• Follow Us on

Home အမေရိကန်ကြည်းတပ်က M1129 Stryker စိန်ပြောင်းတင်သံချပ်ကာကားတွေနဲ့ ထိုင်းကို မိတ်ဆက်ပေး

အမေရိကန်ကြည်းတပ်က M1129 Stryker စိန်ပြောင်းတင်သံချပ်ကာကားတွေနဲ့ ထိုင်းကို မိတ်ဆက်ပေး

Share this post

နိုင်ငံတကာ၊ မတ် ၉

 

ထိုင်းနိုင်ငံမှာ အင်ဒို-ပစိဖိတ်စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း အမေရိကန်ကြည်းတပ်က အမေရိကန်နိုင်ငံ ထုတ် M1129 Stryker စိန်ပြောင်းတင်သံချပ်ကာကားတွေနဲ့ တော်ဝင်ထိုင်းကြည်းတပ်ကို မိတ်ဆက်ပေးခဲ့ ကြောင်း သိရပါတယ်။

 

M1129 Stryker စိန်ပြောင်းတင်သံချပ်ကာကားတွေဟာ ပြည်ပနိုင်ငံကို ပထမဦးဆုံးမိတ်ဆက်ပေးခဲ့တဲ့ ရွှေ့ လျားစိန်ပြောင်းတင်ကားတွေဖြစ်ပြီး ထိုင်းနိုင်ငံက အဲဒီစိန်ပြောင်းတင်သံချပ်ကာကားတွေကို အနာဂတ်မှာ အ သုံးပြုနိုင်ဖို့ နိုင်ငံတွင်းမှာ လေ့ကျင့်ရေးသင်တန်းတွေကို လက်ခံကျင်းပခဲ့ပါတယ်။

 

အမေရိကန်ကြည်းတပ်က ကျွမ်းကျင်သူတွေက လက်နက်ပြုပြင်ထိန်းသိမ်းနည်းတွေ၊ စိန်ပြောင်းစနစ်မြှင့်တင်ဖို့ အတွက် ပြင်ဆင်ခြင်း၊ စိန်ပြောင်းဖြုတ်တပ်ခြင်းနဲ့ ကျည်စစ်ကျည်မှန်များနဲ့ ပစ်ခတ်လေ့ကျင့်ခြင်းတွေကို သရုပ် ပြ ဆောင်ရွက်ခဲ့ကြပါတယ်။

 

“တိုက်ခိုက်ရေးစွမ်းရည်နဲ့ စစ်ဆင်ရေးထိုးဖောက်နိုင်စွမ်းကို အဆင့်မြှင့်တင်ထားတဲ့ သံချပ်ကာကားသစ်ကို မိတ် ဆက်ပေးလိုက်ခြင်းအားဖြင့် အမှတ် ၁၁၂ စိန်ပြောင်းတင်သံချပ်ကာကားတပ်ရင်းကို ဖွဲ့စည်းဖိုနေတာဟာ တော် ဝင်ထိုင်းကြည်းတပ်ရဲ့ လက်ရှိဖွွံှ့ဖြိုးတိုးတက်မှုနဲ့ အဆင့်မြှင့်တင်မှုကို ဦးဆောင်နေတာဖြစ်ပါတယ်။” လို့ အမှတ် ၄ တပ်ရင်းက ဗိုလ်မှူးကတ်ဘီလော့ဟ်လာဗက်က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

 

တော်ဝင်ထိုင်းကြည်းတပ်အနေနဲ့ M1120 Strykers စိန်ပြောင်းတင်သံချပ်ကာကားတွေကို မဖွဲ့စည်းရသေးပေမဲ့ အဲဒီသံချပ်ကာကားတွေကို သိပ်မကြာခင်ကာလအတွင်းမှာ စတင်လက်ခံရရှိဖို့ အစီအစဉ်ရေးဆွဲထားပြီးသားဖြစ် ကြောင်း ၎င်းက ရှင်းပြပါတယ်။

 

အမေရိကန်နဲ့ ထိုင်း စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်အထောက်အကူပြုနိုင်ရေးအတွက် နိုင် ငံစုံစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

နှစ်ပတ်ကြာစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ပြီးတဲ့အချိန်မှာတော့ စစ်ရေးလေ့ကျင့်မှုမှာပါဝင်ကြတဲ့ နှစ်နိုင်ငံစလုံးက စစ်သည်တွေကို Strykers စိန်ပြောင်းတင်သံချပ်ကာကားခေါင်းဆောင် တပ်သားကြီး (Private first class – PFC) ချာလီးစ်ဖဲဘားရန်းက ချီးကျူးပြောဆိုလိုက်ပါတယ်။

 

စစ်ရေးလေ့ကျင့်မှုအတွင်းမှာ နှစ်နိုင်ငံစလုံးက သင်တန်းသားတွေအားလုံးဟာ လက်နက်နည်းစနစ်သစ်တွေကို မှတ်သားနာယူနိုင်စွမ်း၊ သင်ယူနိုင်စွမ်းရှိပြီး တကယ့်တိုက်ပွဲဖြစ်စဉ်လို လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

 

Ref: US Army Introduces M1129 Stryker Mortar Carriers to Thailand

 

#PeopleMedia

 

(unicode)


…………………………………….

 


 


 


 


 


 


 


 


 


 

Ref: US Army Introduces M1129 Stryker Mortar Carriers to Thailand

 

#PeopleMedia


Share this post