• Follow Us on
Latest News

Home အမေရိကန်လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုနှင့် ကုန်းရေနှစ်သွယ်သွားတိုက်ခိုက်ရေးအုပ်စု တောင် တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်

အမေရိကန်လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုနှင့် ကုန်းရေနှစ်သွယ်သွားတိုက်ခိုက်ရေးအုပ်စု တောင် တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၇ (People Media)

 

အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စက်အက်စ် ကားဗင်ဆန် တိုက်ခိုက်ရေးသင်္ဘောအုပ်စု (VINCSG) နှင့် အက်ဆက်စ်ကုန်းရေနှစ်သွယ်သွားတိုက်ခိုက်ရေးအုပ်စု (ESX ARG) တို့ ပူးပေါင်း၍ ပြည်ပတိုက်ခိုက်ရေး အင်အားစု လေ့ကျင့်မှုစစ်ဆင်ရေးများကို တောင်တရုတ်ပင်လယ်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ ကြောင်းသိရသည်။

 

စစ်ရေးေ့လကျင့်မှုတွင် ပူးတွဲပင်လယ်ပြင်တိုက်ခိုက်ခြင်း စစ်ရေးလေ့ကျင့်မှုများ၊ ပင်လယ်ပြင်တွင်း ပိတ်ဆို့တား ဆီးဖြင်း စစ်ရေးလေ့ကျင့်မှုများ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ရေးလေ့ကျင့်မှုများ၊ ပင်လယ်ပြင်တွင်း လူ/ လက်နက်ခဲယမ်း၊ စစ်လက်နက်ပစ္စည်းများ အစားထိုးလဲလှယ်ခြင်း၊ ထပ်မံဖြည့်တင်းခြင်း လေ့ကျင့်ခန်းများနှင့် စစ်ရေးလေ့ကျင့်ခန်းဖွဲ့စည်းခြင်း/ ရေကြောင်းသွားလာမှုစစ်ဆင်ရေးလေ့ကျင့်ခန်းများပါဝင်သည်။

 

အက်ဆက်စ်ကုန်းရေနှစ်သွယ်သွားတိုက်ခိုက်ရေးအုပ်စု (ESX ARG) တွင် စစ်ရေးလေ့ကျင့်ခန်းများတွင်ပါဝင် ဆောင်ရွက်ရန် လေကြောင်းအထောက်အကူပါသည့် “White Knights” ခေါ် အမှတ် ၁၆၅ မရိန်းတပ်ရင်းနှင့် “Black Sheep” ခေါ် အမှတ် ၂၁၄ မရိန်းတိုက်ခိုက်ရေးအုပ်စုတို့ပါဝင်သည်။

 

“Black Sheep” အုပ်စုတွင် AV-8B Harrier တိုက်လေယာဉ်များပါဝင်သလို “White Knights” အုပ်စုတွင် ဒေါင်လိုက်တက်ဆင်းနိုင်သော ဘက်စုံသုံး MV-22B Osprey လေယာဉ်များ၊ UH-1Y Venom ရဟတ်ယာဉ်များ၊ AH-1Z Viper ရဟတ်ယာဉ်များနှင့် ဝန်လေးသယ်ပို့နိုင်သော CH-53E Super Stallions ရဟတ်ယာဉ်များပါဝင်  သည်။

 

“ESX ARG တို့လို ကုန်းရေနှစ်သွယ်သွားတိုက်ခိုက်ရေးအုပ်စုနှင့် ပေါင်းစပ်ရာမှာ လျင်မြန်ထိရောက်စွာဆောင် ရွက်နိုင်တဲ့ ကျွန်တော်တို့တပ်မတော်ရဲ့စွမ်းရည်က တခြားရေတပ်တွေနဲ့မတူတဲ့ ရန်သူကိုချေမှုန်းသုတ်သင်နိုင် တဲ့ ရေတပ်ရဲ့မတူကွဲပြားမှုကို ထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။” ဟု အမှတ် ၁ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုမှ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်းမာတင်က ပြောသည်။

 

