယ္လီဖိုးနီးယားအေျခစိုက္အင္တာနက္ကုမၸဏီႀကီး ဖိအားမ်ားႏွင့္ ရင္ဆိုင္ေနရသည္။
 
ဗုဒၶဟူးေန႔ကတင္းၾကပ္လိုက္သည့္စည္းကမ္းမ်ားတြင္ ေ႐ြးေကာက္ပြဲေန႔၌ မဲ႐ံုမ်ားကိုေစာင့္ၾကည့္ရန္လူမ်ားကို တိုက္တြန္းရာတြင္ လက္နက္မ်ားႏွင့္လက္နက္ကိုင္မ်ားအေၾကာင္းပါ၀င္ေသာပို႔စ္မ်ားကို တားျမစ္ျခင္းလည္း ပါ၀င္သည္။
 
ေ႐ြးေကာက္ပြဲေန႔တြင္ မဲ႐ံုမ်ားသို႔လက္နက္မ်ားျဖင့္သြားရန္ သို႔မဟုတ္ လူမ်ားမဲေပးျခင္းတားဆီးရန္ တိုက္႐ိုက္တိုက္တြန္းေသာပို႔စ္မ်ားကို ေဖ့စ္ဘြတ္က ပိတ္ပင္ခဲ့ၿပီးျဖစ္သည္။
 
ကုမၸဏီတြင္ ေဘးကင္းရန္ႏွင့္လံုၿခံဳေရး႐ွိရန္စိတ္ခ်ရေသာ၀န္ထမ္း ၃၅၀၀၀ ေက်ာ္႐ွိၿပီး ထို႔အဖြဲ႔မ်ားသည္ ကမာၻတ၀န္းမွေ႐ြးေကာက္ပြဲ ၂၀၀ ေက်ာ္အတြက္ အလုပ္လုပ္ခဲ့ၿပီးေၾကာင္းလည္း သိရသည္။
 
Ref : Facebook to pause political ads as US election day ends
 
#Peoplemedia
 
(Unicode)
အမေရိကန်ရွေးကောက်ပွဲရက်အပြီးတွင် နိုင်ငံရေးကြေငြာများကို ဖေ့စ်ဘွတ်ရပ်ဆိုင်းမည်
……………………………………………
 
ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၈
 
ရှုပ်ထွေးမှုနှင့်အလွဲသုံးမှုများလျှော့ချရန် နိုဝင်ဘာ ၃ ရက် အမေရိကန်ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးနှင့် လူမှုရေးကြေငြာများကို ရပ်ဆိုင်းမည်ဟု ဖေ့ဘွတ်ကုမ္ပဏီက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
 
အချိန်မတိုင်မီ အနိုင်ရသူနှင့် မဲအရေအတွက်ကြေညာသည့်ပို့စ်များကို သတင်းဌာနများနှင့် ရွေးကောက်ပွဲ အရာရှိများ၏ယုံကြည်ရသောအချက်အလက်များဖြင့် ယှဉ်တွဲဖော်ပြမည်ဟု ဦးဆောင်နေသည့်လူမှုကွန်ရက် ကုမ္ပဏီကပြောသည်။
 
ရလဒ်တရားမဝင်ကြောင်း သို့မဟုတ် အနိုင်ရကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မှားယွင်စွာကြေညာရန် အားထုတ်မှုများအပါအဝင် ရွေးကောက်ပွဲအလွန်ကာလများအတွက် ပြင်ဆင်နေချိန်တွင် ဖေ့စ်ဘွတ်နှင့် အခြားလူမှုကွန်ရက်ကုမ္ပဏီများက စည်းမျဉ်းများတင်းကြပ်နေသည်။
 
၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲတွင်ဖြစ်ပွားသကဲ့သို့ သတင်းမှားများပျံ့နှံ့ရန်နှင့် လူမှုကွဲဲပြားမှုများ ဖြစ်စေရန်အသုံးချခြင်းများရှောင်ရှားရန် ကယ်လီဖိုးနီးယားအခြေစိုက်အင်တာနက်ကုမ္ပဏီကြီး ဖိအားများနှင့် ရင်ဆိုင်နေရသည်။
 
ဗုဒ္ဓဟူးနေ့ကတင်းကြပ်လိုက်သည့်စည်းကမ်းများတွင် ရွေးကောက်ပွဲနေ့၌ မဲရုံများကိုစောင့်ကြည့်ရန်လူများကို တိုက်တွန်းရာတွင် လက်နက်များနှင့်လက်နက်ကိုင်များအကြောင်းပါဝင်သောပို့စ်များကို တားမြစ်ခြင်းလည်း ပါဝင်သည်။
 
ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့လက်နက်များဖြင့်သွားရန် သို့မဟုတ် လူများမဲပေးခြင်းတားဆီးရန် တိုက်ရိုက်တိုက်တွန်းသောပို့စ်များကို ဖေ့စ်ဘွတ်က ပိတ်ပင်ခဲ့ပြီးဖြစ်သည်။
 
ကုမ္ပဏီတွင် ဘေးကင်းရန်နှင့်လုံခြုံရေးရှိရန်စိတ်ချရသောဝန်ထမ်း ၃၅၀၀၀ ကျော်ရှိပြီး ထို့အဖွဲ့များသည် ကမ္ဘာတဝန်းမှရွေးကောက်ပွဲ ၂၀၀ ကျော်အတွက် အလုပ်လုပ်ခဲ့ပြီးကြောင်းလည်း သိရသည်။
 
Ref : Facebook to pause political ads as US election day ends
 
#Peoplemedia

Share this post