• Follow Us on

Home အမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်က ထိရောက်စွာမကာကွယ်နိုင်၍ ရုရှားထုတ် S-400 ဒုံးကျည် များနှင့် ပန်ဆီယာအက်စ်လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုဝယ်ယူရန် ဆော်ဒီအာရေးဗီးယား စဉ်းစားနေ

အမေရိကန်လေကြောင်းရန်ကာကွယ်ရေးစနစ်က ထိရောက်စွာမကာကွယ်နိုင်၍ ရုရှားထုတ် S-400 ဒုံးကျည် များနှင့် ပန်ဆီယာအက်စ်လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုဝယ်ယူရန် ဆော်ဒီအာရေးဗီးယား စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃ (People Media)

 

ယီမင်နိုင်ငံမှ ဒုံးကျည်များ၊ ဒရုန်းများဖြင့် ဆော်ဒီပစ်မှတ်များအားတိုက်ခိုက်ရာတွင် အမေရိကန်ထောက်ပံ့ထား သည့် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များသည် ထိရောက်စွာကာကွယ်နိုင်စွမ်းမရှိသဖြင့် ဆော်ဒီအာရေး ဗီးယားနိုင်ငံသည် ရုရှားထုတ် S-400 ဒုံးကျည်များနှင့် ပန်ဆီယာအက်စ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူရန် ရုရှားနိုင်ငံနှင့် ဆွေးနွေးနေကြောင်းသိရသည်။

 

“ဒါ လူအထင်ကြီးအောင်လျှောက်ရွှီးနေတဲ့ ထွင်လုံးတစ်ခုမဟုတ်ပါဘူး။ ဆက်သွယ်မှုတွေလုပ်နေပါတယ်။ ဝယ် ယူရေးအတွက်လည်း ဆွေးနွေးနေကြတယ်။ အခွင့်အလမ်းတစ်ခုတော့ အမြဲရှိနေတတ်ပါတယ်။” ဟု ရုရှားအစိုး ရပိုင် Almaz-Antey VKO ကုမ္ပဏီမှ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများဌာန ဒုတိယအထွေထွေညွှန်ကြားရေးမှူး Vyacheslav Dzirkaln က ပြောသည်။

 

ဆော်ဒီအာရေးဗီးယားနိုင်ငံက ရုရှားထုတ်ဒုံးကျည်များဝယ်ယူရန် စဉ်းစားနေသည့်သတင်းနှင့် ပတ်သက်၍ Interfax သတင်းဌာန၏ မေးမြန်းမှုကို Vyacheslav Dzirkaln က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်ရေး ဖက်ဒရယ်ဆားဗစ်အဖွဲ့၏ အကြီးအကဲ Dmitry Shugaev က ယခုနှစ် မတ်လအတွင်းက ဆော်ဒီ-ရုရှား ကန်ထရိုက်စာချုပ်အကြောင်းကို အရိပ်အမြွက်ပြောကြားခဲ့သည်။

 

“ဆော်ဒီနိုင်ငံထဲက အဆောက်အဦတွေ မကြာခဏတိုက်ခိုက်ခံရတာ များလာပြီ။ မကြာသေးခင်ကလည်း နိုင်ငံ ခြားကို ရေနံတင်ပို့နေတဲ့ဆိပ်ကမ်းတစ်ခုက အကာအကွယ်မဲ့နေပါတယ်။ ဆော်ဒီတွေက ဒါတွေကို လေးလေး နက်နက်စဉ်းစားနေပါတယ်။ ဆော်ဒီနိုင်ငံအနေနဲ့ S-400 ဒုံးကျည်တွေနဲ့ ပန်ဆီယာ လေကြောင်းရန်ကာကွယ် ရေးစနစ်ကို ဝယ်ယူမယ့်အလားအလာရှိနေပါတယ်။” ဟု ရုရှားရုပ်သံလိုင်း 24 TV channel (VGTRK) နှင့် အင် တာဗျူးတစ်ခုတွင် Shugaev က ပြောသည်။

 

၂၀၀၉ ခုနှစ်တွင် ဆော်ဒီအာရေဗီးယားနိုင်ငံမှ ရေနံကုမ္ပဏီတစ်ခုဖြစ်သော ARAMCO ကုမ္ပဏီ အဆောက်အဦ ကို ဒရုန်းလေယာဉ်မှ ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့သည်။ ၎င်းအပြင် ဆော်ဒီအာရေးဗီးယားလေဆိပ်များကိုလည်း ဒုံးကျည်များ၊ ဒရုန်းလေယာဉ်များဖြင့် မကြာခဏအတိုက်ခံရကြောင်းသိရသည်။

 

Ref: Saudi Eyeing Russian S-400, Pantsir-S as U.S. Air Defense Systems Ineffective Against Yemeni Missiles, Drones

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 

Ref: Saudi Eyeing Russian S-400, Pantsir-S as U.S. Air Defense Systems Ineffective Against Yemeni Missiles, Drones

 

#PeopleMedia


Share this post