• Follow Us on

Home အမေရိကန်လေ့ကျင့်ပေးထားသည့် အထူးတပ်ဖွဲ့ဝင်အချို့နှင့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်အချို့ အိုင်အက်စ် အိုင်အက်စ်အဖွဲ့တွင်းသို့ ဝင်ရောက်သွား

အမေရိကန်လေ့ကျင့်ပေးထားသည့် အထူးတပ်ဖွဲ့ဝင်အချို့နှင့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်အချို့ အိုင်အက်စ် အိုင်အက်စ်အဖွဲ့တွင်းသို့ ဝင်ရောက်သွား

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁ (People Media)

 

အမေရိကန်လေ့ကျင့်ပေးထားသော အာဖဂန်အထူးလက်ရွေးစင်တပ်ဖွဲ့ဝင်အချို့နှင့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင် အချို့သည် တာလီဘန်များကို တိုက်ခိုက်ရန် အိုင်အက်စ်အိုင်အက်စ်အဖွဲ့အတွင်းသို့ ဝင်ရောက်သွားကြကြောင်း သိရသည်။

 

ယခုကဲ့သို့ အာဖဂန်အထူးတပ်ဖွဲ့ဝင်များက အိုင်အက်စ်အိုင်အက်စ်အဖွဲ့အတွင်းသို့ လူသစ်များအဖြစ် ဝင်ရောက် လာခြင်းသည် လာမည့်လများ၊ နှစ်များအတွင်း အိုင်အက်စ်အဖွဲ့ကို နှိမ်နှင်းရန် ခက်ခဲစေမည့် ခေတ်မီကျွမ်းကျင် မှုများ၊ ပညာရပ်ကျွမ်းကျင်မှုများ တပ်ဆင်ပေးလိုက်ခြင်းဖြစ်သွားနိုင်သည်ကို ဆန်းစစ်လေ့လာသူအချို့က စိုးရိမ် ပူပန်နေကြသည်။

 

အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်များသိမ်းပိုက်လိုက်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် နိုင် ငံ၏ မြောက်ပိုင်းရှိ တိုက်ခိုက်ရေးသမားအုပ်စုတစ်စုသည် တာလီဘန်များကို ခုခံတွန်းလှန်နေသည့် တော်လှန် ရေးအုပ်စုနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။

 

၎င်းတို့သည် ဆိုဗီယက်ဆန့်ကျင်ရေးနှင့် တာလီဘန်ဆန့်ကျင်ရေးခေါင်းဆောင် အာမက်ရှာ့မာဆွတ်၏သားဖြစ် သူ အာမက်မာဆွတ်၏ ဦးဆောင်မှုအောက်တွင် ပူးပေါင်းပါဝင်လိုက်ကြသည်။

 

ယင်းအချိန်ကတည်းက ၎င်းတို့အဖွဲ့မှာ ဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေကြရပြီး အများစုမှာ အာဖဂန်နစ္စတန်နိုင်ငံတွင်း မှ ထွက်ပြေးသွားကြရာ အမေရိကန်ထောက်ပံ့ထားသည့် အာဖဂန်အစိုးရတပ်ဖွဲ့ဝင်ဟောင်းတို့၏ တာလီဘန်များ ကို လက်နက်ကိုင်တိုက်ခိုက်မှုမှာ အဆုံးသတ်သွားပုံရခဲ့သည်။

 

အခြား အာဖဂန်တပ်ဖွဲ့ဝင်ဟောင်းအများစုမှာ တာလီဘန်များအာဏာသိမ်းလိုက်ပြီးနောက် အသတ်ခံရမည်စိုး၍ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ခြင်းမရှိတော့ပေ။

 

လက်ရှိအချိန်တွင် တာလီဘန်များကို လက်နက်စွဲကိုင်တိုက်ခိုက်မှုမှာ အီရတ်နိုင်ငံမှ အစ္စလာမ်မစ်နိုင်ငံတော်ခေါ် အိုင်အက်စ်အဖွဲ့နှင့် ဆီးရီးယားနိုင်ငံ ခိုရာဆန်ပြည်နယ်မှ အိုင်အက်စ်အိုင်အက်စ်ကေအဖွဲ့တို့သာရှိတော့သည်။

 

အခြားအဖွဲ့များနှင့် နှိုင်းယှဉ်လျှင် သေးငယ်သော်လည်း အိုင်အက်စ်အိုင်အက်စ်ကေ အဖွဲ့သို့လာရောက်ပူးပေါင်း နေသည့် ယခင်အာဖဂန်အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များမှာ တဖြည်းဖြည်းများ ပြားလာကြောင်း The Wall Street Journal က ရေးသားဖော်ပြခဲ့သည်။

 

အိုင်အက်စ်အိုင်အက်စ်ကေအဖွဲ့သို့ ဝင်ရောက်သွားကြသည့် အာဖဂန်တပ်ဖွဲ့ဝင်ဟောင်းများကို အမေရိကန်ပြည် ထောင်စုက သမရိုးကျမဟုတ်သောစစ်ဆင်ရေးများနှင့် ထောက်လှမ်းရေးသတင်းအချက်အလက်များစုဆောင်း ခြင်းပညာရပ်များကို သင်ကြားပေးခဲ့ကြောင်း The Wall Street Journal က ရေးသားဖော်ပြခဲ့သည်။

 

Ref: Some US-trained Afghan elite soldiers and intelligence officers are joining ISIS

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Some US-trained Afghan elite soldiers and intelligence officers are joining ISIS

 

#PeopleMedia


Share this post