• Follow Us on

Home အမေရိကန်လော့ခ်ဟိမာတင်ကုမ္ပဏီနှင့် အိန္ဒိယတာတာကုမ္ပဏီတို့ အိန္ဒိယနိုင်ငံတွင် F21 တိုက်လေယာဉ် တောင်ပံများ ပူးပေါင်းထုတ်လုပ်မည်

အမေရိကန်လော့ခ်ဟိမာတင်ကုမ္ပဏီနှင့် အိန္ဒိယတာတာကုမ္ပဏီတို့ အိန္ဒိယနိုင်ငံတွင် F21 တိုက်လေယာဉ် တောင်ပံများ ပူးပေါင်းထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀ (People Media)

 

အမေရိကန်လော့ခ်ဟိမာတင်ကုမ္ပဏီသည် အိန္ဒိယတာတာကုမ္ပဏီနှင့် ပူးပေါင်း၍ အိန္ဒိယနိုင်ငံတွင် F21 တိုက် လေယာဉ်တောင်ပံများ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယလေတပ်ကို F21 တိုက်လေယာဉ် ၁၁၄ စင်း ရောင်းချမည့်အစီအစဉ်အတွက်ပံ့ပိုးရန် တာတာကုမ္ပဏီက ရှေ့ပြေးပုံစံ တိုက်လေယာဉ်တစ်စင်း၏ တောင်ပံအတွက် အစိတ်အပိုင်းများကိုထုတ်လုပ်ပြီးနောက် အမေရိကန် ကုမဏီနှင့် ပူးပေါင်းဆောင်ရွက်မည့်သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

ရှေ့ပြေးပုံစံ တိုက်လေယာဉ်တစ်စင်း၏တောင်ပံကို အောင်မြင်စွာထုတ်လုပ်ခဲ့ခြင်းမှာ တာတာကုမ္ပဏီသည် အနာဂတ်ကာလတွင် လော့ခ်ဟိမာတင်ကုမ္ပဏီနှင့် လေယာဉ်ပစ္စည်းအစိတ်အပိုင်းများ ပူးတွဲထုတ်လုပ်နိုင်မည့် ကုမ္ပဏီဖြစ်သည်ဟု သက်သေပြလိုက်ခြင်းပင်ဖြစ်ကြောင်း လော့ခ်ဟိမာတင်ကုမ္ပဏီက ပြောသည်။

 

၎င်းအပြင် ယင်းသို့ထုတ်လုပ်လိုက်ခြင်းမှာ ကုမ္ပဏီနှစ်ခုအနေဖြင့် အိန္ဒိယနိုင်ငံတွင် ဂေဟစနစ်ကိုထုတ်လုပ်နိုင် ကြောင်း သရုပ်ဖော်ပြသရာတွင် အထောက်အကူပြုလိုက်ခြင်းလည်းဖြစ်သည်။

 

“လော့ခ်ဟိမာတင်ကုမ္ပဏီဟာ နည်းပညာပိုင်းအရ အင်မတန်ရှုပ်ထွေးတဲ့ လေယာဉ်အစိတ်အပိုင်းတွေ တည် ဆောက်ဖို့အတွက် အိန္ဒိယတာတာကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်” ဟု လော့ခ်ဟိမာတင်ကုမ္ပဏီ၏ မဟာဗျူဟာနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒုတိယဥက္ကဋ္ဌအေမီဘားနတ်က ဟိုင်ဒါရာဘတ်တွင်ကျင်းပသော အခမ်းအနားတစ်ခုတွင် ပြောသည်။

 

မိတ်ဖွဲ့အဖွဲ့အစည်းအသစ်ထူထောင်လိုက်ခြင်းသည် အခြားသောအိန္ဒိယစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး အဖွဲ့ အစည်းများနှင့် ဆက်ဆံရေးတွင် လော့ခ်ဟိမာတင်ကုမဏီ၏ ယုံကြည်မှုကို ထင်ဟပ်ပေါ်လွင်စေကြောင်း အေမီ ဘားနတ်က ပြောသည်။

 

Ref: Tata, Lockheed Martin to Build F-21 Fighter Wings in India

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 

Ref: Tata, Lockheed Martin to Build F-21 Fighter Wings in India

 

#PeopleMedia


Share this post