• Follow Us on

Home အေမရိကန္၌ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ က်န္းမာေရးဝန္ထမ္း ၁၇၀၀ ေက်ာ္ ေသဆုံးခဲ့

အေမရိကန္၌ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ က်န္းမာေရးဝန္ထမ္း ၁၇၀၀ ေက်ာ္ ေသဆုံးခဲ့

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၁

အေမရိကန္နိုင္ငံ၌ က်န္းမာေရးဝန္ထမ္း ၁၇၀၀ ေက်ာ္မွာ ကိုဗစ္-၁၉ ေရာဂါ၊ အျခားဆက္စပ္ေရာဂါမ်ား ေၾကာင့္ ေသဆုံးခဲ့ၿပီး ေသဆုံးသူ အမ်ားစုက တစ္ကိုယ္ေရကာကြယ္ေရးဝတ္စုံ (ပီပီအီး) အလုံ အေလာက္ မရရွိခဲ့ေၾကာင္း သူနာျပဳသမဂၢက ေျပာၾကားသည္။

အေမရိကန္ အမ်ိဳးသားသူနာျပဳသမဂၢ (NNU) က ထုတ္ျပန္ခဲ့သည့္ “အစိုးရက ကိုဗစ္-၁၉ ေရာဂါ ေျခရာခံမႈ မလုပ္ေဆာင္နိုင္မႈက က်န္းမာေရးလုပ္သား ၁၇၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ျပည္သူ႔က်န္းမာေရး ထိခိုက္ခဲ့ပုံ” ဆို ေသာ အစီရင္ခံစာအရ အေမရိကန္နိုင္ငံရွိ က်န္းမာေရးလုပ္သားမ်ား ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈႏွင့္ ကူးစက္မႈမ်ား ျမင့္တက္ခဲ့ေၾကာင္း သိရသည္။

အေမရိကန္အစိုးရက ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ေျခရာခံရန္ႏွင့္ ဗိုင္းရပ္စ္ဆိုင္ရာ ပြင့္လင္းျမင္သာေသာ၊ တိက်ေသာ၊ အခ်ိန္မွန္ေသာ အခ်က္အလက္မ်ား မထုတ္ျပန္နိုင္ခဲ့ဟု အစီရင္ခံစာက ဆိုသည္။

ဗိုင္းရပ္စ္ဆိုင္ရာ အေသးစိတ္အခ်က္အလက္မ်ား မထုတ္ျပန္နိုင္မႈေၾကာင့္ သူနာျပဳမ်ား၊ က်န္းမာေရးလုပ္ သားမ်ားႏွင့္ ၄င္းတို႔၏မိဘမ်ား၏ က်န္းမာေရးကို အႏၲရာယ္ျဖစ္ေစခဲ့သည္ဟု ဆိုသည္။

အေမရိကန္နိုင္ငံတစ္ဝန္း က်န္းမာေရးဝန္ထမ္း ၁၅၆၃၀၆ ဦး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရေၾကာင္း ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ တားဆီးကာကြယ္ေရးဗဟိုဌာနက ထုတ္ျပန္ခဲ့ေသာ္လည္း NNU ၏ အခ်က္အလက္မ်ား အရ ဗိုင္းရပ္စ္ကူးစက္ခံရသူ က်န္းမာေရးဝန္ထမ္းဦးေရမွာ ၂၅၈၇၆၈ ဦးရွိေၾကာင္း သိရသည္။

က်န္းမာေရးဝန္ထမ္းမ်ား ေဘးအႏၲရာယ္ကင္းစြာ တာဝန္ထမ္းေဆာင္နိုင္ရန္ ၁၉၅၀ ခုႏွစ္၊ ကာကြယ္ေရး ပစၥည္း ထုတ္လုပ္ေရးအက္ဥပေဒအရ ပီပီအီးဝတ္စုံမ်ား ျပည္တြင္း၌တိုးျမႇင့္ထုတ္လုပ္ရန္ NNU က အေမရိကန္ ဗဟိုအစိုးရအား တိုက္တြန္းခဲ့သည္။

ကိုးကား – စီဂ်ီတီအန္င္

Ref; The coronavirus has killed over 1,700 healthcare workers in U.S.: nurses union

(unicode)
အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဝန်ထမ်း ၁၇၀၀ ကျော် သေဆုံးခဲ့
…………………………………………………….

နိုင်ငံတကာ၊ အောက်တိုဘာ ၁

အမေရိကန်နိုင်ငံ၌ ကျန်းမာရေးဝန်ထမ်း ၁၇၀၀ ကျော်မှာ ကိုဗစ်-၁၉ ရောဂါ၊ အခြားဆက်စပ်ရောဂါများ ကြောင့် သေဆုံးခဲ့ပြီး သေဆုံးသူ အများစုက တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (ပီပီအီး) အလုံ အလောက် မရရှိခဲ့ကြောင်း သူနာပြုသမဂ္ဂက ပြောကြားသည်။

အမေရိကန် အမျိုးသားသူနာပြုသမဂ္ဂ (NNU) က ထုတ်ပြန်ခဲ့သည့် “အစိုးရက ကိုဗစ်-၁၉ ရောဂါ ခြေရာခံမှု မလုပ်ဆောင်နိုင်မှုက ကျန်းမာရေးလုပ်သား ၁၇၀၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကျန်းမာရေး ထိခိုက်ခဲ့ပုံ” ဆို သော အစီရင်ခံစာအရ အမေရိကန်နိုင်ငံရှိ ကျန်းမာရေးလုပ်သားများ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုနှင့် ကူးစက်မှုများ မြင့်တက်ခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ခြေရာခံရန်နှင့် ဗိုင်းရပ်စ်ဆိုင်ရာ ပွင့်လင်းမြင်သာသော၊ တိကျသော၊ အချိန်မှန်သော အချက်အလက်များ မထုတ်ပြန်နိုင်ခဲ့ဟု အစီရင်ခံစာက ဆိုသည်။

ဗိုင်းရပ်စ်ဆိုင်ရာ အသေးစိတ်အချက်အလက်များ မထုတ်ပြန်နိုင်မှုကြောင့် သူနာပြုများ၊ ကျန်းမာရေးလုပ် သားများနှင့် ၄င်းတို့၏မိဘများ၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေခဲ့သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ထမ်း ၁၅၆၃၀၆ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဗဟိုဌာနက ထုတ်ပြန်ခဲ့သော်လည်း NNU ၏ အချက်အလက်များ အရ ဗိုင်းရပ်စ်ကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းဦးရေမှာ ၂၅၈၇၆၈ ဦးရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများ ဘေးအန္တရာယ်ကင်းစွာ တာဝန်ထမ်းဆောင်နိုင်ရန် ၁၉၅၀ ခုနှစ်၊ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးအက်ဥပဒေအရ ပီပီအီးဝတ်စုံများ ပြည်တွင်း၌တိုးမြှင့်ထုတ်လုပ်ရန် NNU က အမေရိကန် ဗဟိုအစိုးရအား တိုက်တွန်းခဲ့သည်။

ကိုးကား – စီဂျီတီအန်င်

Ref; The coronavirus has killed over 1,700 healthcare workers in U.S.: nurses union


Share this post