• Follow Us on
Latest News

Home အမေရိကန်လေတပ် F-35 တိုက်လေယာဉ်တစ်စင်းပေါ်မှ စမတ်ဗုံး စမ်းသပ်ကြဲချခဲ့

အမေရိကန်လေတပ် F-35 တိုက်လေယာဉ်တစ်စင်းပေါ်မှ စမတ်ဗုံး စမ်းသပ်ကြဲချခဲ့

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄ (People Media)

 

အမေရိကန်လေတပ်သည် ပထမဦးဆုံးအကြိမ်အဖြစ် F-35 တိုက်လေယာဉ်တစ်စင်းပေါ်မှ ရေသီယွန်ကုမ္ပဏီ ထုတ် စမတ်ဗုံး (StormBreaker munition) တစ်လုံးကို စမ်းသပ်ကြဲချခဲ့ကြောင်း အမေရိကန်စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက ထုတ်ဖော်ကြေညာလိုက်သည်။

 

ပဉ္စမမြောက်မျိုးဆက်လေယာဉ်နှင့် စမတ်ဗုံးများပေါင်းစပ်အသုံးပြုသည့်အစိတ်အပိုင်းတစ်ရပ်အဖြစ် ၂၀၂၁ ခု နှစ်နှောင်းပိုင်းတွင် စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ရေသီယွန်ကုမ္ပဏီကပြောကြားခဲ့သည်။

 

ပေါင် ၂၀၀ (၉၁ ကီလိုဂရမ်) အလေးချိန်ရှိ ဝေဟင်မှ မြေပြင်ပစ် ဗုံးကို F-15E တိုက်လေယာဉ်တွင် စမ်းသပ်ပစ် ခဲ့ရာ အမေရိကန်လေတပ်က လက်ရှိအချိန်တွင် ယင်းလက်နက်စနစ်ကို ဆန်းစစ်လေ့လာလျက်ရှိသည်။ ကနဦး  လက်နက်စွမ်းရည်များရရှိပြီးသည်နှင့် ယင်းလက်နက်ကို အမေရိကန်ရေတပ်၏ F/A-18E Super Hornet တိုက် လေယာဉ်များနှင့် F/A-18F Super Hornet တိုက်လေယာဉ်များတွင်တပ်ဆင်သွားမည်ဖြစ်သည်။

 

ပိုမိုခေတ်မီသော F-15EX Strike Eagle တိုက်လေယာဉ်သည် စမတ်ဗုံး (StormBreaker munition) ၁၆ လုံး ကျော်သယ်ဆောင်နိုင်သော်လည်း F-15E တိုက်လေယာဉ်တစ်စင်းသည် စမတ်ဗုံး (StormBreaker munition) အလုံး ၂၀ အထိ သယ်ဆောင်နိုင်ကြောင်း ရေသီယွန်ကုမ္ပဏီက ပြောသည်။

 

Small Diameter Bomb Increment II program ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်နက်စနစ်၏ အန္တရာယ် ရှိသောအစိတ်အပိုင်းများကိုလျှော့ချရန်အတွက် ရေသီယွန်ကုမ္ပဏီက ဒေါ်လာ ၁၄၄ သန်းတန်လုပ်ငန်းကန်ထ ရိုက်ကို အမေရိကန်လေတပ်မှ ရရှိသည့်အချိန်တွင် ၂၅ နှစ်ကြာ  စမတ်ဗုံး (StormBreaker munition) ထုတ် လုပ်ရေးလုပ်ငန်းမှာ ၂၀၀၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

လုပ်ငန်းစတင်ဆောင်ရွက်ချိန် သုံးနှစ်ကြာပြီးနောက် ၂၀၁၀ ခုနှစ်တွင် အမေရိကန်လေတပ်က စမတ်ဗုံး (StormBreaker munition) နှင့်ပတ်သက်၍ “ပုံစံရေးဆွဲခြင်း၊ စမ်းသပ်ထုတ်လုပ်ခြင်းနှင့် ထုတ်လုပ်ခြင်း” တို့ အတွက် ဒေါ်လာသန်း ၄၅၀ တန်ကန်ထရိုက်လုပ်ငန်းကို အပ်နှံခဲ့သည်။

 

၂၀၂၄ ခုနှစ်မတိုင်ခင်အထိ စမတ်ဗုံး (StormBreaker munition) “ပေါင်းစပ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထိန်း သိမ်းခြင်း” တို့အပါအဝင် ဗုံးသက်တမ်းတစ်လျှောက်ထောက်ပံ့မှုအတွက် အမေရိကန်လေတပ်က ရေသီယွန် ကုမ္ပဏီအား ဒေါ်လာသန်း ၂၀၀ တန်ကန်ထရိုက် လုပ်ငန်းကို အပ်နှံခဲ့သည်။

 

Ref: US Air Force Tests StormBreaker ‘Smart’ Munition on F-35

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 

Ref: US Air Force Tests StormBreaker ‘Smart’ Munition on F-35

 

#PeopleMedia


Share this post