“ဘယ်ပင်လယ်ပြင်မှာပဲဖြစ်ဖြစ် မရိန်းတပ်ဖွဲ့ဝင်တွေကို ပို့ဆောင်ပေးဖို့အတွက် Essex ARG ရဲ့ အရည်အသွေး တွေနဲ့ ပေါင်းစပ်ထားတဲ့ ကားဗင်ဆန်လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုရဲ့ တာဝေးခရီးထိုးဖောက်တိုက် ခိုက်နိုင်တဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်စွာ တံခါးဖွင့်သွားလာနိုင်ရေး  ဆက်လက် ကာကွယ်သွားဖို့အတွက် အမေရိကန်ရဲ့ မဟာဗျူဟာမြောက်စွမ်းရည်ကို အလွန်ကြီးမားစွာအထောက်အကူပြု ပေးနိုင်ပါတယ်။” ဟု ၎င်းကပြောသည်။

 

အက်ဆက်စ်ကုန်းရေနှစ်သွယ်သွားတိုက်ခိုက်ရေးအုပ်စု (ESX ARG) သည် CVW-2 ခေါ် အနာဂတ်ခေတ်မီ လေ ယာဉ်အုပ်နှင့်အတူ လက်တွဲတာဝန်ထမ်းဆောင်ရမည့် ပထမဦးဆုံး ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးတပ်ဖွဲ့  ဖြစ်သည်။ CVW-2 ကို လက်ရှိအချိန်တွင် ယူအက်စ်အက်စ်ကားဗင်ဆန် (CVN 70) လေယာဉ်တင်သင်္ဘောပေါ် တွင် တပ်ဖြန့်ချထားသည်။

 

CVW-2 ခေါ် အနာဂတ်ခေတ်မီလေယာဉ်အုပ်တွင် ၂၀၂၁ ခုစ်ကတည်းက တပ်ဖြန့်ချထားသည့် အမှတ် ၁၄၇ တိုက်ခိုက်ရေးလေယာဉ်အုပ် အာဂိုနတ်စ်က အုပ်ချုပ်သော F-35C Lightning II တိုက်လေယာဉ်များ၊ အမှတ် ၃၀ လော်ဂျစ်စတစ်ဘက်စုံသုံးစစ်ဆင်ရေး လေယာဉ်အုပ် တိုက်တန်စ်က အုပ်ချုပ်သော ဒေါင်လိုက်တက်ဆင်း  နိုင်သည့်လေယာဉ်များပါဝင်သည်။

 

အက်ဆက်စ်ကုန်းရေနှစ်သွယ်သွားတိုက်ခိုက်ရေးအုပ်စု (ESX ARG) တွင် အမှတ် ၁ PHIBRON တပ်ရင်းနှင့် အမှတ် ၁၁ ပြည်ပတိုက်ခိုက်ရေးမရိန်းတပ်ဖွဲ့တို့ပါဝင်သည်။ ယူအက်စ်အက်စ်ကားဗင်ဆန် (CVN 70) လေယာဉ်  တင်သင်္ဘောနှင့်အတူခုတ်မောင်းနေသော အမှတ် ၁ PHIBRON တပ်ရင်းမှ စစ်သင်္ဘောများတွင် ရဟတ်ယာဉ် တင် USS Essex (LHD 2) သင်္ဘောနှင့် USS Pearl Harbor (LSD 52) ကမ်းထိုးရေယာဉ်တို့ပါဝင်သည်။

 

ယူအက်စ်အက်စ်ကားဗင်ဆန်လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုတွင် လေယာဉ်တင်သင်္ဘော USS ကားဗင်ဆန်၊ တီကွန်ဒီရိုဂါ-အဆင့် ပဲ့ထိန်းဒုံးကျည်တပ် USS Lake Champlain (CG 57) ခရုဇာစစ်သင်္ဘော၊ အာလိတ်ဘာကီ-အဆင့် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ၃ စီး၊ USS Michael Murphy (DDG 112) ဖျက် သင်္ဘော ၁ စီး၊ USS O’Kane (DDG 77) ဖျက်သင်္ဘောတစ်စီး၊ USS Chafee (DDG 90) ဖျက်သင်္ဘောတစ်စီး တို့ပါဝင်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လက CVW-2 ခေါ် အနာဂတ်ခေတ်မီလေယာဉ်အုပ် ၉ အုပ်ကို ကားဗင်ဆန် လေယာဉ်တင်သင်္ဘောတွင် အားဖြည့်တပ်ဖြန့်ချထားခဲ့သည်။

 

Ref: Strike, Amphibious Groups Complete Joint Training in South China Sea

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Strike, Amphibious Groups Complete Joint Training in South China Sea

 

#PeopleMedia


Share this post