• Follow Us on

Home အမေရိကန်ပြည်ထောင်စုက ဒေါ်လာတစ်ဘီလျံနီးပါးတန် သံချပ်ကာကား အစင်း ၁,၂၀၀ ဂရိနိုင်ငံကို လက်ဆောင်ပေး

အမေရိကန်ပြည်ထောင်စုက ဒေါ်လာတစ်ဘီလျံနီးပါးတန် သံချပ်ကာကား အစင်း ၁,၂၀၀ ဂရိနိုင်ငံကို လက်ဆောင်ပေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃ (People Media)

 

အမေရိကန်ပြည်ထောင်စုသည် ဂရိနိုင်ငံအတွက် M1117 သံချပ်ကာကား အစီးရေ ၁,၂၀၀ ပေးပို့သွားရန် အစီ အစဉ်ရှိရာ ပထမအသုတ်လွှဲပြောင်းပေးအပ်ပွဲကို အေသင်မြို့တွင် ဒီဇင်ဘာလ ၂ ရက်နေ့ကကျင်းပခဲ့သည်။

 

အမေရိကန်တပ်မတော်က Excess Defense Articles ပရိုဂရမ်အရ ASV သံချပ်ကာကား ၁,၂၀၀ ကို အခမဲ့ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ဂရိတပ်မတော်အနေဖြင့် စစ်ဆင်ရေးတာဝန်များ ပိုမိုကျယ်ပြန့်စွာထမ်းဆောင်နိုင်ရန်အတွက် M1117 သံချပ် ကာကားများက ဂရိတပ်မတော်ဖွဲ့စည်းပုံကို စာမျက်နှာသစ်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း” အာဂျီယိုအနာဂျီရီ တွင်ကျင်းပသည့် အခမ်းအနားတွင် ဂရိကာကွယ်ရေးဝန်ကြီး နီကိုးစ်ပန်နာဂျီယိုတိုပိုလိုစ်က ပြောသည်။

 

“ဂရိနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအခြေအနေတွေနဲ့ ဂရိနိုင်ငံရင်ဆိုင်နေရတဲ့ အဲဗရိုဒေသ၊ အက်ဂျီးယန်ဒေသနဲ့ မြေထဲ ပင်လယ်ဒေသအရှေ့ပိုင်းက ခြိမ်းခြောက်မှုတွေက တောက်လျှောက် နိုးနိုးကြားကြား သတိရှိရှိနေထိုင်ဖို့နဲ့ ရန်သူ ကို ဟန့်တားနိုင်တဲ့အစွမ်းကို အဆင့်မြင့်မြင့်ထိန်းသိမ်းထားနိုင်ဖို့ ကျွန်တော်တို့ကို တာဝန်ပေးထားပါတယ်။” ဟု ၎င်းကပြောသည်။

 

နှစ်နိုင်ငံတပ်မတော်များကြား အပြန်အလှန်ဆက်သွယ်မှုနှင့် မိတ်ဖက်ဆောင်ရွက်မှုများတွင် အောင်မြင်မှုရရှိခဲ့ သည့် အလွန်ကြီးမားသောတိုးတက်မှုကို များစွာဂုဏ်ယူမိကြောင်း ဂရိနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး ဂျက်ဖရီးယာရ်ပိုင်းယက်ကပြောသည်။

 

“လွန်ခဲ့တဲ့သီတင်းပတ်က ကျွန်တော်တို့ နှစ်နိုင်ငံအထူးတပ်ဖွဲ့ဝင်တွေ အတူလက်တွဲပြီး စစ်ရေးလေ့ကျင့်ခဲ့တဲ့ လေ့ကျင့်မှုတွေကတစ်ဆင့် သီတင်းပတ်တိုင်းမှာ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်နိုင်မှုကို သရုပ်ဖော်ပြသ လိုက်တာပဲဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ မဟာမိတ်ဖြစ်မှု အနှစ်သာရနဲ့ တစ်နိုင်ငံနဲ့ တစ် နိုင်ငံအပေါ်ထားရှိတဲ့ ကျွန်တော်တို့ကတိကဝတ်တွေဖြစ်တဲ့ မိတ်ဖက်နိုင်ငံဖြစ်ခြင်းကို သရုပ်ဖော်ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ဂျက်ဖရီးယာရ်ပိုင်းယက်ကပြောသည်။

 

M1117 သံချပ်ကာကား အစီးရေ ၁,၂၀၀ ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး (ဒေါ်လာ ၉၇၀) တန်ကြေးရှိပြီး Excess Defense Article program အရ ဂရိနိုင်ငံက တစ်ပြားတစ်ချပ်မှမပေးရဘဲ လက် ခံရရှိခြင်းဖြစ်ကြောင်း သိရသည်။

 

Excess Defense Article program သည် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမေရိကန်ကမ်းခြေစောင့် တပ်ဖွဲ့တို့က စီစဉ်ထားသည့်ပရိုဂရမ်ဖြစ်ပြီး ယင်းပရိုဂရမ်သည် အမေရိကန်အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် သုံးစွဲသည့် ပရိုဂရမ်ဖြစ်သည်။

 

Ref: United States ‘gifts’ 1,200 armoured vehicles to Greek military worth a billion dollars

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: United States ‘gifts’ 1,200 armoured vehicles to Greek military worth a billion dollars

 

#PeopleMedia


Share this post