• Follow Us on

Home အေမရိကန္၏အႀကီးဆံုးအႏၲရာယ္ တ႐ုတ္ျဖစ္ေနဟု အက္ဖ္ဘီအိုင္ၫႊန္ ၾကားေရးမွဴးေျပာ

အေမရိကန္၏အႀကီးဆံုးအႏၲရာယ္ တ႐ုတ္ျဖစ္ေနဟု အက္ဖ္ဘီအိုင္ၫႊန္ ၾကားေရးမွဴးေျပာ

Share this post

ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၈

တ႐ုတ္အစိုးရ၏ သူလွ်ိဳလုပ္မႈႏွင့္ ခိုးယူမႈမ်ားသည္ အေမရိကန္ျပည္ေထာင္စု၏အနာဂတ္အတြက္ အႀကီးဆံုး အႏၲရာယ္မ်ားျဖစ္ေနေၾကာင္း အေမရိကန္ျပည္ေထာင္စုေထာက္လွမ္းေရးဗ်ဴ႐ို(အက္ဖ္ဘီအိုင္) ၫႊန္ၾကားေရးမွဴး ကေျပာသည္။

ဝါ႐ွင္တန္႐ွိ ဟူစတန္အင္စတီက်ဴ႕တြင္ မိန္႔ခြန္းေျပာရာတြင္ တ႐ုတ္ႏိုင္ငံ၏အဘက္ဘက္မွ ေႏွာင့္ယွက္သည့္ စည္း႐ံုးလႈံ႔ေဆာ္မႈတစ္ခုကို ခရစၥတိုဖာ၀ေရးကေျပာသည္။

ႏိုင္ငံျခားတြင္ေနထိုင္သည့္တ႐ုတ္ႏိုင္ငံသားမ်ားကို တ႐ုတ္ႏိုင္ငံကပစ္မွတ္ထားေနၿပီး သူတို႔ကို ေနရပ္ျပန္လာရန္ ဖိအားေပးေနသည့္အျပင္ အေမရိကန္၏ ကို႐ိုနာဗိုင္းရပ္စ္သုေတသနလုပ္ငန္းမ်ားႏွင့္ အေပးအယူလုပ္ရန္ လုပ္ ေနေၾကာင္းလည္းေျပာသည္။

“တ႐ုတ္ႏိုင္ငံဟာ တစ္ႏိုင္ငံတည္းေသာ ကမာၻ႔အင္အားႀကီးႏိုင္ငံျဖစ္ေအာင္ ဘယ္လိုနည္းလမ္းမ်ိဳးနဲ႔မဆို လုပ္ေန ၿပီးေတာ့ တစ္ႏိုင္ငံလံုးရဲ႕အားထုတ္ႀကိဳးစားမႈေတြပါ၀င္ေနပါတယ္” ဟု သူကျဖည့္စြက္ေျပာဆိုသည္။

တစ္နာရီနီးပါးၾကာမိန္႔ခြန္းတြင္ စီးပြားေရးအရသူလွ်ိဳလုပ္မႈ၊ အခ်က္အလက္ႏွင့္ ဘ႑ာေရးဆိုင္ရာခိုးယူမႈႏွင့္ တရားမ၀င္ႏိုင္ငံေရးလႈပ္႐ွားမႈမ်ား၊ အေမရိကန္မူဝါဒမ်ားကို လႊမ္းမိုးမႈ႐ွိေစရန္ လာဘ္ေပးမႈႏွင့္ျပန္ေပးဆြဲမႈမ်ား ျပဳလုပ္ေနမႈစသည့္ တ႐ုတ္ႏိုင္ငံ၏၀င္ေရာက္စြက္ဖက္မႈကို သူက အသားေပးေျပာခဲ့သည္။

“၁၀ နာရီတိုင္းမွာ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္စပ္ေနတဲ့တန္ျပန္ေထာက္လွမ္းေရးအမႈေတြကို အက္ဖ္ဘီအိုင္က အမႈဖြင့္ ေနရတဲ့အေျခအေနတစ္ခုကို အခုကၽြန္ေတာ္တို႔ေရာက္ေနပါၿပီ။ အေမရိကန္တစ္ခြင္မွာ လက္႐ွိတန္ျပန္ေထာက္ လွမ္းေရးအမႈ ၅၀၀၀ နီးပါးေလာက္႐ွိၿပီးေတာ့ တစ္၀က္က တ႐ုတ္ႏိုင္ငံနဲ႔ဆက္စပ္ေနပါတယ္” ဟုလည္း ၀ေရး ကေျပာသည္။

တ႐ုတ္သမၼတ႐ွီက်င့္ပင္က ေျမေခြးအမဲလိုက္အစီအစဥ္ကို ဦးေဆာင္ေနၿပီး တ႐ုတ္အစိုးရအတြက္အႏၲရာယ္ဟု ျမင္ရသည့္ ႏိုင္ငံျခားေရာက္တ႐ုတ္ႏိုင္ငံသားမ်ားကို ပစ္မွတ္ထားေနေၾကာင္းလည္း ၀ေရးကေျပာသည္။

