• Follow Us on
Latest News

Home အမေရိကန်ကြည်းတပ်က ဂူဝမ်ကျွန်းပေါ်တွင် သံမဏိဒုံးခွင်းဒုံးကာကွယ်ရေးစနစ်ကို စမ်းသပ်မည်

အမေရိကန်ကြည်းတပ်က ဂူဝမ်ကျွန်းပေါ်တွင် သံမဏိဒုံးခွင်းဒုံးကာကွယ်ရေးစနစ်ကို စမ်းသပ်မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၂ (People Media)

 

အမေရိကန်ကြည်းတပ်သည် အစ္စရေးနိုင်ငံတွင်အသုံးပြုနေသော သံမဏိဒုံးခွင်းဒုံးကာကွယ်ရေးစနစ်ကို ဂူဝမ် ကျွန်းတွင်တပ်ဖြန့်ချထားလိုက်ပြီး ကျွန်းပေါ်တွင်ရှိသောလက်ရှိကာကွယ်ရေးအစီအစဉ်များနှင့် မည်ကဲ့သို့ပေါင်း စပ်လုပ်ဆောင်နိုင်မည်ကို နိုဝင်ဘာလအတွင်း စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

သံမဏိဒုံးခွင်းဒုံးကာကွယ်ရေးစနစ်သည် ယခုသီတင်းပတ်အတွင်း ဂူဝမ်ကျွန်းပေါ်သို့ ရေကြောင်းဖြင့်ရောက်ရှိ လာခဲ့ခြင်းဖြစ်ကြောင်း အမတ် ၉၄ ကြည်းတပ် လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးခွင်းဒုံးကာကွယ်ရေးဌာနချုပ် မှ ပြောခွင့်ရပုဂ္ဂိုလ် ကပ္ပတိန်နစ်ကိုးလ်ချော့ပ်က အမေရိကန်စစ်ဘက်ဆိုင်ရာသတင်းစာ Stars and Stripes ကို တယ်လီဖုန်းဖြင့် အောက်တိုဘာလ ၂၁ ရက်နေ့ကပြောသည်။

 

“လက်နက်စနစ်တစ်ခုလုံး၊ ရေဒါစနစ်တို့ ကွပ်ကဲရေးဌာနချုပ်တို့၊ လောင်ချာတို့ပါ ရောက်လာတာပါ။” ဟု နစ် ကိုးလ်ချော့ပ်က ပြောသည်။

 

တက္ကဆက်ပြည်နယ် ဖို့တ်ဘလစ်ရှိ အမှတ် ၂-၄၃ လေကြောင်းရန်ကာကွယ်ရေးအမြောက်တပ်မှ တပ်ဖွဲ့ဝင်များ လည်း လွန်ခဲ့သည့်သီတင်းပတ်အနည်းငယ်အတွင်းက ဂူဝမ်ကျွန်းသို့ ရောက်ရှိလာကြပြီး လက်နက်စနစ်များကို တာဝန်ယူဆောင်ရွက်နေကြပြီဖြစ်ကြောင်း ၎င်းကပြောသည်။

 

ယာယီတပ်ဖြန့်ချထားစဉ်အတွင်း ကျည်စစ်ကျည်မှန်များအသုံးပြုလေ့ကျင့်သွားရန် အစီအစဉ်မရှိကြောင်း ကိုးလ် ချော့ပ်က ပြောသည်။

 

ဂူဝမ်ကျွန်းပေါ်ရှိ သံမဏိဒုံးခွင်းဒုံးကာကွယ်ရေးစနစ်သည် လွန်ခဲ့သည့်နှစ်ကအမေရိကန်ကြည်းတပ်ကထုတ်လုပ် ခဲ့သည့် လက်နက်စနစ်နှစ်ခုအနက် တစ်ခုဖြစ်သည်။ ယင်းသံမဏိဒုံးခွင်းဒုံးကာကွယ်ရေးစနစ်တစ်စုံလျှင် အမေရိ ကန်ဒေါ်လာ ၃၇၃ သန်းတန်ကြေးရှိပြီး ယင်းပမာဏာမှာ ၂၀၁၁ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံက အသုံးပြု ခဲ့သည့် ဒေါ်လာ ၁.၆ ဘီလျံအနက်မှ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း မေလအတွင်းကထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

 

သံမဏိဒုံးခွင်းဒုံးကာကွယ်ရေးစနစ်ကို အစ္စရေးနိုင်ငံအခြေစိုက် ရာဖေးခေတ်မီကာကွယ်ရေးလက်နက်စနစ် (Rafael Advanced Defense Systems) က ထုတ်လုပ်ခြင်းဖြစ်ပြီး အမေရိကန်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော ရေသီယွန်ကုမ္ပဏီက ၂၀၁၄ ခုနှစ်တွင် အစ္စရေးရာဖေးကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း Bloomberg ကုမ္ပဏီကပြောသည်။

 

၂၀၁၉ ခုနှစ်က ကွန်ဂရက်လွှတ်တော်က National Defense Authorization Act ဥပဒေကိုပြဋ္ဌာန်းလိုက်ပြီး ယင်းဥပဒေအရ ၂၀၂၁ ခုနှစ် မကုန်မီ စစ်နယ်ဝန်းတစ်ခုတွင် ယင်းလက်နက်စနစ်ကို တပ်ဖြန့်ချထားရမည်ဖြစ် ကြောင်း ကိုးလ်ချော့ပ်က ပြောသည်။

 

ရန်သူ့ဒုံးကျည်များ၊ ရော့ကက်များ၊ မောင်းသူမဲ့လေယာဉ်များနှင့် စိန်ပြောင်းကျည်များ ခြိမ်းခြောက်မှုမှကာကွယ် ရန် အမေရိကန်ကြည်းတပ်က ရေရှည်ဖြေရှင်းနည်းတစ်ခုကို မဖော်ထုတ်နိုင်သေးမီ ကြားကာလအရန်အတားအ ဖြစ် သံမဏိဒုံးခွင်းဒုံးကာကွယ်ရေးစနစ်နှစ်စုံကို ဝယ်ယူရန် ကွန်ဂရက်လွှတ်တော်ကခွင့်ပြုခဲ့သည်။

 

Ref: US Army is testing Israel’s Iron Dome missile-defense system on Guam

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: US Army is testing Israel’s Iron Dome missile-defense system on Guam

 

#PeopleMedia


Share this post