• Follow Us on
Latest News

Home အေမရိကန္ေလယာဥ္ကို တ႐ုတ္စစ္သေဘၤာက စစ္တပ္သံုးေလဆာနဲ႔ထိုးတယ္လို႔ အေမရိကန္ေရတပ္ေျပာ

အေမရိကန္ေလယာဥ္ကို တ႐ုတ္စစ္သေဘၤာက စစ္တပ္သံုးေလဆာနဲ႔ထိုးတယ္လို႔ အေမရိကန္ေရတပ္ေျပာ

Share this post

ဝါ႐ွင္တန္ဒီစီ၊ ေဖေဖာ္ဝါရီ – ၂၈

တ႐ုတ္စစ္သေဘၤာတစ္စင္းဟာ အေမရိကန္ေရတပ္ရဲ႕ P-8 ေထာက္လွမ္းေရးေလယာဥ္ကို စစ္တပ္သံုးေလ ဆာနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ အေမရိကန္ေရတပ္က ၾကာသပေတးေန႔မွာေျပာပါတယ္။

ပစိဖိတ္သမုဒၵရာကိုျဖတ္သန္းေနစဥ္မွာ ပစ္ခဲ့တာျဖစ္ၿပီး ေဘးကင္းလံုၿခံဳမႈမ႐ွိတဲ့အျပင္ ကၽြမ္းက်င္မႈမ႐ွိဘူးလို႔ အေမရိကန္ေရတပ္က ေ၀ဖန္ခဲ့တာပါ။

လက္နက္အဆင့္႐ွိတဲ့ေလဆာေတြဟာ ေလယာဥ္နဲ႔သေဘၤာအမႈထမ္းေတြ၊ သေဘၤာေတြနဲ႔ေလယာဥ္စနစ္ေတြ ကို ထိခိုက္ႏိုင္ေခ်႐ွိတယ္လို႔လည္း အေမရိကန္ေရတပ္ထုတ္ျပန္ခ်က္မွာပါ၀င္ပါတယ္။

စစ္တပ္သံုးေလဆာေရာင္ျခည္ေတြဟာ အေတာ္ေ၀းေ၀းေရာက္ႏိုင္တဲ့ အလင္းတန္းထုတ္ေပးႏိုင္ၿပီး ေလယာဥ္ မွဴးေတြ ယာယီအျမင္ အာ႐ံုေပ်ာက္သြားေစႏိုင္ပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္စစ္တပ္တို႔ၾကား တင္းမာမႈေတြ႐ွိေနခ်ိန္မွာ အခုျဖစ္ရပ္ျဖစ္လာတာပါ။

Source – CNN

#PeopleMedia #Laser #USNavy #ChinaWarship

(Unicode)
အမေရိကန်လေယာဉ်ကို တရုတ်စစ်သင်္ဘောက စစ်တပ်သုံးလေဆာနဲ့ထိုးတယ်လို့ အမေရိကန်ရေတပ်ပြော
………………………………………………………

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ – ၂၈

တရုတ်စစ်သင်္ဘောတစ်စင်းဟာ အမေရိကန်ရေတပ်ရဲ့ P-8 ထောက်လှမ်းရေးလေယာဉ်ကို စစ်တပ်သုံးလေ ဆာနဲ့ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ကြာသပတေးနေ့မှာပြောပါတယ်။

ပစိဖိတ်သမုဒ္ဒရာကိုဖြတ်သန်းနေစဉ်မှာ ပစ်ခဲ့တာဖြစ်ပြီး ဘေးကင်းလုံခြုံမှုမရှိတဲ့အပြင် ကျွမ်းကျင်မှုမရှိဘူးလို့ အမေရိကန်ရေတပ်က ဝေဖန်ခဲ့တာပါ။

လက်နက်အဆင့်ရှိတဲ့လေဆာတွေဟာ လေယာဉ်နဲ့သင်္ဘောအမှုထမ်းတွေ၊ သင်္ဘောတွေနဲ့လေယာဉ်စနစ်တွေ ကို ထိခိုက်နိုင်ချေရှိတယ်လို့လည်း အမေရိကန်ရေတပ်ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

စစ်တပ်သုံးလေဆာရောင်ခြည်တွေဟာ အတော်ဝေးဝေးရောက်နိုင်တဲ့ အလင်းတန်းထုတ်ပေးနိုင်ပြီး လေယာဉ် မှူးတွေ ယာယီအမြင် အာရုံပျောက်သွားစေနိုင်ပါတယ်။

အမေရိကန်နဲ့ တရုတ်စစ်တပ်တို့ကြား တင်းမာမှုတွေရှိနေချိန်မှာ အခုဖြစ်ရပ်ဖြစ်လာတာပါ။

Source – CNN

#PeopleMedia #Laser #USNavy #ChinaWarship


Share this post