• Follow Us on

Home အမေရိကန်လေတပ်အခြေစိုက်စခန်းကတစ်ဆင့် ယူကရိန်းကို တိုက်လေယာဉ်တွေပို့ပေးဖို့ ပိုလန်အစိုးရရဲ့ အဆိုပြုချက်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပယ်ချ

အမေရိကန်လေတပ်အခြေစိုက်စခန်းကတစ်ဆင့် ယူကရိန်းကို တိုက်လေယာဉ်တွေပို့ပေးဖို့ ပိုလန်အစိုးရရဲ့ အဆိုပြုချက်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပယ်ချ

Share this post

နိုင်ငံတကာ၊ မတ် ၉

 

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရုရှားကျူးကျော်စစ်ကိုရင်ဆိုင်နေရတဲ့ ယူကရိန်းတပ်ဖွဲ့တွေကို တိုက်လေယာဉ် တွေလွှဲပြောင်းပေးနိုင်ဖို့အတွက် ဂျာမနီနိုင်ငံမှာရှိတဲ့ အမေရိကန်လေတပ်အခြေစိုက်စခန်းကနေတစ်ဆင့် MiG-29 ဂျက်တိုက်လေယာဉ်တွေ ပို့ဆောင်ပေးဖို့ ပိုလန်အစိုးရရဲ့အဆိုပြုချက်ကို ပင်တဂွန်စစ်ဌာနချုပ်က မတ်လ ၈ ရက်နေ့က ငြင်းဆိုပယ်ချလိုက်ပါတယ်။

 

ရုရှားနိုင်ငံနဲ့ဖြစ်နေတဲ့စစ်ပွဲထဲမှာ ပါဝင်တိုက်ခိုက်တယ်လို့မမြင်ဘဲ ဆိုဗီယက်ခေတ်တိုက်လေယာဉ်တွေကို ယူက ရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ဘယ်လိုပို့ဆောင်ပေးမလဲဆိုတာ သံသယရှိနေချိန်မှာ ပိုလန်အစိုးရရဲ့ အဆို ပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

“လက်ရှိအချိန်မှာ ပိုလန်အစိုးရရဲ့ကြေညာချက်ထွက်ပေါ်လာပြီးနောက် အခု ကျွန်တော်တို့ ပိုလန်အစိုးရနဲ့ ဆက် သွယ်နေပါတယ်။ ကျွန်တော်တို့ပြောခဲ့သလိုပါပဲ ပိုလန်နိုင်ငံကပိုင်ဆိုင်တဲ့တိုက်လေယာဉ်တွေကို ယူကရိန်းကို ဘယ်လိုပို့ဆောင်ပေးမလဲဆိုတာ ပိုလန်အစိုးရဆောင်ရွက်ရမယ့် အလုပ်ပဲဖြစ်ပါတယ်။” လို့ ပင်တဂွန်စစ်ဌာန ချုပ် သတင်းစာရှင်းလင်းပွဲအတွင်းရေးမှူးဂျွန်အက်ဖက်ကာဘီက အင်္ဂါနေ့နှောင်းပိုင်းမှာ အတည်ပြုပြောဆိုလိုက် ပါတယ်။

 

“ဂျာမနီမှာရှိတဲ့ အမေရိကန်/ နေတိုး လေတပ်အခြေစိုက်စခန်းကနေ ထွက်ခွာသွားမယ့် အမေရိကန်ပြည်ထောင် စု အစိုးရ အလိုရှိသလို အသုံးပြုနိုင်တဲ့ ဂျက်တိုက်လေယာဉ်တွေက ရုရှားနဲ့ စစ်မက်ဖြစ်ပွားနေတဲ့နယ်မြေထဲကို ပျံသန်းသွားရမယ်ဆိုတာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအားလုံးအတွက် စိုးရိမ်ပူပန်စရာကိစ္စဖြစ်သွားမှာပေါ့ဗျာ။” လို့ ပိုလန်အစိုးရရဲ့ကြေညာချက်ကိုကိုးကားပြီး ဂျွန်ကာဘီက ပြောပါတယ်။

 

“ဒီကြေညာချက်ဟာ ခြေခြေမြစ်မြစ်ရှိတဲ့အကြောင်းပြချက်တစ်ခုလို့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းမယုံကြည် ပါဘူး။ ဒီပြဿနာနဲ့ သူတို့တင်ပြထားတဲ့ခက်ခဲလှတဲ့လော်ဂျစ်စတစ်စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ပိုလန်အစိုးရနဲ့ ကျွန်တော်တို့ရဲ့တခြားနေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ကျွန်တော်တို့ ဆက်ပြီးအကြံပေးသွားမှာပါ။ ဒါပေမဲ့ ပိုလန် အ စိုးရရဲ့အဆိုပြုချက်ဟာ ယုတ္တိယုတ္တာရှိတဲ့ အဆိုပြုချက်တစ်ခုလို့ ကျွန်တော်တို့ မယုံကြည်ပါဘူး။” လို့ ကာဘီက ပြောပါတယ်။

 

Ref: Pentagon Rejects Polish Plan to Send Ukraine Fighter Jets Via US Air Base

 

#PeopleMedia

 

(unicode)


……………………………….

 


 


 


 


 


 


 

Ref: Pentagon Rejects Polish Plan to Send Ukraine Fighter Jets Via US Air Base

 

#PeopleMedia


Share this post