“ေျမေခြးအမဲလိုက္အစီအစဥ္က ပစ္မွတ္တစ္ေယာက္ကိုမ႐ွာႏိုင္ရင္ တ႐ုတ္အစိုးရက အေမရိကန္ျပည္ေထာင္စု မွာ႐ွိေနတဲ့ပစ္မွတ္ရဲ႕မိသားစုဆီ တ႐ုတ္အစိုးရက သံတမန္တစ္ေယာက္လႊတ္လိုက္ပါတယ္။ သူတို႔ေပးလိုက္တဲ့ သတင္းစကားက ဘာလဲသိခ်င္လား။ ပစ္မွတ္မွာ ေ႐ြးစရာ ၂ ခုပဲ႐ွိတယ္။ တ႐ုတ္ႏိုင္ငံကို ခ်က္ခ်င္းျပန္လာရင္ လာ၊ မလာရင္ ကိုယ့္ကိုယ္ကိုသတ္ေသ” ဟုလည္း ႐ွင္းျပသည္။

Ref : FBI director: China is ‘greatest threat’ to US

#PeopleMedia

(unicode)
အမေရိကန်၏အကြီးဆုံးအန္တရာယ် တရုတ်ဖြစ်နေဟု အက်ဖ်ဘီအိုင်ညွှန် ကြားရေးမှူးပြော
……………………………………………………

ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၈

တရုတ်အစိုးရ၏ သူလျှိုလုပ်မှုနှင့် ခိုးယူမှုများသည် အမေရိကန်ပြည်ထောင်စု၏အနာဂတ်အတွက် အကြီးဆုံး အန္တရာယ်များဖြစ်နေကြောင်း အမေရိကန်ပြည်ထောင်စုထောက်လှမ်းရေးဗျူရို(အက်ဖ်ဘီအိုင်) ညွှန်ကြားရေးမှူး ကပြောသည်။

ဝါရှင်တန်ရှိ ဟူစတန်အင်စတီကျူ့တွင် မိန့်ခွန်းပြောရာတွင် တရုတ်နိုင်ငံ၏အဘက်ဘက်မှ နှောင့်ယှက်သည့် စည်းရုံးလှုံ့ဆော်မှုတစ်ခုကို ခရစ္စတိုဖာဝရေးကပြောသည်။

နိုင်ငံခြားတွင်နေထိုင်သည့်တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံကပစ်မှတ်ထားနေပြီး သူတို့ကို နေရပ်ပြန်လာရန် ဖိအားပေးနေသည့်အပြင် အမေရိကန်၏ ကိုရိုနာဗိုင်းရပ်စ်သုတေသနလုပ်ငန်းများနှင့် အပေးအယူလုပ်ရန် လုပ် နေကြောင်းလည်းပြောသည်။

“တရုတ်နိုင်ငံဟာ တစ်နိုင်ငံတည်းသော ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်အောင် ဘယ်လိုနည်းလမ်းမျိုးနဲ့မဆို လုပ်နေ ပြီးတော့ တစ်နိုင်ငံလုံးရဲ့အားထုတ်ကြိုးစားမှုတွေပါဝင်နေပါတယ်” ဟု သူကဖြည့်စွက်ပြောဆိုသည်။

တစ်နာရီနီးပါးကြာမိန့်ခွန်းတွင် စီးပွားရေးအရသူလျှိုလုပ်မှု၊ အချက်အလက်နှင့် ဘဏ္ဍာရေးဆိုင်ရာခိုးယူမှုနှင့် တရားမဝင်နိုင်ငံရေးလှုပ်ရှားမှုများ၊ အမေရိကန်မူဝါဒများကို လွှမ်းမိုးမှုရှိစေရန် လာဘ်ပေးမှုနှင့်ပြန်ပေးဆွဲမှုများ ပြုလုပ်နေမှုစသည့် တရုတ်နိုင်ငံ၏ဝင်ရောက်စွက်ဖက်မှုကို သူက အသားပေးပြောခဲ့သည်။

“၁၀ နာရီတိုင်းမှာ တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့တန်ပြန်ထောက်လှမ်းရေးအမှုတွေကို အက်ဖ်ဘီအိုင်က အမှုဖွင့် နေရတဲ့အခြေအနေတစ်ခုကို အခုကျွန်တော်တို့ရောက်နေပါပြီ။ အမေရိကန်တစ်ခွင်မှာ လက်ရှိတန်ပြန်ထောက် လှမ်းရေးအမှု ၅၀၀၀ နီးပါးလောက်ရှိပြီးတော့ တစ်ဝက်က တရုတ်နိုင်ငံနဲ့ဆက်စပ်နေပါတယ်” ဟုလည်း ဝရေး ကပြောသည်။

တရုတ်သမ္မတရှီကျင့်ပင်က မြေခွေးအမဲလိုက်အစီအစဉ်ကို ဦးဆောင်နေပြီး တရုတ်အစိုးရအတွက်အန္တရာယ်ဟု မြင်ရသည့် နိုင်ငံခြားရောက်တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားနေကြောင်းလည်း ဝရေးကပြောသည်။

“မြေခွေးအမဲလိုက်အစီအစဉ်က ပစ်မှတ်တစ်ယောက်ကိုမရှာနိုင်ရင် တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စု မှာရှိနေတဲ့ပစ်မှတ်ရဲ့မိသားစုဆီ တရုတ်အစိုးရက သံတမန်တစ်ယောက်လွှတ်လိုက်ပါတယ်။ သူတို့ပေးလိုက်တဲ့ သတင်းစကားက ဘာလဲသိချင်လား။ ပစ်မှတ်မှာ ရွေးစရာ ၂ ခုပဲရှိတယ်။ တရုတ်နိုင်ငံကို ချက်ချင်းပြန်လာရင် လာ၊ မလာရင် ကိုယ့်ကိုယ်ကိုသတ်သေ” ဟုလည်း ရှင်းပြသည်။

Ref : FBI director: China is ‘greatest threat’ to US

#PeopleMedia


Share this post