• Follow Us on

Home အမေရိကန်လေတပ် လာမည့်နှစ်တွင် B-1B ဗုံးကြဲလေယာဉ်ဖြင့် ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မည်

အမေရိကန်လေတပ် လာမည့်နှစ်တွင် B-1B ဗုံးကြဲလေယာဉ်ဖြင့် ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁ (People Media)

 

အမေရိကန်လေတပ်သည် လာမည့်နှစ် စက်တင်ဘာလမတိုင်မီ B-1B Lancer ဗုံးကြဲလေယာဉ်ဖြင့် ဟိုက်ပါ ဆောနစ်ဗုံးများကို စမ်းသပ်ပစ်ခတ်ရန် စီစဉ်နေကြောင်း ဘိုးရင်းကုမ္ပဏီမှ အရာရှိများက ပြောကြားသည်။

 

B-1B Lancer ဗုံးကြဲလေယာဉ်သည် ဂလိုက်ဒါရော့ကက်တွန်းကန်အားမြှင့်တင်မှုကိုရော ဟိုက်ပါဆောနစ်ဒုံး ကျည်ပစ်လွှတ်မှုကိုရော နှစ်ခုစလုံးစမ်းသပ်ပစ်ခတ်သွားမည်ဖြစ်ကြောင်း ဘိုးရင်းကုမ္ပဏီ၏ ဗုံးကြဲလေယာဉ် များထုတ်လုပ်ရေး၊ မဟာဗျူဟာမြောက်ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မန်နေဂျာ ရောဘတ်ဂက်စ်က ရှင်းပြ ကြောင်း အပ်ဘယ်လီးနေ့စဉ်ထုတ်သတင်းစာတွင် ရေးသားဖော်ပြထားသည်။

 

အဆင့်မြှင့်တင်ထားသော ဂလိုက်ဒါရော့ကက်သည် ပိုမိုမြင့်မားသောအရှိန်ဖြင့် ပေါက်ကွဲအားကို မြှင့်တင်ထား ကြောင်း ကာကွယ်ရေးခေတ်မီစီမံချက်သုတေသနအေဂျင်စီ Defense Advanced Project Research Agency ၏ ပြောကြားချက်အရသိရသည်။

 

ဒုံးကျည်များမှာ ပုံစံအမျိုးမျိုးနှင့် ပျံသန်းရွေ့လျားနိုင်ပြီး ရန်သူ့လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များကို ရှောင်တိမ်းနိုင်ကြောင်း ရောဘတ်ဂက်စ်က ပြောသည်။

 

Air-breathing ဟိုက်ပါဆောနစ်ဒုံးကျည်မှာ သေးငယ်ပြီး ပစ်ခတ်နိုင်သော အကွာအဝေးမှာ နိမ့်ကျသော်လည်း ယင်းဒုံးကျည်၏သေးငယ်သောပမာဏကြောင့် လေယာဉ်များတွင် ဂလိုက်ဒါရော့ကက်များထက် ပိုမိုတပ်ဆင်နိုင် ကြောင်းသိရသည်။

 

B-1B Lancer ဗုံးကြဲလေယာဉ်သည် လက်ရှိအချိန် ဗုံးကြဲလေယာဉ်များတွင် ပထမဦးဆုံးရွေးချယ်ရမည့် ဗုံးကြဲ လေယာဉ်ဖြစ်ကြောင်း မန်နေဂျာ ရောဘတ်ဂက်စ်ကပြောသည်။

 

Northrop Grumman ကုမ္ပဏီကထုတ်လုပ်မည့် B-21 Raider ဗုံးကြဲလေယာဉ်ကို ၂၀၂၀ ပြည့်နှစ် နှစ်လယ် လောက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်သော်လည်း B-52 Stratofortress ဗုံးကြဲလေယာဉ်များမှာ နှစ်ပေါင်း ၇၀ သက်တမ်းရင့်နေပြီဖြစ်ပြီး ပြန်လည်အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်းသိရသည်။

 

၁၉၈၅ ခုနှစ်တွင် စတင်အသုံးပြုခဲ့သော B-1B ဗုံးကြဲလေယာဉ်သည် လက်ရှိအမေရိကန်လေတပ်တွင်အသုံးပြု နေသော B-2 Spirit ဗုံးကြဲလေယာဉ်နှင့် B-52 ဗုံးကြဲလေယာဉ်အပါအဝင် ဗုံးကြဲလေယာဉ်သုံးမျိုးထဲမှ တစ်မျိုး ဖြစ်သည်။ သို့သော် အခြားဗုံးကြဲလေယာဉ်နှစ်မျိုးနှင့်မတူသည်မှာ ဘိုးရင်းကုမ္ပဏီ၏အစိတ်အပိုင်းတစ်ခုဖြစ် သော ရော့ခ်ဝဲလ်အင်တာနေရှင်နယ်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက ယင်းလေယာဉ်ကို နျူကလီးယားလက် နက်များသယ်ဆောင်နိုင်အောင် ထုတ်လုပ်ပေးထားမှုမရှိခြင်းပင်ဖြစ်သည်။

 

ဟိုက်ပါဆောနစ်ဒုံးကျည်၏အားသာချက်များအကြောင်းရှင်းလင်းပြောကြားရာတွင် “၎င်းဒုံးကျည်မှာ အသံထက် ငါးဆမက ပိုမိုမြန်ဆန်သောဒုံးကျည်ဖြစ်ကြောင်း၊ ယင်ဒုံးကျည်ကို ရန်သူလက်လှမ်းမမီသောအကွာအဝေးမှ ပစ် ခတ်နိုင်ကြောင်း” လက်နက်ထုတ်လုပ်ရေးအရာရှိများကပြောသည်။ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံသည် ဟိုက်ပါ ဆောနစ်လက်နက်များထုတ်လုပ်ရာတွင် အမေရိကန်ထက် နှာတစ်ဖျားသာကြောင်း ၎င်းတို့ကပြောသည်။

 

“အမေရိကန်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လက်နက်ထုတ်လုပ်ရေးဘက်ကို တစိုက်မတ်မတ် မ လိုက်ခဲ့ဘူး။ အခုတော့ အမေရိကန်ဟာ ရုရှားနဲ့ တရုတ်နောက်မှာ ကျန်ရစ်ခဲ့ပြီ။ အခုတော့ သူတို့ကို အမီပြန် လိုက်နိုင်အောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်။” ဟု မန်နေဂျာရောဘတ်ဂက်စ်ကပြောသည်။

 

Ref: USAF to Test Hypersonic Missiles With B-1B Bomber Next Year

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: USAF to Test Hypersonic Missiles With B-1B Bomber Next Year

 

#PeopleMedia


Share this post