• Follow Us on

Home အေမရိကန္ေ႐ြးေကာက္ခံသမၼတ ဂ်ိဳး ဘိုင္ဒန္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးခံ

အေမရိကန္ေ႐ြးေကာက္ခံသမၼတ ဂ်ိဳး ဘိုင္ဒန္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထိုးခံ

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ေဆးထိုးရန္ေဘးကင္းေၾကာင္း အေမရိကန္ႏိုင္ငံသားမ်ားကိုျပသရန္ဟုဆိုကာ ဖိုင္ဇာကုမၸဏီ၏ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ပထမအႀကိမ္ကို ေ႐ြးေကာက္ခံသမၼတ ဂ်ိဳး ဘိုင္ဒန္က တနလၤာေန႔တြင္ ထိုးခဲ့သည္။

ဒုတိယသမၼတ မိုက္ ပန္႔စ္ႏွင့္ ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီ ပီလိုစီတို႔အပါအ၀င္ ေဆးထိုးခံခဲ့သည့္ႏိုင္ငံေရးသမားမ်ားထဲတြင္ မစၥတာ ဘိုင္ဒန္လည္းပါ၀င္လာသည္။

ၿပီးခဲ့သည့္တပတ္တြင္အတည္ျပဳခဲ့သည့္မိုဒါးနားကုမၸဏီ၏ကာကြယ္ေဆးကို တနဂၤေႏြေန႔တြင္စတင္ျဖန္႔ခ်ိသည္။

လက္႐ွိတြင္ အေမရိကန္ႏိုင္ငံသား ၅ သိန္းေက်ာ္ကို ကာကြယ္ေဆးထိုးထားသည္။

ကာကြယ္ေဆးအစီအစဥ္မိတ္ဆက္ျခင္းအတြက္ လက္႐ွိသမၼတ ေဒၚနယ္ ထရမ့္ အစိုးရကို အသိအမွတ္ျပဳေပးရမည္ဟုလည္း မစၥတာ ဘိုင္ဒန္က တိုက္တြန္းသည္။

အစိုးရအဖြဲ႕ပထမရက္ ၁၀၀ အတြင္း ႏိုင္ငံသားသန္း ၁၀၀ ကို ကာကြယ္ေဆးထိုးေပးရန္ ဘိုင္ဒန္ဦးေဆာင္မည့္လာမည့္အစိုးရ အဖြဲ႕က ရည္မွန္းထားသည္။

အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္အတည္ျပဳလူနာ ၁၈ သန္းေက်ာ္႐ွိၿပီး ေသဆံုးသူ ၃၁၉၀၀၀ ေက်ာ္႐ွိသည္။

Ref : Covid US President-elect Joe Biden gets vaccine live on TV

#PeopleMedia

(unicode)
အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးခံ
……………………………………………..

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဆေးထိုးရန်ဘေးကင်းကြောင်း အမေရိကန်နိုင်ငံသားများကိုပြသရန်ဟုဆိုကာ ဖိုင်ဇာကုမ္ပဏီ၏ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအကြိမ်ကို ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန်က တနင်္လာနေ့တွင် ထိုးခဲ့သည်။

ဒုတိယသမ္မတ မိုက် ပန့်စ်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလိုစီတို့အပါအဝင် ဆေးထိုးခံခဲ့သည့်နိုင်ငံရေးသမားများထဲတွင် မစ္စတာ ဘိုင်ဒန်လည်းပါဝင်လာသည်။

ပြီးခဲ့သည့်တပတ်တွင်အတည်ပြုခဲ့သည့်မိုဒါးနားကုမ္ပဏီ၏ကာကွယ်ဆေးကို တနင်္ဂနွေနေ့တွင်စတင်ဖြန့်ချိသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံသား ၅ သိန်းကျော်ကို ကာကွယ်ဆေးထိုးထားသည်။

ကာကွယ်ဆေးအစီအစဉ်မိတ်ဆက်ခြင်းအတွက် လက်ရှိသမ္မတ ဒေါ်နယ် ထရမ့် အစိုးရကို အသိအမှတ်ပြုပေးရမည်ဟုလည်း မစ္စတာ ဘိုင်ဒန်က တိုက်တွန်းသည်။

အစိုးရအဖွဲ့ပထမရက် ၁၀၀ အတွင်း နိုင်ငံသားသန်း ၁၀၀ ကို ကာကွယ်ဆေးထိုးပေးရန် ဘိုင်ဒန်ဦးဆောင်မည့်လာမည့်အစိုးရ အဖွဲ့က ရည်မှန်းထားသည်။

အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်အတည်ပြုလူနာ ၁၈ သန်းကျော်ရှိပြီး သေဆုံးသူ ၃၁၉၀၀၀ ကျော်ရှိသည်။

Ref : Covid US President-elect Joe Biden gets vaccine live on TV

#PeopleMedia


Share this post